Sunday, April 28, 2013

ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး Master Plan ရေးဆွဲမည်

Sunday, April 28, 2013

မြန်မာနိုင်ငံ၏ အကြီးဆုံး ဆေးရုံကြီး ဖြစ်သော ခုတင် ၁၅၀၀ ဆံ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ အဆင့်မြှင့်တင်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများ အတွက် အချိန် သုံးလကြာ Master Plan ရေးဆွဲရန်ရှိကြောင်း အဆိုပါ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ကျော်က The Voice သို့ပြောကြားသည်။"အဆင့်မြှင့်တင်ရေး ကော်မတီက ဆွဲမလား၊ နိုင်ငံခြားက ပညာရှင်တွေ ဆွဲမလားဆိုတာ မသိသေးဘူး" ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

ယင်းသို့ Master Plan ရေးဆွဲပြီးမှသာ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ် များကို ဦးစားပေးအလိုက် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း ၄င်း၏ပြောကြား ချက်များအရ သိရသည်။ ထို့အပြင် အဆင့်မြှင့်တင်ရေး အတွက် ဗြိတိန်နိုင်ငံက နည်းပညာပိုင်းဆိုင်ရာ နှင့် ငွေကြေးပိုင်းဆိုင်ရာ ကူညီ မည်ဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေး ဝန်ကြီးဟောင်း Lord Darzi ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၉ ရက်နေ့က လာရောက်စဉ် ပြောကြားခဲ့သည်။

နိုင်ငံတော်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင် ရေးနှင့် ပြုပြင်ရေးအတွက် ကျပ်ငါးဘီလီယံ ချထားပေးပြီးကြောင်းနှင့် ဘဏ္ဍာနှစ် အလိုက် ဆက်လက်ချထား ပေးသွားရန်လည်း ရှိကြောင်း ဒေါက်တာကျော်ကျော်က ပြောဆိုသည်။

လက်ရှိ အဆင့်မြှင့်တင်ရေးလုပ်ငန်း တစ်ခုဖြစ်သော ရန်ကုန်ပြည်သူ့ဆေးရုံ တိုးချဲ့အဆောက်အအုံ ဆောက်လုပ်ခြင်း ကို ဆောက်လုပ်ရေးကုမ္ပဏီ လေးခုက တည်ဆောက်လျက် ရှိသည်။


No comments:

Post a Comment