Wednesday, March 27, 2013
ဘာသာရေးအကြမ်းဖက်မှုတွေရဲ့နောက်ကွယ်က .......
"A Must Read"
========
မြန်မာနိုင်ငံရဲ့ အာဏာပါဝါကို အဓိကချုပ်ကိုင်ထားကြတဲ့ ဖိုးလပြည့်အဖိုး ဦးသန်းရွှေ ၊ ခမည်းခမက် ကျားနာရွှေမန်း ဇေကမ္ဘာခင်ရွှေ ၊ ဦးအောင်သောင်းတို့ အနာဂတ်မှာ သူတို့ရဲ့ သားသမီး မျိုးဆက်သစ်တွေ မြန်မာပြည်ကြီးကို ရာသက်ပန် ဂုတ်သွေးစုပ် ချယ်လှယ်နိုင်ကြဖို့ အားပြိုင်ကြတဲ့ပွဲမှာ ပါးရိုက်လိုက် နားကိုက်လိုက် ဘတစ်ပြန် ကျားတစ်ပြန် နပန်းသတ်ကြရာက မြန်မာပြည်သူတွေက မြေစာပင်ဖြစ်နေရပါတယ် ။
လတ်တလော ရွှေမန်းပွဲထုတ်လိုက်တဲ့ စီစဉ်သူ ဦးခင်ညွှန့်ဟာ ယ္ခုလတ်တလော ဖြစ်နေတဲ့ အဓိကရုဏ်း ဇတ်ထုပ်ကြီးရဲ့ ဇတ်ညွှန်းရေးဒါရိုက်တာဖြစ်တယ်လို့လည်း လူအများ ထင်မြင်လာကြပါတယ် ။ ဝေလေလေတွေကတော့ ၉၆၉ ကယ်မယ် ထင်ပြီး မူဆလင်မုန်းတီးရေးတွေ ဖန်တီးလိုက်ကြရတာ ဖတ်ဖတ်ကိုမောလို့ ။
( လက်ရှိ နိုင်ငံရေး အခင်းအကျင်း အနေအထားအရ ဇတ်ပို့ မင်းသားကြီး ဂရိတ်ဦးဖိုးစိန်နဲ့ အရံမင်းသမီး ဘိလပ်ပြန်ကြည်မာခင် တို့မှာတော့ နာမည်ကြီးထမင်းငတ် အကယ်ဒမီဆိုတာ ချိန်ဖို့ စိတ်တောင် မကူးရဲသေးတဲ့ အနေအထားမှာ ရှိပါတယ် )
----------------------
ယာလည်းညက်စေ..... ကြက်လည်းပန်းစေ
Wednesday, March 27, 2013 
အခုဖြစ်နေတဲ့ပြသနာတွေမှာ  အင်အားကြီးပြီး စံနစ်တကျ ဖွဲ့ စည်းထားတဲ့  အဖွဲ့ အစည်း ခပ်ကြီးကြီးတစ်ခု နောက်ခံပြုပေးမထားဘူး ဆိုတာကို  ကျွန်တော်တို့  လက်ခံပေးကြမှာလား။ ယုံကြည်ပေးကြမှာလား။
ပြသနာဖြစ်လာပုံတွေကို လေ့လာသုံးသပ်ကြည့်ကြပါ။  မြန်တယ် ၊ အင်အားပါတယ် ၊ အကွက်စေ့တယ်၊ထိရောက်မှုအားကောင်းလွန်းနေတယ် ၊ အရှိန်အဟုန်နဲ့  အဖျက်စွမ်းအားကြီးပါတယ်။ ထိုးစစ်က မြန်ဆန်ထိရောက်သလို ၊ ခွာစစ်က သပ်ရပ်စံနစ်ကျပါတယ်။  ခွာစစ်လမ်းက ဖြောင့်နေတဲ့အပြင် ပုံဖျက်လည်း တော်နေကြပြန်ပါတယ်။
ဟိုးအတိတ်အဝေးကို ပြန်မပြောပါနဲ့ ဦး။ လောလောလတ်လတ်  လက်ပန်းတောင်းတောင် ၊ မအူပင် အရေးတွေမှာ ပြည်သူ့ ရဲတွေ အအုပ်အထိန်းကောင်းရုံမကပဲ  လက်တောင် လွန်သွားခဲ့ကြသေးတာပါ။  အဲဒီလိုဆို  အားလုံးက ၀ိုင်းအပြစ်တင်မှာ စိုးလို့ ပါ ဆိုရင်လည်း   ပြသနာကြီးလာနိုင်ရာကနေ ၊  အလွန်အကျွံ မီးဟုန်းဟုန်းတောက်တဲ့ မီးလောင်ပြင်တွေ ၊ စစ်မြေပြင်တစ်ခုစာ အလောင်းတွေ ပုံလာတဲ့အထိတော့  နှိမ်နင်းဖို့  အမိန့် မရတာပါလား။အမိန့် မရရင် တစ်ကယ်ပဲ ဘာမှ မလုပ်နိုင်တဲ့ အဖွဲ့ အစည်း အမှန်တစ်ကယ်ပါလား။ အဲဒါဆိုရင်  လက်ပန်းတောင်းတောင်နဲ့ မအူပင်မှာက  ဘယ်သူအမိန့် ပေးလို့ ပါလဲ။  အမိန့် ပေးသူကို ဖော်ပေးပါ။ တစ်ကယ်က မြန်မာနိုင်ငံကရဲတွေဟာပြသနာအနံ့ နဲ့  ဘယ်လို ဖမ်းဆီးထိန်းသိမ်းရတယ် ဆိုတာကို  လေ့ကျင့် ကျွမ်းကျင်ပြီးသား ပုဂ္ဂိုလ်တွေပါ ။
မိထ္ထီလာ NLD မွတ်ဒေါင်းတွေ အုပ်စိုးနေပြီလို့  စကားသံတွေ အရင်လွင့်လာပါတယ်။   on line မှာ မိထ္ထီလာဆိုတဲ့ နမိတ်တွေ မဖြစ်ခင်က  ကြိုပြတဲ့သူက ပြနေခဲ့ကြတယ်။ ၉၆၉ လှုပ်ရှားမှုက  ရည်ရွယ်ချက်ကောင်းတယ် ဆိုရင်တောင် ရန်စစော်ကားသလို ၊ အကြမ်းဖက်သလို၊ ဇွတ်အမိန့်ပေးသလိုတွေ  မိထ္ထီလာမှာ  လုပ်လာခဲ့တယ်။ လက်ပန်းတောင်းမှာ ဒေါ်စုအကွဲပဲလို့  မျှော်လင့်ထားကြတယ်။  မိထ္ထီလာအရေးဖြစ်တာနဲ့  ဦးဝီရသူ ရောက်လာတယ်။ ပေါ့စေလို လို့ လား၊ ဘေးဖြစ်စေတဲ့ဆေးလား ။ ဘယ်သူမှမသိနိုင်ပေမယ့်  လုပ်သင့်မလုပ်သင့် တွက်ကြည့်တဲ့အခါ  အစ္စလမ်တွေက ဦးဝီရသူကို ချစ်နေတာ မဟုတ်ပါဘူး။ သူ့ ရဲ့ တရားတွေကြောင့်ပဲ လန့် နေခဲ့ကြတာ ၊ကြောက်နေကြတာက အသေအချာပါ။  ကယ်ဖို့ သွားတယ်ဆိုရင်တောင် ကြောက်ကန်ကန်ပြီး အလွဲတုန့် ပြန်  နိုင်နေတဲ့အခြေအနေမှာ  စဉ်းစားစရာပါ။ 
အဲဒီလိုနဲ့  မိထ္ထီလာဟာ  သွေးပျက်သွားခဲ့ပါတယ်။ မိထ္ထီလာကိုယ်တိုင် သွေးပျက်သွားခဲ့သလို ၊ မိထ္ထီလာကပဲ လူအများကိုပါ ပြန်ပြီးတော့ သွေးပျက်လာစေခဲ့ပါတယ်။  
ခေတ်အဆက်ဆက်က  သူတို့ အတွက် အန္တရာယ်ရှိတယ်လို့  ယူဆရင် အနံ့ သဲ့သဲ့လေးရရုံနဲ့ တောင် အမြစ်ပါမကျန်အောင် မြေလှန်ရှင်းထုတ်တတ်မြဲဖြစ်တဲ့ အစိုးရရဲ့  စစ် ၊ ရဲ  ထောက်လှမ်းရေးကွန်ယက်အသီးသီး ဟာ ဘယ်တုန်းကမှ မညံ့ ခဲ့တဲ့အပြင် ကြက်သီးထစရာကောင်းအောင် တော်တယ်ဆိုတာ  နိုင်ငံရေးအကျဉ်းသားတွေက သက်သေကောင်းပါ။  တုတ်တုတ်လှုပ်လို့ တောင်မှ  မရခဲ့တာပါ။  အစိုးရမတူလို့ လို့  မပြောပါနဲ့ ။ လူမပြောင်း စံနစ် ပြောင်းယောင်ယောင် အစိုးရဆိုတာ လူတိုင်းအသိပါ။
Eleven မီဒီယာဟာ ဦးရွှေမန်းသားရဲ့ ရှယ်ယာ အများစုပါတာ.. ဇေကမ္ဘာဦးခင်ရွှေနဲ့  ဦးခင်ညွန့် ဟာ ဗိုလ်ချုပ်တင့်ဆွေရဲ့ စံနစ်တကျ ပြုစုပျိုးထောင်မှုအောက်က  ရည်မှန်းချက်တူညီတဲ့  ဂိုဏ်းတူသွေးသောက် ညီအကို တွေ ဖြစ်နေခဲ့တာ... ဦးခင်ရွှေဟာ ဦးရွှေမန်းရဲ့ ခမည်းခမက်  ဖြစ်နေခဲ့တာ.. တိုးနိုင်မန်းဟာ စည်းစိမ်ဥစ္စာသာမက  အနာဂတ်ရဲ့  အုပ်ချုပ်ရေးအာဏာအထိပါ မျှော်မှန်းထားတာ ...တွေဟာ ဆက်စပ်ကြည့်တဲ့အခါ ကြောက်စရာ ကောင်းနေတဲ့ ပေးထားချက်တွေအဖြစ် ရှိနေခဲ့ကြပါတယ်။ 
သမ္မတကြီးဟာ အရုပ်ပဲ ၊ ရုပ်သေးပဲ ၊ ကြိုးဆွဲခံနေရတဲ့သူပဲဆိုတာ  ဒီနေ့ အထိ ဖြစ်ပျက်နေသမျှ တိုင်းပြည်အခင်းအကျင်းတွေကိုကြည့်ရင် သိသာနေခဲ့တာပါ။  ဦးရွှေမန်းဟာ  သိပ်ကြောက်စရာ ကောင်းတဲ့သူပါ ။ သွေးအေးပါတယ်။ စိတ်ရှည်ပါတယ်။ အကြံကြီးပါတယ်။ အကွက်စေ့ပါတယ်။ လုပ်ရဲပါတယ်။
ဦးရွှေမန်းအနည်းငယ် လန့် နေတဲ့အရာက တပ်ချုပ်ကြီးပါ။ ကာချုပ်မင်းအောင်လှိုင်ပါ။  အခုအချိန်ထိတော့ တပ်ချုပ်ဟာ ဦးရွှေမန်းကို  ခါးသီးပါတယ်။ မနှစ်မြို့ ပါဘူး။ အဲဒီအကြောင်းကိုလည်း ဖုံးကွယ်မထားပဲ  တပ်တွင်းတွေ့ ဆုံပွဲတွေမှာ အလျဉ်းသင့်သလို ထုတ်ပြောလေ့ရှိပါတယ်။  ဦးရွှေမန်းရဲ့ မဲဆန္ဒနယ်က တပ်ချုပ်ရဲ့  ပိုင်နက်ဧရိယာအတွင်းမှာ ရှိနေပြီး လိုအပ်ခဲ့ရင် လွှတ်တော်ကိုယ်စားလှည်အဖြစ်က ဖြုတ်ချပစ်လိုက်ဖို့  မဲလက်မှတ်တွေကို အဆင်သင့် စုဆောင်းထားရှိပြီးပြီ ဆိုတာကိုပါ  ဦးရွှေမန်းကိုပါ သိရှိစေခဲ့သူပါ။ အဲဒါကြောင့်လည်း  ဦးရွှေမန်းဟာ တပ်မတော် ဘတ်ဂျက်အပါအ၀င် တစ်ချို့ ကိစ္စတွေမှာ  တပ်နဲ့ ထိပ်တိုက်မတွေ့ တော့ပဲ လိုက်လျောပေးခဲ့သလို ၊ ဦးသန်းရွှေ အကြိုက်သဘောတွေ့ နိုင်တာတွေကို  လုပ်ပေးနိုင်အောင်လို့  အသည်းအသန်  ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် သမ္မတဟာလည်း  လက်ရှိရုပ်သေးအာဏာကိုတောင် တည်မြဲဖို့  ကာချုပ်ကို  အားကိုးနေရတဲ့သူ  ဖြစ်လို့ လာပါတော့တယ်။  အဲဒါကြောင့် အခုဖြစ်ပျက်နေတဲ့ နိုင်ငံအ၀ှမ်းက  မငြိမ်မသက်မှုတွေက အတွင်းမှာ နက်ရှိုင်းကြီးမားတဲ့ ရန်သူရှိနေပါတယ်။ ကျွန်တော်တို့  မျော်မှန်းနိုင်တာထက် ကြီးမားတဲ့ ဆင်ကွက်တွေ ရှိနေပါတယ်။ သာမာန် ဘာသာရေး အဓိကရုန်း ၊ လူမျိုးရေး အဓိကရုန်း မဟုတ်ပါဘူး။
ဒီမိုကရေစီ အငွေ့ အသက်ကလေး နည်းနည်းပါးပါးရလာအောင် ပန်းခင်းတဲ့လမ်းတွေကို ကျွန်တော်တို့  ဖြတ်သမ်းလာခဲ့ကြရတာမဟုတ်ပါဘူး။ သွေးတွေ ၊ မျက်ရည်တွေ ၊ အသက်တွေ ၊ ဘ၀တွေ နဲ့  ဆင်းရဲမှုအထွေထွေကို ရင်းလာခဲ့ကြရတာပါ။ဒီလောက်ရင်းထားခဲ့ပြီးမှတော့  ဒီလိုလွယ်လွယ်နဲ့   သူတစ်ပါးကို ဖျက်ဆီးခွင့်ပေးလိုက်လို့ မဖြစ်ပါဘူး။ မူဆလင်တွေရော၊ဗုဒ္ဓဘာသာတွေရော ရဲ့ ဘုံရန်သူက စစ်အာဏာရှင်တွေပါ။  အတူတူတိုက်ပြီး အတူတူပဲ ရင်စည်းခံလာခဲ့ကြရတာပါ။ ခံခဲ့ရတဲ့သူအချင်းချင်း  သခင်အားရအောင် ကျွန်တော်တို့  တိုက်ခိုက်ပေးကြမလား။  အတူတူ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်ကို ဆက်တိုက်ကြမလား ဆိုတာကို ကျွန်တော်တို့  ရွေးချယ်ကြရပါလိမ့်မယ်။  ကျွန်တော်တို့ တွေ ခွပ်ကောင်းကောင်းနဲ့  ခွပ်နေလိုက်ကြတာ  ၊ ယာလည်းညက်စေ၊ ကြက်လည်း ပန်းစေ ဖြစ်တဲ့အခါမှ အဆင်သင့် ရိုက်သတ်မယ့်သူက အဆင်သင့်ပါ ။ 
ပြည်ချစ်သူ           
26.3.2013
မြန်မာနိုင်ငံရဲ့ အာဏာပါဝါကို အဓိကချုပ်ကိုင်ထားကြတဲ့ ဖိုးလပြည့်အဖိုး ဦးသန်းရွှေ ၊ ခမည်းခမက် ကျားနာရွှေမန်း ဇေကမ္ဘာခင်ရွှေ ၊ ဦးအောင်သောင်းတို့ အနာဂတ်မှာ သူတို့ရဲ့ သားသမီး မျိုးဆက်သစ်တွေ မြန်မာပြည်ကြီးကို ရာသက်ပန် ဂုတ်သွေးစုပ် ချယ်လှယ်နိုင်ကြဖို့ အားပြိုင်ကြတဲ့ပွဲမှာ ပါးရိုက်လိုက် နားကိုက်လိုက် ဘတစ်ပြန် ကျားတစ်ပြန် နပန်းသတ်ကြရာက မြန်မာပြည်သူတွေက မြေစာပင်ဖြစ်နေ ရပါတယ် ။
လတ်တလော ရွှေမန်းပွဲထုတ်လိုက်တဲ့ စီစဉ်သူ ဦးခင်ညွှန့်ဟာ ယ္ခုလတ်တလော ဖြစ်နေတဲ့ အဓိကရုဏ်း ဇတ်ထုပ်ကြီးရဲ့ ဇတ်ညွှန်းရေးဒါရိုက်တာဖြစ်တယ်လို့လည်း လူအများ ထင်မြင်လာကြပါတယ် ။ ဝေလေလေတွေကတော့ ၉၆၉ ကယ်မယ် ထင်ပြီး မူဆလင်မုန်းတီးရေးတွေ ဖန်တီးလိုက်ကြရတာ ဖတ်ဖတ်ကိုမောလို့ ။
( လက်ရှိ နိုင်ငံရေး အခင်းအကျင်း အနေအထားအရ ဇတ်ပို့ မင်းသားကြီး ဂရိတ်ဦးဖိုးစိန်နဲ့ အရံမင်းသမီး ဘိလပ်ပြန်ကြည်မာခင် တို့မှာတော့ နာမည်ကြီးထမင်းငတ် အကယ်ဒမီဆိုတာ ချိန်ဖို့ စိတ်တောင် မကူးရဲသေးတဲ့ အနေအထားမှာ ရှိပါတယ် )
----------------------
ယာလည်းညက်စေ..... ကြက်လည်းပန်းစေ
Wednesday, March 27, 2013
အခုဖြစ်နေတဲ့ပြသနာတွေမှာ အင်အားကြီးပြီး စံနစ်တကျ ဖွဲ့ စည်းထားတဲ့ အဖွဲ့ အစည်း ခပ်ကြီးကြီး တစ်ခု နောက်ခံပြုပေးမထားဘူး ဆိုတာကို ကျွန်တော်တို့  လက်ခံပေးကြမှာလား။ ယုံကြည်ပေးကြမှာလား။
ပြသနာဖြစ်လာပုံတွေကို လေ့လာသုံးသပ်ကြည့်ကြပါ။ မြန်တယ် ၊ အင်အားပါတယ် ၊ အကွက်စေ့တယ်၊ ထိရောက်မှုအားကောင်းလွန်းနေတယ် ၊ အရှိန်အဟုန်နဲ့  အဖျက်စွမ်းအားကြီးပါတယ်။ ထိုးစစ်က မြန်ဆန် ထိရောက်သလို ၊ ခွာစစ်က သပ်ရပ်စံနစ်ကျပါတယ်။ ခွာစစ်လမ်းက ဖြောင့်နေတဲ့အပြင် ပုံဖျက်လည်း  တော်နေကြပြန် ပါတယ်။
ဈေးသည်နဲ့  ဈေးဝယ်/ ရောင်း နှစ်ဦးသား ဖြစ်လိုက်တဲ့ ပြသနာက နေ့ မကူးခင် လူအုပ်ကြီးပါလာပါတယ်တဲ့။ ညတွင်းချင်းပဲ မီးတွေရှို့ တာ မြို့ က သုသာန်တစပြင်လို ဖြစ်သွားပါသတဲ့။ နည်းနည်းလေး စဉ်းစားကြည့်ကြရအောင်ပါ။ ဘာဖြစ်လို့  အဲဒီလောက်မြန်ရတာပါလဲ။ ဘယ်ကလူတွေက အဲဒီလောက်များများကြီး ချက်ချင်းကြီး ၀င်ပါလာခဲ့ကြတာပါလဲ။ လူအုပ်ကကြီးလွန်းလို့  အင်အားနည်းပါးတဲ့ ရဲတွေက မတားရဲပါဘူးတဲ့။ ရုတ်တရက်တော့ ကျွန်တော်တို့  လက်ခံပေးချင်ပေမယ့် တစ်ကယ်တော့ အဲဒါက ယုတ္တိဆန်ရဲ့ လား။ ပြန်စဉ်းစားကြည့်ကြရမှာပါ။ ပြသနာက ဒီလောက်မြန်မြန်ဆန်ဆန်ကြီး အရှိန်အဟုန် မြင့်လာခဲ့ပါတယ်ဆိုရင်တောင် ထိန်းမနိုင် သိမ်းမရကြီးထွားမလာသေးတဲ့ လူအနည်းငယ်ကို ရဲက ဘာလို့  လွှတ်ပေးထားခဲ့ပါသလဲ။
ဟိုးအတိတ်အဝေးကို ပြန်မပြောပါနဲ့ ဦး။ လောလောလတ်လတ် လက်ပန်းတောင်းတောင် ၊ မအူပင် အရေးတွေမှာ ပြည်သူ့ ရဲတွေ အအုပ်အထိန်းကောင်းရုံမကပဲ လက်တောင် လွန်သွားခဲ့ကြသေးတာပါ။ အဲဒီလိုဆို အားလုံးက ၀ိုင်းအပြစ်တင်မှာ စိုးလို့ ပါ ဆိုရင်လည်း ပြသနာကြီးလာနိုင်ရာကနေ ၊ အလွန်အကျွံ မီးဟုန်းဟုန်းတောက်တဲ့ မီးလောင်ပြင်တွေ ၊ စစ်မြေပြင်တစ်ခုစာ အလောင်းတွေ ပုံလာတဲ့အထိတော့ နှိမ်နင်းဖို့  အမိန့် မရတာပါလား။အမိန့် မရရင် တစ်ကယ်ပဲ ဘာမှ မလုပ်နိုင်တဲ့ အဖွဲ့ အစည်း အမှန်တစ်ကယ်ပါလား။ အဲဒါဆိုရင် လက်ပန်းတောင်းတောင်နဲ့ မအူပင်မှာက ဘယ်သူအမိန့် ပေးလို့ ပါလဲ။ အမိန့် ပေးသူကို ဖော်ပေးပါ။ တစ်ကယ်က မြန်မာနိုင်ငံကရဲတွေဟာပြသနာအနံ့ နဲ့  ဘယ်လို ဖမ်းဆီးထိန်းသိမ်းရတယ် ဆိုတာကို လေ့ကျင့် ကျွမ်းကျင်ပြီးသား ပုဂ္ဂိုလ်တွေပါ ။
မိထ္ထီလာ NLD မွတ်ဒေါင်းတွေ အုပ်စိုးနေပြီလို့  စကားသံတွေ အရင်လွင့်လာပါတယ်။ on line မှာ မိထ္ထီလာဆိုတဲ့ နမိတ်တွေ မဖြစ်ခင်က ကြိုပြတဲ့သူက ပြနေခဲ့ကြတယ်။ ၉၆၉ လှုပ်ရှားမှုက ရည်ရွယ်ချက်ကောင်းတယ် ဆိုရင်တောင် ရန်စစော်ကားသလို ၊ အကြမ်းဖက်သလို၊ ဇွတ်အမိန့်ပေးသလိုတွေ မိထ္ထီလာမှာ လုပ်လာခဲ့တယ်။ လက်ပန်းတောင်းမှာ ဒေါ်စုအကွဲပဲ လို့  မျှော်လင့်ထားကြတယ်။ မိထ္ထီလာအရေးဖြစ်တာနဲ့  ဦးဝီရသူ ရောက်လာတယ်။ ပေါ့စေလို လို့ လား၊ ဘေးဖြစ်စေတဲ့ဆေးလား ။ ဘယ်သူမှမသိနိုင်ပေမယ့် လုပ်သင့်မလုပ်သင့် တွက်ကြည့်တဲ့အခါ အစ္စလမ်တွေက ဦးဝီရသူကို ချစ်နေတာ မဟုတ်ပါဘူး။ သူ့ ရဲ့ တရားတွေကြောင့်ပဲ လန့် နေခဲ့ကြတာ ၊ကြောက်နေကြတာက အသေအချာပါ။ ကယ်ဖို့ သွားတယ်ဆိုရင်တောင် ကြောက်ကန်ကန်ပြီး အလွဲတုန့် ပြန် နိုင်နေတဲ့အခြေအနေမှာ စဉ်းစားစရာပါ။
အဲဒီလိုနဲ့  မိထ္ထီလာဟာ သွေးပျက်သွားခဲ့ပါတယ်။ မိထ္ထီလာကိုယ်တိုင် သွေးပျက်သွားခဲ့သလို ၊ မိထ္ထီလာကပဲ လူအများကိုပါ ပြန်ပြီးတော့ သွေးပျက်လာစေခဲ့ပါတယ်။
ခေတ်အဆက်ဆက်က သူတို့ အတွက် အန္တရာယ်ရှိတယ်လို့  ယူဆရင် အနံ့ သဲ့သဲ့လေးရရုံနဲ့ တောင် အမြစ်ပါမကျန်အောင် မြေလှန်ရှင်းထုတ်တတ်မြဲဖြစ်တဲ့ အစိုးရရဲ့  စစ် ၊ ရဲ ထောက်လှမ်းရေး ကွန်ယက်အသီးသီး ဟာ ဘယ်တုန်းကမှ မညံ့ ခဲ့တဲ့အပြင် ကြက်သီးထစရာကောင်းေ 
အာင် တော်တယ်ဆိုတာ နိုင်ငံရေးအကျဉ်းသားတွေက သက်သေကောင်းပါ။ တုတ်တုတ်လှုပ်လို့ တောင်မှ မရခဲ့တာပါ။ အစိုးရမတူလို့ လို့  မပြောပါနဲ့ ။ လူမပြောင်း စံနစ် ပြောင်းယောင်ယောင် အစိုးရဆိုတာ လူတိုင်းအသိပါ။
မိထ္ထီလာငြိမ်တော့ အဖျက်သမားလို့  ယူဆရပါတယ်ဆိုတဲ့ သာမန် ခိုးဆိုးနှိုက်တွေပဲ အမိပြပါတယ်။ ခွာစစ်က စံနစ်တကျ ပြန်ဆုတ် သွားကြပါတယ်။ နောက်မြို့ တွေဆီကို စံနစ်တကျပဲ ရွေ့ လျားကြပါတယ်။ စံနစ်တကျ ဖျက်ဆီးပြကြပြန်ပါတယ်။ စံနစ်တကျပဲ ၀ါဒဆက်ဖြန့် ပါတယ်။ စံနစ်တကျပဲ အကြောက်တရားရယ် ၊ သံသယရယ် ကို သပ်လျှိုထည့်ပေးကြပြန်ပါတယ်။ တိုင်းပြည်ဖျက်ဖို့  အကောင်းဆုံးလက်နက်က ကောလဟာလရယ် ၊ အကြောက်တရားရယ် ၊ သံသယရယ်ကို လူအုပ်ကြားကို ထုတ်လွှင့်ပေးခြင်းပါ။ ပေါ့ပေါ့လေးလို့  ကျွန်တော်တို့ ထင်နေရင် မှားကြတော့မှာပါ။ ဒီနေ့ ၁၄၄ ထုတ်လိုက်တဲ့မြို့ တွေကို့ ကြည့်ရင် ပျံ့ နှုန်းဘယ်လောက်မြန်အောင် သူတို့ လှုပ်ရှားနိုင်တယ်ဆိုတာ သဘောပေါက်ကြရပါလိမ့်မယ်။
ဒီပဲရင်းလူသတ်ပွဲရဲ့  ဖန်တီးရှင်လက်ရာတွေ ဖြစ်ဖို့ များပါတယ်။ ဦးအောင်သောင်းရဲ့  မွေးရပ်နယ်က ပျောက်သွားကြတယ်ဆိုတဲ့ လူမိုက်တွေရဲ့ အကြောင်း၊ မြန်မာပြည်က ဦးတေဇထက် ချမ်းသာတယ်လို့  အဆိုရှိတဲ့ ဦးအောင်သောင်းသား ပြည်အောင်ရဲ့  ရူးသွပ်မှုနဲ့ စည်းစိမ်နောက်ခံအင်အား ၊ စာဖတ်နေသူကြီး အယုံကြည်ဆုံး အားအကိုးဆုံးဖြစ်တဲ့ သက်တော်ရှည်အမတ် ဦးအောင်သောင်း၊ ဖိုးလပြည့်ရဲ့  သတင်းထွက်ပေါ်လာမှုအပေါ် ဒေါသအမျက်တချောင်းချောင်း ခံစားသွားခဲ့ရတဲ့ အနားယူ စာဖတ်နေတဲ့သူကြီးရဲ့  အတ္တမာနကို ထိပါးသွားရမှု တို့ က အများကြီး ထည့်စဉ်းစားစရာပါ။
ဦးရွှေမန်းဟာ နအဖထဲမှာ တတိယပုဂ္ဂိုလ်အဖြစ် နေရာပေးခြင်းနဲ့  နှစ်အတော်ကြာ မြှောက်စားခံခဲ့ရတာပါ။ အနာဂတ်ရဲ့ သမ္မတလို့  တပ်တွင်းမှာ သဘောပေါက် နားလည်ထားခဲ့ကြတာပါ။ ကာကွယ်ရေးဦးစီးချုပ်အဖြစ် မျှော်မှန်ခိုင်းထားခဲ့တဲ့ သူရမြင့်အောင်ကို ဇွတ်နားစေခဲ့တာ ၊ လွှတ်တော်မှာ အစိုးရဖွဲ့ တဲ့အခါကြတော့မှ သမ္မတပေးမယ်ဆိုတဲ့ ဦးရွှေမန်းက လွှတ်တော် ဥက္ကဌပဲ ဖြစ်သွားခဲ့ရတာတွေက အာဏာရှင်ကြီးရဲ့  အနီးကပ် လျပ်တစ်ပြက် ရိုက်ချက်ပါ။ အဲဒီနေ့ က ဦးရွှေမန်းမိန်းမ ဒေါ်ခင်လေးသက် သူ့ အိမ်မှာ လာသမျှလူကို ဦးသန်းရွှေ မကောင်းကြောင်း အော်ဟစ်ဆဲဆို ငိုကြွေးကျိန်ဆဲနေခဲ့တယ်ဆိုတာ သိမြင်ကြားကြသူတွေ မနည်းရှိခဲ့တာပါ။
အဲဒီအချက်က အရေးမကြီးဘူးလို့ ယူဆလို့ မဖြစ်ပါဘူး။ သမ္မတရဲ့  အုပ်ချုပ်ရေးအာဏာ ၊ တရားဥပဒေရဲ့ တရားစီရင်ရေးအာဏာ စိန်အခေါ်ခံရပြီး ဥပဒေပြုရေးအာဏာကသာ ကျန်အာဏာနှစ်ရပ်ကို ပီပီပြင်ပြင် လွှမ်းမိုးသွားလိုက်နိုင်နေပြီ ဆိုတာ ဒီနေ့ နိုင်ငံ့အရေးကို စိတ်ဝင်တစားရှိတဲ့သူတိုင်း မြင်တွေ့ လက်ခံထားနေရတဲ့ အခြေအနေပါ။ ဥပဒေခုံရုံးကိစ္စ ၊ စာရင်းစစ်ချုပ် ကိစ္စတွေသာမကပါဘူး။ အခုနောက်ဆုံး မိထ္ထီလာ ပြသနာမှာ နိုင်ငံရဲ့ တရားဝင်သမ္မတက ၊ အတိုက်အခံ လွှတ်တော်အမတ်နဲ့ သာမက ပြည်သူ့ လွှတ်တော်ဥက္ကဌနဲ့ ပါ ပူးတွဲ သဘောတူညီချက် ထုတ်ပြန်ပြလိုက်ရပါတယ်။ ဒီအရေးအခင်းတွေမကြာခင်က ဦးခင်ညွန့် ကို ဦးရွှေမန်းက တရားဝင် ပွဲထုတ်ပြလာခဲ့ပါတယ်။
Eleven မီဒီယာဟာ ဦးရွှေမန်းသားရဲ့  ရှယ်ယာ အများစုပါတာ.. ဇေကမ္ဘာဦးခင်ရွှေနဲ့  ဦးခင်ညွန့် ဟာ ဗိုလ်ချုပ်တင့်ဆွေရဲ့ စံနစ်တကျ ပြုစုပျိုးထောင်မှုအောက်က ရည်မှန်းချက်တူညီတဲ့ ဂိုဏ်းတူသွေးသောက် ညီအကို တွေ ဖြစ်နေခဲ့တာ... ဦးခင်ရွှေဟာ ဦးရွှေမန်းရဲ့  ခမည်းခမက် ဖြစ်နေခဲ့တာ.. တိုးနိုင်မန်းဟာ စည်းစိမ်ဥစ္စာသာမက အနာဂတ်ရဲ့  အုပ်ချုပ်ရေးအာဏာအထိပါ မျှော်မှန်းထားတာ ...တွေဟာ ဆက်စပ်ကြည့်တဲ့အခါ ကြောက်စရာ ကောင်းနေတဲ့ ပေးထားချက်တွေအဖြစ် ရှိနေခဲ့ကြပါတယ်။
သမ္မတကြီးဟာ အရုပ်ပဲ ၊ ရုပ်သေးပဲ ၊ ကြိုးဆွဲခံနေရတဲ့သူပဲဆိုတာ ဒီနေ့ အထိ ဖြစ်ပျက်နေသမျှ တိုင်းပြည်အခင်းအကျင်းတွေကိုကြည့်ရင် သိသာနေခဲ့တာပါ။ ဦးရွှေမန်းဟာ သိပ်ကြောက်စရာ ကောင်းတဲ့သူပါ ။ သွေးအေးပါတယ်။ စိတ်ရှည်ပါတယ်။ အကြံကြီးပါတယ်။ အကွက်စေ့ပါတယ်။ လုပ်ရဲပါတယ်။
ဦးရွှေမန်းအနည်းငယ် လန့် နေတဲ့အရာက တပ်ချုပ်ကြီးပါ။ ကာချုပ်မင်းအောင်လှိုင်ပါ။ အခုအချိန်ထိတော့ တပ်ချုပ်ဟာ ဦးရွှေမန်းကို ခါးသီးပါတယ်။ မနှစ်မြို့ ပါဘူး။ အဲဒီအကြောင်းကိုလည်း ဖုံးကွယ်မထားပဲ တပ်တွင်းတွေ့ ဆုံပွဲတွေမှာ အလျဉ်းသင့်သလို ထုတ်ပြောလေ့ရှိပါတယ်။ ဦးရွှေမန်းရဲ့  မဲဆန္ဒနယ်က တပ်ချုပ်ရဲ့  ပိုင်နက်ဧရိယာအတွင်းမှာ ရှိနေပြီး လိုအပ်ခဲ့ရင် လွှတ်တော်ကိုယ်စားလှည်အဖြစ်က ဖြုတ်ချပစ်လိုက်ဖို့  မဲလက်မှတ်တွေကို အဆင်သင့် စုဆောင်းထားရှိပြီးပြီ ဆိုတာကိုပါ ဦးရွှေမန်းကိုပါ သိရှိစေခဲ့သူပါ။ အဲဒါကြောင့်လည်း ဦးရွှေမန်းဟာ တပ်မတော် ဘတ်ဂျက်အပါအ၀င် တစ်ချို့ ကိစ္စတွေမှာ တပ်နဲ့ ထိပ်တိုက်မတွေ့ တော့ပဲ လိုက်လျောပေးခဲ့သလို ၊ ဦးသန်းရွှေ အကြိုက်သဘောတွေ့ နိုင်တာတွေကို လုပ်ပေးနိုင်အောင်လို့  အသည်းအသန် ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် သမ္မတဟာလည်း လက်ရှိရုပ်သေးအာဏာကိုတောင် တည်မြဲဖို့  ကာချုပ်ကို အားကိုးနေရတဲ့သူ ဖြစ်လို့ လာပါတော့တယ်။ အဲဒါကြောင့် အခုဖြစ်ပျက်နေတဲ့ နိုင်ငံအ၀ှမ်းက မငြိမ်မသက်မှုတွေက အတွင်းမှာ နက်ရှိုင်းကြီးမားတဲ့ ရန်သူရှိနေပါတယ်။ ကျွန်တော်တို့  မျော်မှန်းနိုင်တာထက် ကြီးမားတဲ့ ဆင်ကွက်တွေ ရှိနေပါတယ်။ သာမာန် ဘာသာရေး အဓိကရုန်း ၊ လူမျိုးရေး အဓိကရုန်း မဟုတ်ပါဘူး။
ဒီမိုကရေစီ အငွေ့ အသက်ကလေး နည်းနည်းပါးပါးရလာအောင် ပန်းခင်းတဲ့လမ်းတွေကို ကျွန်တော်တို့  ဖြတ်သမ်းလာခဲ့ကြရတာမဟုတ်ပါဘူး။ သွေးတွေ ၊ မျက်ရည်တွေ ၊ အသက်တွေ ၊ ဘ၀တွေ နဲ့  ဆင်းရဲမှုအထွေထွေကို ရင်းလာခဲ့ကြရတာပါ။ဒီလောက်ရင်းထားခဲ့ပြီးမှတော့ ဒီလိုလွယ်လွယ်နဲ့  သူတစ်ပါးကို ဖျက်ဆီးခွင့်ပေးလိုက်လို့ မဖြစ်ပါဘူး။ မူဆလင်တွေရော၊ဗုဒ္ဓဘာသာတွေရော ရဲ့  ဘုံရန်သူက စစ်အာဏာရှင်တွေပါ။ အတူတူတိုက်ပြီး အတူတူပဲ ရင်စည်းခံလာခဲ့ကြရတာပါ။ ခံခဲ့ရတဲ့သူအချင်းချင်း သခင်အားရအောင် ကျွန်တော်တို့  တိုက်ခိုက်ပေးကြမလား။ အတူတူ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်ကို ဆက်တိုက်ကြမလား ဆိုတာကို ကျွန်တော်တို့  ရွေးချယ်ကြရပါလိမ့်မယ်။ ကျွန်တော်တို့ တွေ ခွပ်ကောင်းကောင်းနဲ့  ခွပ်နေလိုက်ကြတာ ၊ ယာလည်းညက်စေ၊ ကြက်လည်း ပန်းစေ ဖြစ်တဲ့အခါမှ အဆင်သင့် ရိုက်သတ်မယ့်သူက အဆင်သင့်ပါ ။
ကျွန်တော်တို့ ဟာ တန်ခိုးရှင်လို အရာတွေကို အားကိုးမျှော်လင့်နေတာထက် ကိုယ့်ရဲ့ အသိညဏ်ရေချိန်ကို တိုးမြှင့်ကြည့်ပြီးသတိကြီးကြီးနဲ့  ကိုယ့်ဘ၀တွေကိုယ် ကာကွယ်ကြမှ ဖြစ်တော့မယ့် အခြေအနေကို ရောက်နေပါပြီ။ ကျွန်တော် ပြောခဲ့ပါတယ်။သူတို့ ဟာ အာဏာအတွက် ကျွန်တော်တို့ ကို ၊ ကျွန်တော်တို့ တိုင်းပြည်ကို ဘာမဆို လုပ်ရက်နိုင်တဲ့ အာဏာရူးကြီးတွေသာ ဖြစ်ပါတယ်။ အရာရာကို ကျွန်တော်တို့ သတိနဲ့ ဆင်ခြင်မှသာ ရပါလိမ့်မယ်။ ။
ပြည်ချစ်သူ
No comments:
Post a Comment