March 29, 2013
မြန်မာနိုင်ငံတွင် အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက မြန်မာမွတ်စလင်တို့အား အကြမ်းဖက် တိုက်ခိုက်ခြင်းအပေါ် လွန်စွာ ဒေါသဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဟိန္ဒူ ပါရီရှဒ်အဖွဲ့ချုပ် (Bangladesh Hindu Parishad) က ယမန်နေ့က ထုတ်ဖော်ပြောကြားလိုက်ပြီး ထိုသို့ အကြမ်းဖက်မှုကို အပြင်းအထန် ရှုတ်ချကြောင်းလည်း ပြောသည်။
ပါရီရှဒ်အဖွဲ့ချုပ်၏ ကြေငြာချက်၌ “မည်သည့်အကြမ်းဖက်မှုမျိုးကိုမှ မထောက်ခံကြောင်းနှင့် အချင်းချင်း ချစ်ကြည်ညီညွတ်မှုကိုသာ ယုံကြည်ကြောင်း၊ မြန်မာပြည်ရှိ မွတ်စလင်များအပေါ် စဉ်ဆက်မပြတ် အကြမ်းဖက်တိုက်ခိုက်နေမှုများကို အပြီးတိုင် အဆုံးသတ်ရမည် ဖြစ်ကြောင်း”လည်း ပါရီရှဒ်အဖွဲ့ ချုပ်က ကြေငြာသည်။
“ကျနော်တို့ တိုင်းပြည်အတွင်း မတူကွဲပြားသော ဘာသာဝင်များအကြား ချစ်ကြည်ညီညွတ်မှုကို ယုံကြည်သကဲ့သို့ အခြားသော တိုင်းပြည်များ၌လည်း အလားတူ ချစ်ကြည်ညီညွတ်မှုမျိုး ကို မျှော်လင့်သည်”ဟု ပါရီရှဒ်အဖွဲ့ချုပ်က ထပ်လောင်း ပြောကြားသည်။ ဘင်္ဂလားဒေ့ရှ် (Bangladesh) နိုင်ငံတွင်လည်း အလားတူဖြစ်ရပ်မျိုး မကြာသေးမီက ဖြစ်ပွါးခဲ့သည်ကိုလည်း ထောက်ပြ၍ ထိုသို့ ထပ်မံ မဖြစ်ပွါးမှုကို မျှော်လင့်ကြောင်း ဆိုသည်။
မြန်မာမွတ်စလင်များအား အကြမ်းဖက်တိုက်ခိုက်ခြင်းကို ရပ်တန့်ရန်နှင့် ဆုံးရှုံးနစ်နာမှုများ အားလုံးအတွက် လျော်ကြေးပေးရန် ပါရီရှဒ်အဖွဲ့ချုပ်က တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက မြန်မာမွတ်စလင်တို့အား အကြမ်းဖက် တိုက်ခိုက်ခြင်းအပေါ် လွန်စွာ ဒေါသဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဟိန္ဒူ ပါရီရှဒ်အဖွဲ့ချုပ် (Bangladesh Hindu Parishad) က ယမန်နေ့က ထုတ်ဖော်ပြောကြားလိုက်ပြီး ထိုသို့ အကြမ်းဖက်မှုကို အပြင်းအထန် ရှုတ်ချကြောင်းလည်း ပြောသည်။
ပါရီရှဒ်အဖွဲ့ချုပ်၏ ကြေငြာချက်၌ “မည်သည့်အကြမ်းဖက်မှုမျိုးကိုမှ မထောက်ခံကြောင်းနှင့် အချင်းချင်း ချစ်ကြည်ညီညွတ်မှုကိုသာ ယုံကြည်ကြောင်း၊ မြန်မာပြည်ရှိ မွတ်စလင်များအပေါ် စဉ်ဆက်မပြတ် အကြမ်းဖက်တိုက်ခိုက်နေမှုများကို
“ကျနော်တို့ တိုင်းပြည်အတွင်း မတူကွဲပြားသော ဘာသာဝင်များအကြား ချစ်ကြည်ညီညွတ်မှုကို ယုံကြည်သကဲ့သို့ အခြားသော တိုင်းပြည်များ၌လည်း အလားတူ ချစ်ကြည်ညီညွတ်မှုမျိုး ကို မျှော်လင့်သည်”ဟု ပါရီရှဒ်အဖွဲ့ချုပ်က ထပ်လောင်း ပြောကြားသည်။ ဘင်္ဂလားဒေ့ရှ် (Bangladesh) နိုင်ငံတွင်လည်း အလားတူဖြစ်ရပ်မျိုး မကြာသေးမီက ဖြစ်ပွါးခဲ့သည်ကိုလည်း ထောက်ပြ၍ ထိုသို့ ထပ်မံ မဖြစ်ပွါးမှုကို မျှော်လင့်ကြောင်း ဆိုသည်။
မြန်မာမွတ်စလင်များအား အကြမ်းဖက်တိုက်ခိုက်ခြင်းကို ရပ်တန့်ရန်နှင့် ဆုံးရှုံးနစ်နာမှုများ အားလုံးအတွက် လျော်ကြေးပေးရန် ပါရီရှဒ်အဖွဲ့ချုပ်က တောင်းဆိုလိုက်သည်။

No comments:
Post a Comment