Thursday, March 7, 2013

ထိုင်းစစ်တပ်မှပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ၁၅ ဦးသေဆုံး


B News 
7.3.2013 
ဖူးကတ် ။ ။ ထိုင်းနိုင်ငံလုံခြုံရေးတပ်ဖွဲ့ဝင်များကရိုဟင်ဂျာလှေစီးဒုက္ခသည်များကို ဖူးကတ်မြို့မြောက် ပိုင်းတွင်ပစ်ခတ်ခဲ့ရာ အနည်းဆုံး ၂ ဦးမှ ၁၅ ဦးထိသေဆုံးခဲ့ကြောင်း အသက်ရှင်ထွက်ပြေးလွတ် မြောက် လာသူ ၃ ဦးနှင့်၎င်းတို့အားအကာအကွယ်ပေးထား သည့်ထိုင်းလူမျိုးရွာသားများ၏ပြောကြားချက်များ အရသိရှိရပါသည်။ 
ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် မြန်မာနိုင်ငံမှဒုက္ခသည် ၁၁၀ ဦးတင်ဆောင်၍ရောက်ရှိ လာသောစက် လှေမှ ဒုက္ခသည် ၂၀ ဦးကို ထိုင်းစစ်တပ်မှခေါ်ယူသွားရာတွင် အချို့သောဒုက္ခသည် များမှမိသားစုများ နှင့်တကွဲတပြားဖြစ်သွားမည်ကိုစိုးရိမ်၍ ရေထဲသို့ခုန်ချခဲ့သည်။ ထိုသို့ခုန်ချသည့်အတွက် ထိုင်းစစ်တပ်မှ ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးမှပြောပါသည်။ 
အသက်ရှင်လျက်ထွက်ပြေးလွတ်မြောက်လာသူ ၃ ဦးဖြစ်သည့် ဟာဘူမာရာ (အသက် ၂၀ နှစ်)၊ ရဖိခ် (အသက် ၂၅ နှစ်) နှင့် ဂျမာလ် (အသက် ၁၆ နှစ်) တို့သည် ထိုသို့ပစ်ခတ်နေစဉ်အချိန်တွင်ရေကူး၍ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းနှင့်၎င်းတို့အားစာနာထောက်ထားသောရွာသားများမှအကာအကွယ် ပေး ထားကြောင်း ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် Phuket Wan သို့ မတ် လ (၅) ရက်နေ့ကပြောကြားခဲ့သည်။ 
ရိုဟင်ဂျာများကိုမြှပ်နှံထားသည့်ကျင်းနှစ်ကျင်းကို Phuket Wan သတင်းထောက်နှင့် သြစတြေးလျ ရုပ်မြင်သံကြားသတင်းဌာနတို့မှသတင်းထောက်များက မတ်လ (၅) ရက်နေ့တွင်တွေ့မြင်ခဲ့သည်။ 
လွတ်မြောက်လာသူ ၃ ဦး၏အဆိုအရ ပစ်ခတ်ခဲ့သည့်လုံခြုံရေးတပ်ဖွဲ့ဝင်များမှထိုင်းရေတပ်မှဖြစ်သည် ဟုပြောဆိုသော်လည်း ရွာသားများကမူ အဆိုပါပစ်ခတ်သူများသည်ထိုင်းစစ်တပ်၏အဖွဲ့အစည်းခွဲတစ် ခုဖြစ်သည်ဟုဆိုပါသည်။ 
ယခင်ကလည်း ထိုင်းစစ်တပ် သို့မဟုတ် လုံထိန်းတပ်ဖွဲ့ဝင်များမှ မွတ်စလင်ရိုဟင်ဂျာများအပေါ် မတရားညှင်းပန်းနှိပ်စက်မှုများပြုလုပ်ခဲ့သည်။ ထိုင်းရေတပ် အမှတ် (၃) မှဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သာရာသုန်းကဂျီတ်စူဝန်မှယခုပစ်ခတ်မှုနှင့်ပတ်သက်၍ှတ်ချက်ပေးရန်ငြင်းဆိုခဲ့ကြောင်းသိရပါသည်။ 
ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ရိုဟင်ဂျာဒုက္ခသည်များသယ်ဆောင်လာသောစက်လှေသည်ဓါတ်ဆီ ကုန်ခန်းသွားပြီးနောက်ထိုင်းငါးဖမ်းသမားများက ၎င်းတို့အား နိုင်ငံတကာခရီးသွားအများအပြားလည် ပတ်လေ့ရှိသည့် စူရင်းကျွန်းသို့ခေါ်သွားခဲ့ကြောင်း အသက်ရှင်လွတ်မြောက်လာသူ ရဖိခ်မှပြောပါ သည်။ ၎င်းတို့အားဒေသခံများမှ အဆိုပါကမ်းခြေတွင်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး၊ ကျွေးမွေးခဲ့ သည်။ ညနေ ၆ နာရီခွဲတွင်စစ်တပ်မှရေယာဉ်တစ်စီးရောက်ရှိလာပြီး ရိုဟင်ဂျာများ၏စက်လှေအား ကမ်းခြေဘက်ကိုဆွဲယူခဲ့သည်။ 
ရွာသားများမှစိတ်မပူရန်နှင့်ဒုက္ခသည်များအားလုံခြုံစွာမြို့ပေါ်သို့ပြောင်းရွှေ့ပေးရန်ရောက်လာခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်ဟု ရဖိခ်မှပြောပြခဲ့သည်။ သို့သော်လည်း နောက်နေ့မနက်ပိုင်းတွင်ဒုက္ခသည် ၂၀ ဦးကိုသာပြောင်းရွှေ့ပေး ရန်စီစဉ်ခဲ့ပြီးနောက် ပစ်ခတ်မှုစတင်ခဲ့သည်။ 
“ကျွန်တော်တို့မပြောင်းဘူးလို့ဆုံးဖြတ်လိုက်တော့ သေနတ်ကိုမိုးပေါ်ထောင်ပစ်တယ်။ အဲဒါနဲ့ကျွန် တော် တို့ရေထဲခုန်ချတော့ ရေထဲကိုသေနတ်နဲ့ပစ်တယ်။” ဟုရဖိခ်မှပြောပြပါသည်။ ဒေသခံငါးဖမ်းသ မားများကလည်းသေနတ်သံကြားခဲ့သည်။ ရဖိခ်နှင့်အခြားသောသူများကိုအချိန်တန်ကြာတွင်ကယ် ဆယ်နိုင်ခဲ့သည်။ အလောင်းနှစ်လောင်းအားရေထဲမှဆယ်ယူ၍ မြှပ်နှံခဲ့သည်။ ငါးဖမ်းသမားများမှ ရေထဲ တွင်အလောင်းများစွာတွေ့ခဲ့ပြီး ၁၅ ဦးသေဆုံးဖွယ်ရှိသည်ဟုပြောပါသည်။ 
ဖူးကတ်မြို့မြောက်ပိုင်းဒေသခံများမှယခုအခါ အသက်ရှင်လွတ်မြောက်လာသူ ၃ ဦးနှင့်ယခင် စက်လှေ နှင့်ရောက် ရှိလာသူ ၁ ဦးကိုနေခွင့်ပေးထားသည်။ စစ်တပ်မှအခင်းဖြစ် ပွားပြီးနှစ်ရက်မြောက်နေ့တွင် အသက်ရှင်လွတ်မြောက်ခဲ့သူများကိုရှာဖွေခဲ့သော်လည်း ၎င်းတို့အားရွာသား များ မှလုံခြုံအောင်ထားခဲ့ သည်။ ကျန်ရှိသည့် ၁၀၀ ကျော်သောရိုဟင်ဂျာ များကိုစစ်တပ် မှရေယာဉ်ဖြင့်ဆွဲ၍ခေါ်ဆောင် သွားသောကြောင့် တို့၏ကံကြမ္မာမှာမည်သို့ဖြစ်မည်ကိုတွေးဆ၍မရပေ။ ယခင်ကထိုင်းစစ်တပ်မှလူကုန်ကူးမှုဂိုဏ်းများနှင့်ပူးပေါင်း၍ဒုက္ခသည်များကိုရောင်းချလေ့ရှိကြောင်းစွပ်စွဲခံခဲ့ ရဖူးသည်။ 
“ကျွန်တော်တို့အားလုံးကမလေးရှားနိုင်ငံကိုသွားဖို့ထွက်လာခဲ့တာပါ။ အဲဒီကနေသြစတြေးလျနိုင်ငံကို သွားဖို့ အတွက်ပါ။ အခုတော့ကျွန်တော်တို့ဘာတွေဖြစ်ဦးမလဲဆိုတာမသိတော့ဘူး” ဟုဟာဘူမာရာမှ ပြော ပါသည်။ 
မြန်မာနိုင်ငံတွင်းညှင်းပန်းနှိပ်စက်မှုများမှတိမ်းရှောင်နေသည့်ရိုဟင်ဂျာများအတွက် အောက်တိုဘာလမှ ဧပြီလသည် ပင်လယ်ပြင်ခရီးစဉ်သွားနိုင်သည့်အချိန်ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် ထိုင်းစစ်တပ်မှလျှို့ ၀ှက်စွာစီမံခဲ့သည့်မူဝါဒဖြစ်သည့် စက်လှေမှစက်အင်ဂျင်ဖြုတ်၍ ရေထဲသို့မျှောသည့်လုပ်ရပ်ကြောင့် ရာ ပေါင်းများစွာသောရိုဟင်ဂျာများသေဆုံးခဲ့ရသည်။ ထိုမူဝါဒကိုထိုင်းဝန်ကြီးချုပ်ဟောင်း အဘီစစ်ဘေဂျာ ဂျီဗာမှဖျက်သိမ်းခဲ့သည်။ နောက်ပိုင်းတွင်ရောက်ရှိလာသူများကို အစားအစာနှင့်ဓါတ်ဆီပေး၍ ကမ်း ကပ်ခွင့်မပေးဘဲ ပြန်လည်မောင်းထုတ်သည့်မူဝါဒကိုချမှတ်ခဲ့သည်။ 
ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ဒုက္ခသည် ၁၇၀၀ ကျော်ထိန်းသိမ်းထားပြီး ၎င်းတို့၏ကံကြမ္မာကိုလာမည့်ဇူလိုင်လမတိုင်မှီဆုံးဖြတ်ရမည်ဖြစ်သည်။

No comments:

Post a Comment