Friday, April 12, 2013
အစွန်းရောက် ဗုဒ္ဓဘာသာဝင် နာဇီလက်သစ် 969 အကြမ်းဖက်ဂိုဏ်းအုပ်စုကို မြန်မာ အစိုးရမှ ဦးတည်လာခြင်း
စင်္ကာပူနိုင်ငံထုတ် The Straits Times သတင်းစာပါ Myanmar Ggovt targets 'neo-Nazi' Buddhist group ဆောင်းပါး မူရင်း
969 ကို ဗုဒ္ဓ၀ါဒ၏ အမှတ်သညာကဲ့သို့ ပြုလုပ် ၍ မြန်မာနိုင်ငံ၏ လက်သစ်နာဇီများဟု သတ်မှတ် ခံနေရသောအုပ်စု၏ မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်ချက်သည် နိုင်ငံတစ်ဝှမ်း မှ စောင့်ကြည့်ခံနေရသည့် အနေအထား သို့ ရောက်လာပြီဖြစ်သည်။ အကြမ်းဖက်မှုကို လက်ပြောင်းပေးခြင်း မဟုတ်ကြောင်း သက်သေပြရန် အလို့ငှာ အစိုးရပိုင်းမှ ယင်းအုပ်စုအား စတင်ဆန့်ကျင် ဆောင်ရွက်လာသည်။
ရခိုင်လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ရဲမင်းဦးသည် လွန်ခဲ့သည့်လအတွင်း လူ ၄၀ ဦးထက်မနည်း အသက်ဆုံးရှုံးစေခဲ့သော မိတ္ထီလာမြို့ အကြမ်းဖက်မှု ဖြစ်လာအောင် လှုံ့ဆော်သူများအနက် အပါအ၀င်ဖြစ်သည်။ အကြမ်းဖက်မှုစွဲချက်ဖြင့် မတ်လ ၂၅ ရက်တွင် ထိန်းသိမ်းခံရပြီး၊ ကြာသပတေးနေ့က ရန်ကုန်တရားရုံးတစ်ခု၌ စစ်ဆေးခဲ့သည်။
မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုသည် ပဲခူးဒေသ၌ ထပ်မံဖြစ်ပွားခဲ့ရာ NLD ပါတီဝင် အောင်မြတ် သူကိုလည်း မတ်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း RFA မှ ပြောကြားသည်။ ရခိုင်လူငယ် အစည်းအရုံးအဖွဲ့ဝင် ဖိုးသားကိုလည်း ရဲမင်းဦးနှင့်လည်းကောင်း၊ မွတ်စ်လင်မ် မုန်းတီးရေးတရား များဖြင့် ကျော်ကြားနေသူ မန္တလေးအခြေစိုက် ဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူနှင့်လည်းကောင်း ပတ်သက် ဆက်နွှယ်မှု ရှိမရှိဟူသည် အာဏာပိုင်များက မေးမြန်းခဲ့ကြောင်း RFA မှ ၄င်း၏စကားအား ကိုးကား ဖော်ပြခဲ့သည်။
969 လှုပ်ရှားမှုသည် ရခိုင်ပြည်နယ်အတွင်းမှ ခါတော်မှီ စတင်လာခဲ့ခြင်း ဖြစ်သည်။ ရခိုင်မှ လူနည်းစု မွတ်စ်လင်မ်တို့အား ဦးတည်အကြမ်းဖက်လှိုင်းလုံးမှာ လွန်ခဲ့သည့်နှစ်က ပေါ်ထွက်ခဲ့သည်။ လူများစွာ သေကြေပျက်စီးခဲ့ပြီး ရိုဟင်ဂျာလူမျိုး တစ်သိန်းဝန်းကျင်မှာ ဒုက္ခသည်စခန်းများ သို့ ရောက်နေကြရသည်။
969 စတေကာများကို ဈေးဆိုင်များတွင် ရောင်းချနေပြီး၊ ဗုဒ္ဓဘာသာဝင်တို့၏ ခရီးသည်တင်ကားများ၊ လုပ်ငန်းများနှင့် နေအိမ်များ၌ ကပ်ထားသည်ကို တွေ့နေရသည်။ ယင်းရောင်စုံ စတေကာပုံက အိန္ဒိယမှ အာသောကမင်းကြီး၏ ခြင်္သေ့ခေါင်းလေးလုံးပါ ကျောက်တိုင်ကို ပုံဖော်ထားသည်။
ယင်းပြည့်ရှင်မင်းမှာ ယေရှုခရစ်တော်မပွင့်ပေါ်မှီ နှစ်ပေါင်း ၂၆၀ ခန့်က ဂေါတမ ဗုဒ္ဓ၏ဒေသနာတော်များကို အိန္ဒိယနှင့်အရှေ့တောင်အာရှ တခွင်သို့ ဖြန့်ချိခဲ့သူဖြစ်သည်။
မိမိ၏ ကားအတွင်း၌ စတေကာကပ်ထားသော ရန်ကုန်မြို့ရှိ တက္ကစီဒရိုင်ဗာတစ်ဦးက “ဒါက ဗုဒ္ဓရဲ့အဆုံးအမကို လိုက်နာအောင် ကျွန်တော်တို့ကို ပြုလုပ်ပေးတဲ့ ဘာသာရေးအုပ်စုပါ”ဟူ၍ The Straits Times အား ပြောပြခဲ့သည်။
သို့ရာတွင် ၄င်းမှာ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တို့၏ အမှတ်အသား သင်္ကေတတစ်ခု ဖြစ်နေကြောင်း၊ မွတ်စ်လင်မ် မုန်းတီးမှုကိုသာ ဦးတည်နေပြီး သြဇာကြီးမားသည့် အသိုင်းအ၀ိုင်းများမှ ထောက်ကူ ပံ့ပိုးနေကြောင်း၊ မတည်ငြိမ်မှုကို အကြောင်းပြု၍ စစ်တပ်မှ အသာတကြည် အာဏာပြန်သိမ်းလိုမှုဟု ထင်မြင်ရကြောင်း ကိုယ်တွေ့ကြုံသူမှဆိုသည်။
The Straits Times မှ ဖော်ပြသော အင်တာဗျူးများ၌ အကြမ်းဖက်မှုခံရသူ မြောက်များစွာတို့သည် 969 အား အဓိက ဇာတ်ကောင်အဖြစ် ညွှန်းပြထား၏။
ပဲခူးဒေသမှ အမည်မဖော်လိုသူ လက်ဖက်ရည်ဆိုင်ပိုင်ရှင် NLD ပါတီဝင်တစ်ဦးက ယင်းဖြစ်စဉ်အား မျက်မြင်တွေ့ခဲ့ရပုံကို အောက်ပါအတိုင်း ပြောပြခဲ့သည်။ မိတ္တီလာအကြမ်းဖက်မှု ၃ ရက်မြောက် မတ်လ ၂၃ ရက်တွင် ပဲခူးဒေသအတွင်း၌ အကြမ်းဖက်မှု ဆက်ဝင်ဦးမည့် ကောလဟလများ စတင်ခဲ့သည်ဟု ဆိုသည်။
“ဗုဒ္ဓဘာသာဝင်များ မိမိတို့ဘာသာကို ကာကွယ်ကြလို့ဆိုပြီး 969 စတေကာတွေ၊ စာစောင်တွေနဲ့အတူ အရှင်ဝီရသူ ဟောကြားတဲ့ DVD တစ်ချပ်ကို အကြီးအကျယ် အလုံး အရင်း ဖြန့်ချိခဲ့ကြပါတယ်”
နောက်တစ်နေ့တွင် ဒေသခံ NLD ၊ မွတ်စလင်မ် နှင့် ဗုဒ္ဓဘာသာခေါင်းဆောင်များသည် အကြမ်းဖက်မှု မဖြစ်ပေါ်စေရေးနှင့် မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအား အကာအကွယ်ပေးရေးတို့ကို တွေ့ဆုံစီစဉ်ခဲ့ကြသည်။ သို့သော် နောက်တစ်နေ့ညဥ့်တွင် သံဃာ ၄၀ ခန့်နှင့် အရပ်သားအချို့ ပါဝင်သော အကြမ်းဖက်အုပ်စုသည် မြို့တွင်းသို့ ပြင်ပမှဝင်ရောက်လာပြီး၊ မွတ်စ်လင်မ်တို့၏ နေအိမ်နှင့်ဆိုင်ခန်းများကို ရဲတင်းပုဆိန်များ၊ တုတ်များဖြင့် ပိရိကျနစွာ ဖျက်ဆီးသွားခဲ့သည်။
မြို့ပြင်ပရှိ ကျေးရွာသားများစွာကလည်း ထိုအုပ်စုနှင့် ပူးပေါင်းခဲ့ကြကြောင်း၊ ဗလီ၏ မျက်နှာစာအား ဖျက်ဆီးရန်အတွက် ထရက်တာကားကြီးတစ်စီးကို အသုံးပြုခဲ့ကြောင်း၊ ၄င်းကိုမောင်းနှင်သူမှာ ပိတ်စမျက်နှာဖုံးစွပ်ထားကြောင်းကိုလည်း တွေ့ခဲ့ရပေသည်။ အဘယ်ကြောင့် ယင်းသို့ပြုရသည် ကို မေးမြန်း ရာ ၄င်းတို့က ဤမွတ်စ်လင်မ်များသည် မြန်မာနိုင်ငံမှ မဟုတ်ပါဟု ပြောဆိုကြောင်း ယင်း NLD ပါတီဝင်မှ ပြောပြခဲ့သည်။ဗြိတိန်အခြေစိုက် လူမှုလှုပ်ရှားဆောင်ရွက်သူ ဒေါက်တာ မောင်ဇာနည်မှ 969 လှုပ်ရှားမှုအား ပထမဆုံး သတိပေးခဲ့သည်။
လွန်ခဲ့သည့် ရက်သတ္တပတ်က Myanmar Peace Centre တွင် အဖွဲ့ပေါင်းစုံမှ ကျင်းပပြုလုပ်ခဲ့သော ငြိမ်းချမ်းမှုပြန်လည်ဖော်ဆောင်တည်ဆောက်ရေး သဘောတူညီချက်တွင် ဦးဝီရသူမှ လက်မှတ်ရေးထိုး ခဲ့သော်လည်း၊ ရက်အနည်းငယ် လွန်ပြီးသည့်နောက် BBC အင်တာဗျူး၌ မွတ်စ်လင်မ်မုန်းတီးရေးစကားများကို ဆိုခဲ့ပြန်သည်။
အမည်မဖော်လိုသူ ရန်ကုန်အခြေစိုက် သုတေသီတစ်ဦးမှ The Straits Times သို့ “ ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုတဲ့ စကားပုံရှိပါတယ်။ ဦးဝီရသူဟာ အကြီးစား ပြဿနာရှာသူ ဖြစ်လာတော့ အစိုးရဖက်ကလည်း လိုက်လျောလိုစိတ် ရှိတော့မှာ မဟုတ်ပါဘူး။ သူနဲ့အတူ အကြမ်းဖက်မှု နောက် ကွယ်ကြိုးကိုင် သူများကိုလည်း စောင့်ကြည့်နေကြပါတယ် ” ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သော သောကြာနေ့က ဗုဒ္ဓဘာသာနှင့် မွတ်စ်လင်မ်အဖွဲ့များသည် ဘာသာလူမျိုးအကြမ်းဖက်မှုများ မဖြစ်ပွားစေရေး စာတန်းနှင့်စတေကာတို့ကို ရန်ကုန်မြို့တွင်း၌ ဖြန့်ချိဝေငှခဲ့ကြသည်။ “ 969 ဂိုဏ်းသားတွေဟာ ကျွန်တော့်ဆိုင်ထဲရောက်လာပြီး ဆိုင်မျက်နှာစာမှာ သူတို့ စတေကာတွေကို ကပ်ခိုင်းကြတယ်။ ကျွန်တော်ကတော့ မလုပ်နိုင်ပါဘူး။ ကျွန်တော့်ဆိုင် နံရံပေါ်မှာရှိနေတဲ့ ဆွမ်းတင်ဘုရားစင်ကို ကြည့်ပါ၊ ဒါဟာ ဗုဒ္ဓအယူဝါဒ စစ်စစ်ပါဘဲ၊ ဒါနဲ့တင် လုံလောက်ပြည့်စုံနေပါပြီလို့ ဆိုင်လုပ်သားကနေ တဆင့် အဲ့ဒီမျက်နှာစိမ်းလူတွေကို ပြောခိုင်းလိုက်ပါတယ် ” ဟု ပဲခူးရှိ လက်ဖက်ရည်ဆိုင်ရှင်တစ်ဦးက Straits Times သို့ ပြောပြခဲ့ပါသည်။
(The Straits Times မှ ဖော်ပြသည့် Myanmar govt targets ‘neo-Nazi’ Buddhist group 969 movement blamed for role in anti-Muslim violence ဆောင်းပါးကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com
No comments:
Post a Comment