ဧပြီ ၁၄၊ ၂၀၁၃
M-Media
ဘားအံ ။ ။ ကရင်ပြည်နယ် ဘားအံမြို့နယ် မိဇံကျေးရွာရှိ မွတ်စလင်မ် သုဿာန်အတွင်းသို့ ယခု ဧပြီ ၁၀-ရက်နေ့က ကျူးကျော်ဝင်ရောက်ပြီး ကျွန်းပင်များကို ခိုးဖြတ်ယူသွားကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား မိဇံကျေးရွာသို့ ဆက်သွယ် စုံစမ်းရာ ကရင်ပြည်နယ် ဘားအံမြို့နယ် မိဇံကျေးရွာတွင် အစ္စလာမ်ဘာသာဝင်များ၏ သုဿာန်မြေအတွင်းသို့ ၎င်းကျေးရွာနေ ဦးဘို၊ ဦးမောင်အောင်နှင့် ဦးအကျင်ဆိုသူတို့မှ ခေါင်းဆောင်ပြီး ၀င်ရောက်ခဲ့ကြသည်။ ယင်း သုဿာန်မြေသည် တောရွာ ဓလေ့စရိုက်ဖြစ်သောကြောင့်
ခြံဝင်းကာရံထားခြင်း မရှိသောကြောင့် အလွယ်တကူ ၀င်ရောက်ခဲ့ကြသည်။ ယင်းသို့
ဝင်ရောက်ပြီးနောက် သုဿာန်အတွင်း စိုက်ပျိုးထားသော ကျွန်းပင်များအနက်
၂-ပင်ကို သစ်ပင်ဖြတ်စက်ဖြင့် ဖြတ်တောက် ယူငင်သွားခဲ့ကြသည်။ အဆိုပါ
ကျွန်းပင်သည် တန်ချိန်အားဖြင့် ၂-ပင်ပေါင်းလျှင် တန်ချိန် ၁-တန်ခန့်
ရှိသည်ဟုလည်း သိရသည်။ ယင်းကဲ့သို့ သုဿာန်မြေအတွင်း ကျူးကျော်ဝင်ရောက်ပြီး
ကျွန်းပင်များကို ခိုးယူခဲ့ကြသည့် သူများအား တာဝန်ရှိသူများမှ မည်သို့မှ
အရေးယူမှု မရှိသေးကြောင်း သိရသည်။
M-Media
ဘားအံ ။ ။ ကရင်ပြည်နယ် ဘားအံမြို့နယ် မိဇံကျေးရွာရှိ မွတ်စလင်မ် သုဿာန်အတွင်းသို့ ယခု ဧပြီ ၁၀-ရက်နေ့က ကျူးကျော်ဝင်ရောက်ပြီး ကျွန်းပင်များကို ခိုးဖြတ်ယူသွားကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်အား မိဇံကျေးရွာသို့ ဆက်သွယ် စုံစမ်းရာ ကရင်ပြည်နယ် ဘားအံမြို့နယ် မိဇံကျေးရွာတွင် အစ္စလာမ်ဘာသာဝင်များ၏ သုဿာန်မြေအတွင်းသို့ ၎င်းကျေးရွာနေ ဦးဘို၊ ဦးမောင်အောင်နှင့် ဦးအကျင်ဆိုသူတို့မှ ခေါင်းဆောင်ပြီး ၀င်ရောက်ခဲ့ကြသည်။ ယင်း သုဿာန်မြေသည် တောရွာ ဓလေ့စရိုက်ဖြစ်သောကြောင့်
No comments:
Post a Comment