Wednesday, April 17, 2013

မဟီဒေါလ် သက်သေ

မဟာမင်းခန့်

၂၀၁၃ ခု မတ်လ ၉ ရက် နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟီဒေါလ် တက္ကသိုလ် မှာ မြန် မာ နိုင်ငံက ရ ခိုင် လူမျိုး ဒေါက်တာ အေးချမ်း ဦးဆောင်ပြီး ရခိုင် သမိုင်းသစ် တစ်ခုကို ကမ္ဘာကို တင်ပြ နိုင်ဖို့ ကြိုးစားမှု တစ်ရပ် ပေါ်ပေါက် ခဲ့ပါတယ်။ မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ လူမျိုး ဆိုတာ မရှိကြောင်း နိုင်ငံခြားက အခြား သမိုင်း ဆရာ နှစ်ယောက်နဲ့ အတူ သက်သေ ထားပြီး၊ သမိုင်းသစ် တစ်ခုကို ကမ္ဘာ့ သမိုင်း စာမျက်နှာမှာ မှတ်တမ်း တင်ဖို့ ရည်ရွယ် ပြုလုပ် ရခြင်း ဖြစ်တယ်လို့ ကျင်းပ သူတွေရဲ့ ရည်ရွယ် ချက်ထဲမှာ တရား ၀င် ဖော်ပြ ထား တာ တွေ့ရ ပါတယ်။ ဘန်ကောက်မြို့ ချော်လာ လန်ကူရ် တက္ကသိုလ်မှာ ရခိုင် လူ မျိုး ဒေါက် တာ အေးချမ်း ဦးဆောင်ပြီး ရခိုင် သမိုင်း ဆိုင်ရာ အခမ်း အနား တစ်ခု ပြုလုပ် မည်ဖြစ်ကြောင်း၊ ထိုအခမ်း အနားတွင် ကမ္ဘာ့ မီဒီယာ များအပြင် မြန်မာ ပြည်တွင်းမီဒီယာများ၊ မြန်မာ့ နိုင်ငံရေး ခေါင်းဆောင် များ ၊ NLD ပါတီမှ ပုဂ္ဂိုလ်များ၊ ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင်များ၊ ရခိုင် လူ မျိုး ပါတီ နှစ်ခုမှ ခေါင်းဆောင်များ စသည့်ဖြင့် မြန်မာ့
အထင် ကရ နိုင်ငံရေး ခေါင်းဆောင် များကို ဖိတ် ကြား ထားကြောင်း၊ ထိုအခမ်း အနား၌ မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာ ဆိုသော လူမျိုး မရှိကြောင်း၊ ကမ္ဘာ့ မီဒီ ယာ ရှေ့မှောက်တွင် ရှင်းလင်း တင်ပြပြီး၊ ကမ္ဘာ့ တက္ကသိုလ်များ၊ စာကြည့် တိုက်များတွင် သမိုင်း မှတ်တမ်း တင်ထားနိုင် အောင် ပြုလုပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံ ထဲမှာ ထုတ်တဲ့ ဂျာ နယ် တော်တော် များများမှာ အခမ်း အနား မကျင်းပခင် ကတည်းက ကြိုတင် ကြေညာ ထားတာကို ဖတ်ရှု လိုက်ရ ပါတယ်။ စိတ်ဝင်စား စရာ ကောင်းလို့ ၎င်းအခမ်း အနား ကျင်းပ မှာကို စောင့်ကြည့် သတင်းယူ လိုက်ပါတယ်။

ဟုတ်ကဲ့၊ တကယ့်ကို စိတ်ဝင်စား စရာ ကောင်းပါတယ်။ ၎င်းအခမ်း အနား ကျင်းပတဲ့ အခါ မြန်မာ နိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာ လို့ မိမိတို့ ကိုယ်မိမိတို့ ခံယူ ထားတဲ့ ရိုဟင်ဂျာ လူမျိုး တွေကို လုံးဝ ဖိတ်ကြား ထားခြင်း၊ သတင်းပို့ ခြင်းတောင် မရှိပါဘူး။ ဒီကတည်းက ဘယ်လောက်ထိ ရိုးသားမှု မရှိဘူး ဆိုတာ စာဖတ် သူများ စဉ်းစား ကြည့်ပါ။ ဒီမိုကရေစီ ဘက်တော် သားလို့ သူ့ကိုယ် သူကြေညာ ခဲ့တဲ့၊ သမိုင်း ဆရာ တစ်ယောက် ပါလို့ သူ့ကိုယ်သူ ဂုဏ်ယူ ၀င့်ကြွား နေတဲ့ လူတစ်ယောက် ရဲ့လုပ်ရပ်ပါ။ ဒါပေမဲ့ ရိုဟင်ဂျာ အချို့ဟာ အစည်း အဝေး ကျင်းပမယ်လို့ ပြောတဲ့ ဘန်ကောက် ကိုသွားပြီး၊ အစည်း အဝေး တက်ခွင့် ရအောင်တော့ စွမ်းဆောင် နိုင်ခဲ့ တယ်လို့ ပြောနိုင် ပါတယ်။ သတင်း အတိ အကျ ယူကြည့်တော့ နံပါတ် ၁ လွှဲချော် ချက်က ကမ္ဘာသိ ချော်လာ လန်ကူရ် တက္ကသိုလ် မဟုတ်ပဲ လူသိ နည်းတဲ့ မဟီဒေါလ် တက္ကသိုလ် ဖြစ်နေ တာပါပဲ။ နံပါတ် ၂ လွှဲချော်ချက် ကတော့ ကမ္ဘာ့ မီဒီယာ မပြောပါနဲ့ ဘန်ကောက်က မီဒီယာ ပေါက် စန တွေတောင် မမြင်လိုက် ရတာပါတဲ့။ နံပါတ် ၃ လွှဲချော်ချက် ကတော့ မြန်မာ နိုင်ငံထဲက ရခိုင် လူမျိုး ပါတီ နှစ်ခုက ခေါင်းဆောင် နှစ်ယောက် ဖြစ်တဲ့ ဦးအေးမောင်နဲ့ ဦးအေးသာအောင် တို့ကလွှဲ၍ အခြား မည်သည့် အဖွဲ့အစည်း၊ ဘယ်ပါတီ ကမှ ဘယ်သူမှမတွေ့ ရခြင်း ပါပဲ။ ရခိုင် လူငယ် တွေကို ကျေးဇူးတင် ၀မ်းသာ ရတာက အစည်း အဝေးကို တက်ရောက်ဖို့ အတွက် ပြည်တွင်းမှ ရိုဟင်ဂျာ သုံးဦးနဲ့ အမေရိ ကန် နိုင်ငံမှ ရိုဟင်ဂျာ အရေး ဆောင်ရွက် နေသူ ကိုဌေးလွင်ဦး တို့ကို ခွင့်ပေး လိုက်တဲ့ အတွက်ပါ။

မဟီဒေါလ် တက္ကသိုလ်မှာ ကျင်းပတဲ့ ရခိုင်တို့ရဲ့ သမိုင်း သစ်ကို ရေးတဲ့ ဗီဒီယို မှတ်တမ်းကို ယုံကြည် စိတ်ချ ရတဲ့ သူငယ်ချင်း တစ်ယောက် ဆီက ရပြီး ကြည့်လိုက် ရပါတယ်။ အတော့ကို စိတ်ဝင်စား စရာ ကောင်းလှ ပါတယ်။ ခန်းမ ထဲမှာ ပရိသတ် ၁၀၀ နီးပါးခန့် တက်ရောက် နေတာ ကိုတွေ့ လိုက်ရ ပါတယ်။ သူငယ်ချင်းရဲ့ အပြော အရ အားလုံး ရခိုင် လူငယ်တွေ၊ ရှေ့ဆုံး မှာတော့ ဦးအေးမောင်နဲ့ ဦးအေးသာအောင်တို့ အခန့်သား ထိုင်နေတာ ကိုတော့ တွေ့လိုက် ရပါတယ်။ နိုင်ငံခြား သားဆိုလို့ သူ့ ကိုယ်သူ ရခိုင် သမိုင်း သုတေသီလို့ ခံယူ ထားတဲ့ ဂျက်ပီ လိုင်ဒါနဲ့ နယ်သာလန် နိုင်ငံသား သမိုင်း စာတမ်း ပြုစု သူလို့ ပြောတဲ့ စတီဗင် ဆိုတဲ့ လူနှစ်ယောက် အပြင် ထိုင်းနိုင်ငံသား တောင် မတွေ့ ရဘူးလို့ ဆိုပါတယ်။ ကမ္ဘာ့ သမိုင်း စာမျက်နှာ ပေါ်မှာ မှတ်တမ်း တင်မဲ့ ရှိပြီးသား သမိုင်း စာမျက်နှာ တွေကို ဖျက်ပြီး၊ သမိုင်းသစ် ဖန် တီး နေ တဲ့ တစ်ဖက်သတ် ကျင်းပတဲ့ အစည်း အဝေး ခန်းမ တစ်ခုရဲ့ အနေ အထားကို တွေ့လိုက် ရတာပါ။

အစည်း အဝေး စစချင်း မှာတော့ ပါမောက္ခ ဂျက်ပီ လိုင်ဒါက မြန်မာ ဘုရင် ဘိုးတော် ဘုရားက အာရ် ကန် ပြည်ကို သိမ်းပိုက်ပြီး၊ အာရ်ကာ နီးစ် တွေကို နှိပ်စက် ခဲ့တာ တွေကို အာရ်ကန် ပြည်ကို ဖျက်ဆီး ခဲ့တာတွေ၊ အာရ်ကန် ပြည်ရဲ့ ယဉ်ကျေးမှု အမွေ အနှစ် တွေကို ဖျက်ဆီး ခဲ့တာတွေ၊ နောက်ဆုံး မဟာမြတ် မုနိဘုရားကို မြန်မာ ပြည်မသို့ ယူဆောင် သွားခဲ့တာ တွေကို အကျယ် တ၀င့် ရှင်းလင်း တင်ပြ ခဲ့တာ ကို တွေ့မြင် လိုက်ရ ပါတယ်။ အဲဒီ နောက်မှာ တော့ နယ်သာလန်က စတီဗင်ဆိုသူက ၁၅ ရာစု၊ ၁၆ ရာ စု မြောက်ဦး ခေတ်က အာရ်ကန် ပြည်သူ တွေနဲ့ အနောက် နိုင်ငံ ရေကြောင်းသွား ကုန်သည် တွေရဲ့ ဆက်ဆံ ရေးကို အကျယ် တ၀င့် ရှင်းလင်း တင်ပြ ထားတာ တွေ့လိုက် ရပါတယ်။ အဲဒါ တွေကတော့ အစည်း အဝေးရဲ့ အဓိက အချက် တွေမဟုတ်ဘူးလို့ ထင်ပါတယ်။ အစည်း အဝေးကို လူငှားပြီး တန်ဆာ ဆင်လိုက်တဲ့ သဘောလို့ ထင်လိုက် ရပါတယ်။

အဲ! နောက်ဆုံး မှာတော့ လာပါပြီ၊ မင်းသားကြီး။ သူ့ကိုယ်သူ “ဟဲ့စ်တိုး ရီးယန်း” (hesstorian) (ဟိစ်တိုး ရီးယန်း historian မဟုတ်ပါ) လို့ပြောတဲ့ သမိုင်း ဆရာ ဒေါက်တာ အေးချမ်းပါပဲ။ ပထမဆုံး ပြောချင် တာက သူ့ရဲ့ စင်ပေါ်က အပြော အဆို၊ အမူ အရာကို ကြည့်ပြီး၊ တစ်ခုခု လွဲနေ သလို ခံစား ရမိ ပါတယ်။ ထားပါ တော့လေ၊ ဒါစာရေးသူ ရဲ့ခံစား ချက်ပါ။ သူအဓိက မီးမောင်း ထိုးတဲ့ ပထမ အချက် ကတော့ ၂၀၁၂ ခုနှစ်က ဖြစ်ပေါ် ခဲ့တဲ့ အုပ်စုဖွဲ့ လုယက် သတ်ဖြတ် အကြမ်း ဖက်မှု ကြီးဟာ ၁၉၄၂ ခုနှစ် လူသတ် ပွဲရဲ့ အဆက် ဆိုတဲ့ အချက်ပါပဲ။ ၁၉၄၂ ခုနှစ်က ဘင်္ဂလီ တွေဟာ ရခိုင် လူမျိုးတို့ ရွာတွေ၊ အိုးအိမ် တွေကို ဖျက်ဆီး ခဲ့တယ်၊ ရခိုင် လူမျိုး အမျိုး သမီး တွေကို မုဒိန်းကျင့် ခဲ့တယ်။ ရခိုင် ကလေး သူငယ် တွေ ကို နှိပ်စက် ခဲ့တယ်၊ ဗုဒ္ဓ ဘာသာ အဆောက် အအုံ များစွာကို ဖျက်ဆီး ခဲ့တယ်တဲ့။ (အဲဒါတွေ အားလုံး ဟာ ရခိုင် တွေပြောတဲ့ ပါးစပ် ရာဇ၀င်ပဲ ဖြစ်ပြီး၊ မည်သည့် အထောက် အထား တစ်စုံ တစ်ရာမှ မရှိပါ။ အာရ်ကန် ပြည်တောင်ပိုင်း တွင်နေ ခဲ့သော ရိုဟင်ဂျာ များအားလုံး မျိုးတုန်းပျောက် ကွယ်သွားအောင် ၁၉၄၂ ခုနှစ်က ရခိုင် လူမျိုး တွေက သတ်ဖြတ် ခဲ့ကြ တယ်လို့ ရိုဟင်ဂျာ တွေကလည်း ပြောနေ ကြတာကို ဒေါက်တာ အေးချမ်းတို့ ဘယ်လို တုန့်ပြန် မလဲ။)

ဒီနေရာမှာ စာရေး သူတို့ မြန်မာ တစ်ပြည် လုံးနဲ့ တကမ္ဘာ လုံးက (မြန်မာ မီဒီယာ တွေ ရဲ့ ကျေး ဇူး တော် အရ) သိထား တာက ရခိုင် အမျိုးသမီး မသီတာထွေးကို မွတ်ဆလင် လူငယ် သုံးယောက် က မုဒိန်းကျင့် သတ်ဖြတ် မှုကြောင့် မကျေနပ် နိုင်တဲ့ ရခိုင် လူမျိုး တောင်ကုတ်သား ၃၀၀ ကျော် ခန့်က မြန်မာ ပြည်မမှ မွတ်စလင် ခရီးသွား ၁၀ ယောက်ကို နေ့ခင်း ကြောင်တောင် ကားပေါ် ကဆွဲချ ရက်ရက် စက်စက် သတ်ဖြတ် ရာက နေစပြီး ၂၀၁၂ ခုနှစ် အကြမ်းဖက် သတ်ဖြတ်မှု ကြီးပေါ်လာ တယ်လို့ပါ။ ဒေါက် တာ အေးချမ်း ကတော့ ၁၉၄၂ ခုနှစ်ရဲ့ အဆက် ပါတဲ့။ ၁၉၄၂ ခုနှစ်မှာ မလုပ် လိုက်ရတဲ့ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ် မှုကြီးကို ဒေါက်တာ အေးချမ်းတို့ အုပ်စုက ယခု တစ်ဖန် ပြန်လည် လှုပ်ရှား လိုက် တာ ပါပဲ။ နောက်တရားခံ နှစ်ယောက်က ရှေ့ဆုံးမှာ ထိုင်နေ လေရဲ့။ ဘင်္ဂလီတွေက ကိုယ့်အိမ် ကိုယ် မီးရှို့တယ်လို့ အရှက် မရှိ ဗြောင်လိမ် ညာတဲ့ ၂၀၁၂ ခုနှစ် လူမျိုးတုန်း သတ်ဖြတ် မှုကို ဦးဆောင် ဖန် တီး ပေး ခဲ့တဲ့ လူကြီး နှစ်ယောက်လေ။ သေချာတာ ကတော့ ၂၀၁၂ ခုနှစ် အကြမ်းဖက် မီးရှို့၊ လုယက်၊ လူမျိုးတုန်း သတ်ဖြတ် မှုကြီးဟာ ဂျပန် နိုင်ငံ ထဲက ရခိုင် လူမျိုး ခေါင်းဆောင် ဆိုသူနဲ့ ပြည်တွင်း ထဲက ရခိုင် လူမျိုး ခေါင်းဆောင် တွေဖြစ်တဲ့ ဦးအေးမောင်၊ ဦးအေးသာအောင်တို့ရဲ့ စည်းကိုက် ၀ါးကိုက် လှုပ်ရှားမှု ဆိုတာ ပါပဲ။ ထိုသူတို့ မေ့နေ တာလား၊ တမင် မေ့ဟန် ဆောင်ပြီး ငါတို့ လုပ်ချင် တာလုပ် လို့ရမယ်လို့ ထင်နေတာ လားမသိ၊ သတိပေး လိုက်ချင် တာက ဒါဟာ ၂၁ ရာစု သတင်း ခေတ် ကြီး ပါ။ ဗြောင်လိမ်ညာ မှုတွေ ဘာမှ အရာ မထင် ပါဘူး။

ဒေါက်တာ အေးချမ်းက ရှင်းရှင်း လင်းလင်း ပြောလိုက်တာ တစ်ခုက မြန်မာ ပြည်မှာ ရိုဟင်ဂျာ ဆိုတာ မရှိဘူးတဲ့။ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို ၁၉၅၀ ခုနှစ် ၀န်းကျင် ပါလီမန် ခေတ်က မစ္စတာ အဒုလ် ဂဖ္ဖါရ်က တီထွင် လိုက်တဲ့ စကားလုံး ပါတဲ့။ ဒါကလည်း ဓါတ်ပြား ဟောင်းကြီး ပါပဲ။ ` ရခိုင် ပြည်မှာ ရိုဟင်ဂျာ ဆို တာ မရှိဘူး၊ အင်္ဂလိပ် အစိုးရက ခေါ်လာတဲ့ လယ်ကူလီ တွေ မပြန်ပဲ အတည် တကျ နေထိုင် နေတာ။ လွတ်လပ်ရေး ရတော့ ပါလီမန် ဒီမိုကရေစီ ခေတ်မှာ လယ်ကူလီ ဘင်္ဂလီ တွေကို မစ္စတာ အဒူလ် ဂဖ္ဖါရ် တို့က ရိုဟင်ဂျာ လူမျိုး ဆိုပြီး ထွင်လိုက်တာ။ -------´ စသည်ဖြင့် ဒေါက်တာ အေးချမ်းက အသစ် အဆန်း မဟုတ်တဲ့ သမိုင်းလိမ် တွေကို လိမ်ပြီးရင်း ထပ်လိမ် နေတာ ကတော့ တကယ့် သူရဲကောင်း ကြီးအတိုင်း ပါပဲ။ ဘာမှစိတ် ၀င်စားစရာ မကောင်း ပါဘူး။ (ဒီနေရာမှာ စာရေးသူ အနေနဲ့ မေးခွင့် ရခဲ့ရင် မေးချင် တာက ၁၉၅၀ ခုနှစ် ၀န်းကျင်မှာ မစ္စတာ အဒူလ် ဂဖ္ဖါရ်တို့ ရိုဟင်ဂျာ ဆိုတဲ့ နာမည်ကို တီထွင် လိုက်တယ် ဆိုရင် အဲဒီ အချိန် တုန်းက ဒေါက်တာ အေးချမ်းတို့ ရခိုင် လူမျိုး ပါလီမန် အမတ် တွေက ဘာကြောင့် မကန့်ကွက် ခဲ့သလဲ။ အဲဒီ တုန်းက ဘာသံမှ ဘာဖြစ်လို့ မဖြစ်ပေါ် ခဲ့သလဲ။)

စိတ်ဝင်စား စရာကောင်းတာက အမေး အဖြေ ကဏ္ဍပါ။ အမေး အဖြေ ကဏ္ဍကို မြင်လိုက် ရတာက ထူးဆန်း တယ်လို့ ပြောရ ပါမယ်။ စကား ပြောခွက် မိုက်နဲ့ မေးရတာ မဟုတ်ပဲ စာရွက် တွေနဲ့ ရေးပြီး မေးရ တာပါ။ သူဖြေချင်တဲ့ မေးခွန်း ကိုပဲ ရွေးပြီး ဖြေမဲ့ သဘောလို့ ထင်ပါတယ်။ ပညာရှင် ပီသ ပါပေတယ်။ တစ်ဦး နှစ်ဦးရဲ့ မေးခွန်း တစ်ခု နှစ်ခု လောက် ဖြေပြီးတဲ့ အခါမှာ ရိုဟင်ဂျာ အရေး လှုပ်ရှားသူ ကိုဌေးလွင်ဦး ရဲ့ မေးခွန်း ကိုတွေ့တော့ ကိုဌေးလွင်ဦးက အရင် ကလည်း ဒေါက်တာ အေးချမ်းနဲ့ ရိုဟင်ဂျာ ရှိ/မရှိ ဆိုတဲ့ စ ကား စစ်ထိုးပွဲကို ပြုလုပ်ဖို့ စိန်ခေါ် ထားတာ ရှိတဲ့ အတွက် ကြောင့်ပဲ ထင်ပါတယ်။ ကိုဌေးလွင်ဦးကို မိုက် ခွက် ပေးပြီး အချေအတင် ပြောဆို တာကို အံ့သြစွာ တွေ့မြင် လိုက်ရ ပါတယ်။

ကိုဌေးလွင်ဦးက ရိုဟင်ဂျာ ဆိုတာ ရှိတဲ့ အကြောင်း၊ သူ့မှာ အထောက် အထား စာအုပ် စာတမ်း များစွာ ရှိကြောင်း၊ ၎င်းတို့ကို ရိုဟင်ဂျာ လည်းမဟုတ်၊ မွတ်ဆလင် လည်းမဟုတ်တဲ့ အနောက် နိုင်ငံသား တွေ ကသာ ရေးထားကြောင်း၊ Dr. Francis Buchannan ဆိုတဲ့ လူဟာ ရိုဗင်ဂ ဆိုတဲ့ အာရ်ကန်မှာ နေတဲ့ လူမျိုး တစ်မျိုး စကား ပြောတဲ့ ဝေါဟာရ အချို့ကို ပြုစု ထားတဲ့ စာအုပ် တစ်အုပ်ကို ရေးသား ခဲ့ကြောင်း၊ ၎င်း စာအုပ်ကို ၁၇၉၉ တွင် ရေးသား ခဲ့ကြောင်း ပြောဆိုတာကို မြင်ကြား လိုက်ရ ပါတယ်။ အဲဒီ အခါမှာ ၎င်း စာအုပ်ကို သူ့ထံ ယူဆောင် ပြရန် ပြောတော့ ကိုဌေးလွင်ဦးက စာအုပ်ကို သူရှိရာ စင်နားကို သွားပေး တာကို တွေ့လိုက် ရပါတယ်။ ဒေါက်တာ အေးချမ်းက စာအုပ် ကိုယူပြီး ချက်ချင်းပဲ မင်းမှာ ဒီနေရာ လာဖို့ အခွင့် မရှိဘူး ပြန်သွား ဆိုပြီး ကတိုက် ကရိုက် နှင်ထုတ် လိုက်တာကို တွေ့လိုက် ရပါတယ်။ ဒေါက် တာ အေးချမ်း ကတော့ ကြောက်သွား တာလား၊ အထောက် အထား မပြနိုင် ဘူးလို့ ထင်ထား ခဲ့တာမှာ လူဘုံ အလယ်မှာ အထောက် အထားပြ လိုက်တာကို မလုံမလဲ ဖြစ်သွား တာလားတော့ မပြော တတ်ပါ။ စာဖတ် သူများ စဉ်းစား ကြည့်ကြပါ။ ဒေါက်တာ အေးချမ်းဟာ တကယ်ပဲ ပညာရှင် ပီသ ပါသလား၊ တကယ်ပဲ ပါမောက္ခ တစ်ယောက်နဲ့ တူပါ သလား၊ စာဖတ် သူများ ဆုံးဖြတ် ကြပါ။

ကိုဌေးလွင်ဦးဟာ ဒေါက်တာ အေးချမ်း ငြင်းလို့ မရတဲ့ သက်သေ သမိုင်း စာအုပ်ကို ဒေါက်တာ အေးချမ်း လက်ထဲကို ထည့်လိုက်တဲ့ အခါမှာ ဒေါက်တာ အေးချမ်းဟာ ဘာပြောလိုက် သလဲ ဆိုတော့ အဲဒီ စာအုပ် မှာပြောတဲ့ ရိုဟင်ဂျာ ဆိုတာဟာ ရခိုင် လူမျိုး တွေကို ခေါ်တာ ပါတဲ့လေ။ တစ်သက်လုံး ရိုဟင်ဂျာ မရှိပါ ဘူးလို့ ကုန်းအော် နေတဲ့ သူဟာ ယခုတော့ ရိုဟင်ဂျာ ဆိုတာ ရခိုင် လူမျိုးကို ခေါ်တာလို့ ဖြစ်သွား ပါတော့ တယ်။ ဒါဟာ ရိုဟင်ဂျာ ရှိတယ် ဆိုတဲ့ သက်သေ ပဲပေါ့။ မဟီဒေါလ် တက္ကသိုလ်မှာ ရခိုင် လူမျိုး သမိုင်း ပညာရှင် တစ်ယောက်ရဲ့ နှုတ်ဖျားက ထွက်လာတဲ့ ရခိုင် ပြည်မှာ ဟိုးအရင် ကတည်းက ရိုဟင်ဂျာ ဆိုတာ ရိုခဲ့တယ်။ ရှိနေတယ် ဆိုတဲ့ သက်သေ တစ်ခု အနေနဲ့ ရလိုက် တာပါ။

ရိုဟင်ဂျာ ဆိုတာ ရခိုင် လူမျိုး တွေကို ခေါ်တာလို့ ဦးအေးချမ်းက ပြောလိုက်တော့ ကိုဌေးလွင်ဦးက ရိုဟင် ဂျာလို့ ပြောတဲ့ ရခိုင် လူမျိုး တွေဟာ နေကို ဘယ်လို ခေါ်သလဲ၊ လ ကို ဘယ်လို ခေါ်သ လဲ၊ မြေကြီး ကို ဘယ် လို ခေါ်သလဲ၊ ဒေါက်တာ အေးချမ်း ဘာမှ မဖြေ နိုင်တာကို တွေ့မြင် လိုက်ရ ပါတယ်။ Dr. Francis Buchannan စာအုပ် မှာတော့ ယခုခေတ် ရိုဟင်ဂျာ မွတ်ဆလင် တွေပြောတဲ့ နေ၊ လ၊ ကမ္ဘာ စတဲ့ အခေါ် အဝေါ်တွေနဲ့ ဝေါ်ဟာရ ကိုသာ ရေးသား ထားကြောင်း ပြောလိုက်တော့ ဒေါက်တာ အေးချမ်း သိက္ခာ ဆည် တဲ့ အနေနဲ့ မင်းရဲ့ အထောက် အထားက ဆင့်ပွား အထောက် အထား ဖြစ်တယ်။ ငါက သမိုင်း ပညာရှင် မို့လို့ အခြေခံ အချက် ဖြစ်တယ်နဲ့ ရမ်းနေ တာကို တွေ့လိုက် ရတော့ တော်တော် ရယ်ချင် သွားပါတယ်။ အဲဒါ သမိုင်း ပညာရှင် တဲ့လေ။ ၁၇၉၉ ခုနှစ်က ရေးတဲ့ ကမ္ဘာသိ စာအုပ် တစ်အုပ်ကို ဆင့်ပွား ဖြစ်တယ်လို့ ပြောရင် သူရေးတဲ့ သမိုင်း ကရော ဘာအဆင့် ရှိမလဲ။ စာရေး သူတော့ မမှန်း တတ်တော့ပါ။ သမိုင်း လိမ်ရင်း လိမ်ရင်းနဲ့ သမိုင်း မှန်ကို လူသူ ရှေ့မှာ တရားဝင် ပြလိုက်တော့ တော်တော် လန့်သွား တယ်ထင် ပါရဲ့၊ ပါမောက္ခ ဂျက်ပီ လိုက်ဒါကို သွားပြ တာကို တွေ့မြင် လိုက်ရ ပါတယ်။ ကိုဌေးလွင်ဦးက နောက်ထပ် အထောက် အထား စာအုပ် များကို ပြဖို့ ကြိုးစား ပါသေး တယ်။ ဒါပေမဲ့ အ ခမ်း အနား ကျင်းပသူ တွေက လိမ္မာ ပါးနပ် စွာနဲ့ အခမ်း အနားကို အလျင် အမြန် ပိတ် လိုက် ကြောင်းတွေ့ လိုက်ရ ပါတယ်။

ဘာပဲ ဖြစ်ဖြစ် ရိုဟင်ဂျာ မရှိပါ ဘူးလို့ ဗြောင်လိမ် နေရာ ကနေ ရိုဟင်ဂျာ ဆိုတာ ၁၇၉၉ မှာကတည်းက မှတ်တမ်း မှတ်ရာ တွေနဲ့ ရှိနေတာကို သက်သေ အထောက် အထား တွေနဲ့ ငြင်းမရ ဖြစ်ပြီး၊ ရိုဟင်ဂျာ ရှိကြောင်း၊ ဒေါက်တာ အေးချမ်းရဲ့ ပါးစပ်က ထုတ်ပြော လိုက်တာဟာ ရိုဟင်ဂျာ ထုအတွက် မဟီဒေါလ်ရဲ့ သမိုင်း သက်သေ ဖြစ်ပါတယ်။

No comments:

Post a Comment