Tuesday, April 16, 2013

မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် ရဲ့စကား အား ပြန်လည်ချေပခြင်း

၁. မိတ္ထီလာကိစ္စသည် မွတ်စလင်မ်များဘက်ကစ၍ ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း၊



၂. ရွှေဆိုင်ပြဿနာတွင် စော်ကားလိုက်ခြင်းကြောင့်ဖြစ်ကြောင်း၊ 

၃. ဘုန်းကြီးအား ကြက်ကလေး ငှက်ကလေးကဲ့သို့ လမ်းဘေးတွင် သတ်လိုက်၍ ဖြစ်ကြောင်း၊

စသည့်မတရားစွပ်စွဲချက်များနှင့်ပတ်သက်ပြီး .....။

ရှင်းလင်းချက်။ ။

ဦးရဲမြင့်ဆီကို (မိတ္ထီလာမှမဟုတ်ပါ) မြန်မာတနိုင်ငံလုံးမှာတရားဝင် ဖြန့်ချိနေတဲ့ အစ္စလာမ်ဘာသာ မုန်းတီးရေး စာအုပ်စာတန်းများ နှင့် ရုပ်သံများဖြင့် ဟောပြောတင်ပြနေသော မတရားဟောသူများ၏ အခွေများကို စီးရီးအလိုက်ပို့ပေးပါမည်။မျက်လုံးနှင့် နားဖွင့်ပြီးကြည့်တတ်ရင် မြင်ပါလိမ့်မည်။

ရိုးရိုးအရပ်သား ဦးရဲမြင့်အနေနဲ့ကျပ်မပြည့်တာက တိုင်းပြည်အတွက် လူထုအတွက် အသက်အန္တရယ် မရှိပါ။မန္တလေးတိုင်းဝန်ကြီးချုပ် တစ်ယောက်လုပ်ပြီး ကျပ်မပြည့်တာက တိုင်းပြည်အတွက် လူထုအတွက် အသက်အန္တရယ်စိုးရိမ်ရပါသည်။ဘာ့ကြောင့်လဲဆိုတော့ မန္တလေးတိုင်းဝန်ကြီးချုပ် တစ်ယောက်လုပ်မယ် ဆိုရင်လူထုကို သင်ပေးရမှာက တရားဥပဒေစိုးမိုးရေးနှင့် လူအုပ်စုနဲ့ဗိုလ်ကျအနိုင်ကျင့်တာ ပြဿနဲ့ မဆိုင်သူတွေကို ရန်လိုမုန်းတီးပြီး ဒုက္ခထဲဆွဲထည့်ပြီးသတ်ပစ်တာ ထင်တိုင်းကျဲ လုပ်ချင်သလို လုပ်တာတွေဟာ အစိုးရတစ်ရပ်ရှိတဲ့ တိုင်းပြည်အနေဖြင့်၎င်း ရဲစခန်းတွေရှိတဲ့ တိုင်းပြည်အနေဖြင့်၎င်း တရားရုံးတွေထားရှိထားတဲ့ တိုင်းပြည်အနေဖြင့်၎င်း လုံးဝလုပ်ခွင့်မရှိကြောင်းနဲ့ ဗုဒ္ဒဘာသာအများစု ကိုးကွယ်ယုံကြည်ရာ နိုင်ငံသားများအနေဖြင့် မြတ်ဗုဒ္ဒရဲ့  သာသနာ့လမ်းစဉ်တွေ မဟုတ်ကြောင်းကို လူကြီးတစ်ယောက်အနေနဲ့ မိမိကိုယ်တိုင်နားလည်ထားရမှာဖြစ်သလို လူရမ်းကား ခိုးဆိုးလုယက်တွေကို အားပေးတဲ့စကားမျိုးတွေ မပြောသင့်ဘူးဆိုတာလောက်ကိုလည်း အရှည်သဖြင့် ဆင်ခြင်တတ်ဖို့လိုပါမယ်။

၎. ကလေးတွေမှ ဗုဒ္ဓဘာသာဝင်တွေ ရဲ့သွေးနဲ့ခြေဆေး မယ်လို့ ဟစ်အော်ခြင်းကြောင့် သေ ကုန်ခြင်း ဖြစ်ကြောင်း၊ စွပ်စွဲချက်နဲ့ပတ်သက်ပြီး ရှင်းပြရမယ်ဆိုရင်........

ကလေးအရေအတွက်ဆယ်ဂဏန်းသာသာကို လူကြီးအရေအတွက်ရာဂဏန်းလောက်က ဓါးတွေ ဒုတ်တွေနဲ့ဝိုင်းထားခံနေရတဲ့အချိန်မှာ ကလေးတွေက လူကြီးတွေကို သွေးဆူစေမယ့်စကားမျိုးနဲ့ သူတို့အသတ်ခံရမယ့်စကားမျိုးကိုမှရွေးချယ်ပြီး ကလေးတွေကစတင်စိန်ခေါ်ပါတယ်လို့ ပေါတောတော အတွေးအခေါ်မျိုးကို မန္တလေးတိုင်းဝန်ကြီးချုပ်တစ်ယောက်လုပ်ပြီး လက်ခံထားတာကို ကျနော်တို့ဘက်က ဦးရဲမြင့်ကို ကျပ်ပြည့်တဲ့လူတစ်ယောက်အဖြစ်လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ပါ။

သို့ပါသောကြောင့် ကျန်ရှိနေသော ဦးရဲမြင့် မတရားစွပ်စွဲပြောဆိုထားသည့် အချက်များကိုလည်း ကျနော့်အနေဖြင့် ကျနော်နှင့် ဦးရဲမြင့်ကို တန်းတူစဉ်းစားတွေးခေါ်နိုင်သူအဖြစ် မည်သို့မှ မသတ်မှတ်နိုင်ပါသောကြောင့် အချိန်ကုန်ခံ မဖြေရှင်းလိုတော့ပါကြောင်း။

ညိုသက်လွင်

No comments:

Post a Comment