ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် 1947ခုနှစ်၊ဇန်န၀ါရီလ 2 ရက်နေ့ တွင် လွတ်လပ်ရေးအတွက်ဆွေးနွေးရန်လန်ဒန်သို့ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်စတင်ထွက်ခွာလာခဲ့ရာ
လန်ဒန်ထိအောင်တိုက်ရိုက်မသွားဘဲ
အိန္ဒိယပြည် နယူးဒေလီမြို့တော်သို့ ၀င်နားခဲ့သေး၏။ ရည်ရွယ်ချက် ကား
ဗြိတိသျှအစိုးရနှင့် စကားမပြောမီ အိမ်နီးချင်းနိုင်ငံ အိန္ဒိယပြည်မှ
ခေါင်းဆောင်ကြီး ဂျဝါဟလာဟ်နေရူးနှင့် ရင်းရင်းနှီးနှီး ကြိုတင်တိုင်ပင်ဆွေးနွေးလိုသောေ ကြာင့်ပင်ဖြစ်သည်။
ထိုနေ့ညနေဘက်တွင် နယူးဒေလီမြို့သို့ရောက်ပြီး အိန္ဒိယခေါင်းဆောင်ကြီး မစ္စတာနေရူး၏အိမ်မှာပင် တည်းခိုခဲ့သည်။သို့နှင့်ပင် ဗိုလ်ချုပ်အောင်ဆန်းသည် 1947ခုနှစ် ဇန်န၀ါရီ 2ရက်နေ့ညမှစ၍ 6ရက်နေ့အထိ နယူးဒေလီတွင် လေးရက်ကြာနေထိုင်ကာ အိန္ဒယခေါင်းဆောင်ကြီး မစ္စတာနေရူးနှင့် နိုင်ငံရေးပြဿနာ များကိုကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးတိုင်ပင်ခဲ့သ ည်။
ဇန်န၀ါရီ 4ရက်နေ့ညဘက် ဗိုလ်ချုပ်ညဘက် ဗိုလ်ချုပ်သည် မစ္စတာနေရူးနှင့် ဆက်လက်၍ပြော ဆိုဆွေးနွေးကြပါသည်။ နေရူးသည် သူမှာကြားလိုသော အချက်များကို ပြောဆိုပြီးနောက် ဗိုလ်ချုပ်အား မေးခွန်းတစ်ခုမေးပါသည်။“ ဒါထက် အောင်ဆန်း၊မင်းအင်္ဂလန်ပြည်ရောက်ရ င် ဘာအ၀တ်အစားဝတ်မှာလဲ”ဤတွင် ဗိုလ်ချုပ်သည် မည်သို့မျှ ပြန်မပြောဘဲ သူဝတ်ထားသော ကာကီဇင် ယူနီဖောင်း တစ်ပတ်နွမ်းကိုပြန်ငုံ့ကြည့်ရင်း ပြုံးနေလိုက်သည်။ သည်တော့ နေရူးသဘောပေါက် သွားပြီးအံ့သြနေပုံရပါသည်။
“ ဟာ...မင်းရဲ့ဒီအ၀တ်အစားမျိုးနဲ့
အလွန်အေးတဲံ့ လန်ဒန်မြို့ဆောင်းရာသီမှာ ဘယ်ဝတ်လို့ ဖြစ် မလဲကွယ့်၊ပြီးတော့
ဟိုကျရင်မင်းကို ဂျော့ဘုရင်မင်းမြတ်က ဘတ်ကင်ဟမ် နန်းတော်မှာ ပွဲတော်တည်ဖို့
ဖိတ်ချင်ဖိတ်နေမှာ၊အဆောင်အယောင် ပကာသန အလွန်ကြိုက်ကြတာ၊ဗြိတိသျှလူမျိုးပရိသတ်အလဘယ် မှာ မင်းက အ၀တ်အစား ပြည့်ပြည့်စုံစုံမပါရင် ခက်နေပါအုံးမယ် မဖြစ်ပါဘူး ကြည့်လုပ်ပေးလိုက်အုံးမှပဲ”
ပြောပြောဆိုဆို မစ္စတာနေရူးသည် သူ၏အတွင်းဝန်တစ်ဦးအား ချက်ချင်းခေါ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွတပည့်ဖြစ်သူ ကျွန်တော့်အတွက်ပါ သင့်လျော်မည့်ဝတ်စုံများချုပ်ပေးရန် ညွှန်ကြားလိုက်ပါသည်။
ညတွင်းချင်းပင် အပ်ချုပ်ပညာသည်များ ရောက်လာပြီး စနစ်တကျ ကိုယ်တိုင်းများယူသွားကြပြီးနော က် 24နာရီအတွင်း(နောက်နေ့ညနေဘက်)
ကျွန်တော်တို့ဆရာတပည့်နှစ်ယောက် အတွက် အနွေးထည် သိုးမွှေးသက္ကလပ်ဖြင့်ပြီးသော စစ်ဝတ်စုံ၊ရှပ်အကျီင်္၊နက်တိုင်လည်စီး၊ကက်ဦးထုတ်မှစ၍ အပြည့်အစုံရရှိခဲံ့ပါတော့သည်။ ဤနည်းဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် နယူးဒေလီမှ ခရီးဆက်သောအခါတွင်ပုံပမ်းကျနသပ် ရပ်စွာသော သက္ကလပ်
စစ်ဝတ်စုံယူနီဖောင်းဝတ်ပြီးထွက် နိုင်ခဲ့ပါသည်။
ယနေ့ ပြည်သူများသိနေသော ဗိုလ်ချုပ်၏လန်ဒန်သွား ဓါတ်ပုံထဲမှ သက္ကလပ် စစ်ဝတ်စုံယူနီဖောင်းမှာ သူကိုယ်တိုင်မြန်မာပြည်မှချုပ်ယူသွားခြင်းမဟုတ်၊အိန္ဒိယခေါင်းဆောင်ကြီးမစ္စတာနေရူးကဗိုလ်ချုပ်လန်ဒန် အသွားလမ်းခုလပ် တွင် အမြင်မတော်၍ ဆင်ပေးလိုက်သော လက်ဆောင်ပင်ဖြစ်တော့သတည်း...။ ။
လန်ဒန်ထိအောင်တိုက်ရိုက်မသွားဘဲ
ထိုနေ့ညနေဘက်တွင် နယူးဒေလီမြို့သို့ရောက်ပြီး အိန္ဒိယခေါင်းဆောင်ကြီး မစ္စတာနေရူး၏အိမ်မှာပင် တည်းခိုခဲ့သည်။သို့နှင့်ပင် ဗိုလ်ချုပ်အောင်ဆန်းသည် 1947ခုနှစ် ဇန်န၀ါရီ 2ရက်နေ့ညမှစ၍ 6ရက်နေ့အထိ နယူးဒေလီတွင် လေးရက်ကြာနေထိုင်ကာ အိန္ဒယခေါင်းဆောင်ကြီး မစ္စတာနေရူးနှင့် နိုင်ငံရေးပြဿနာ များကိုကျယ်ကျယ်
ဇန်န၀ါရီ 4ရက်နေ့ညဘက် ဗိုလ်ချုပ်ညဘက် ဗိုလ်ချုပ်သည် မစ္စတာနေရူးနှင့် ဆက်လက်၍ပြော ဆိုဆွေးနွေးကြပါသည်။
“ ဟာ...မင်းရဲ့ဒီအ၀တ်အစားမျိုးနဲ့
ပြောပြောဆိုဆို မစ္စတာနေရူးသည် သူ၏အတွင်းဝန်တစ်ဦးအား ချက်ချင်းခေါ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွတပည
ညတွင်းချင်းပင် အပ်ချုပ်ပညာသည်များ ရောက်လာပြီး စနစ်တကျ ကိုယ်တိုင်းများယူသွားကြပြီးနော
ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်
စစ်ဝတ်စုံယူနီဖောင်းဝတ်ပြီးထွက်
ယနေ့ ပြည်သူများသိနေသော ဗိုလ်ချုပ်၏လန်ဒန်သွား ဓါတ်ပုံထဲမှ သက္ကလပ် စစ်ဝတ်စုံယူနီဖောင်းမှာ သူကိုယ်တိုင်မြန်မာပြည်မှချုပ်ယူသွားခြင်းမဟုတ်၊အိန္ဒိယခေါင်းဆောင်ကြီးမစ္စတာနေရူးကဗိုလ်ချုပ်လန်ဒန် အသွားလမ်းခုလပ်
No comments:
Post a Comment