Monday, April 22, 2013

ဒုံးကျည်ပစ်စင် နှစ်ခုကို မြောက်ကိုရီးယား နေရာရွှေ့ပြောင်း

Monday ,April22 ,2013

ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ပြုလုပ်ဖွယ် ရှိသည့် နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းသို့ မြောက်ကိုရီးယား စစ်တပ်က ပစ်စင်နှစ်ခုကို ဧပြီ ၂၀ ရက်တွင် နေရာရွှေ့ပြောင်း ချထားလိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်အီဆွန်း၏ မွေးနေ့ဖြစ်သည့် ဧပြီ ၁၅ ရက်တွင် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ဖွယ် ရှိကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်ခဲ့သော်လည်း လုပ်ဆောင်ခဲ့ခြင်း မရှိပေ။

ဧပြီဆန်းပိုင်းက မြောက်ကိုရီးယား စစ်တပ်သည် စကပ်ဒ်ဒုံးကျည်များ ပစ်လွှတ်ရန ဖြစ်နိုင်သည့် ပစ်စင်နှစ်ခုကို နိုင်ငံအရှေ့မြောက်ဘက် ဟန်ယွန်းခရိုင် တောင်ဘက်တွင် ချထားခဲ့ကြောင်း တောင် ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။

ယခင်ကလည်း မြောက်ကိုရီးယားနိုင်ငံသည် အရှေ့ပင်လယ် (ဂျပန်ပင်လယ်)ကို မျက်နှာမူလျက်ရှိသည့် ကမ်းရိုးတန်းတွင် ဒုံးကျည်ပစ်စင် ခုနစ်ခုကို ချထားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဧပြီလ ၂၅ ရက်နေ့သည် မြောက်ကိုရီးယားစစ်တပ် ဖွဲ့စည်းထူထောင်သည့် နေ့ဖြစ်သောကြောင့် အဆိုပါနေ့တွင် ဒုံးကျည်စမ်းသပ်မှုပြုလုပ်ဖွယ် ရှိကြောင်း တောင်ကိုရီးယား စစ်ဘက် အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။

Ref:AFP

No comments:

Post a Comment