Thursday, March 28, 2013

အုတ်ဖိုမြို့ မှ နောက်ဆုံးရ အပျက်အစီးစာရင်း

1.ဦးဟာဘိဆေးဆိုင်
2. ဦးထွန်းနုစတိုး
3. မိုးညိုတန်းကြက်ဘဲဆိုင်
4. ဦးစိုးဝင်း စတိုး
မွတ်စလင်မ်အိမ်ခြေ (၃၀)၀န်းကျင်၊ ဗလီ(၁)လုံးနှင့်ဘာသာရေး စာသင်ကျောင်း(၁)ကျောင်း
လက်ဖက်ရည်ဆိုင်နဲ့
လျှပ်စစ်ဆိုင်တဆိုင်
အသေအပျောက်မရှိ
ဒဏ်ရာရသူမရှိ

လာရောက်ဖျက်စီးသူများမှာ ဒေသခံများ လုံးဝ မဟုတ်ပဲ မျက်နှာစိမ်းများသာ ဖြစ်ကြောင်းသိရသည်။
မြို့ခံ ဘုန်းကြီးများနှင့် ရဲများက ဗလီကို အတတ်နိုင်ဆုံး ကာကွယ်ပေးသော်လည်း အကြမ်းဖက် သမားများမှာ လူအင်အား အဆမတန် များပြားပြီး တမြို့လုံးအား မီးလောင်တိုက် သွင်းမည်ဆိုသော်ကြောင့် နောက်ဆုတ်ပေးလိုက်ရသည်ဆိုသည့်သတင်းမှာလည်း အမှန်ပင်ဖြစ်ကြောင်း အတည်ပြုလိုက်ရပါသည်။

အိမ်နီးချင်း ဗုဒ္ဒဘာသာအိမ်တအိမ်မှာ လည်း မီးရှို့မည်ဟု ခြိမ်းခြောက်ခံရပြီး အတန်တန် တောင်း ပန်သော်ကြောင့် နောက်ဆုံးတွင် သူတို့ လိုချင်သည့်ပစ္စည်းများ ထုတ်ပေးကာ ဖျက်စီးခြင်းခံခဲ့ရပါသည်။
ရရှိလာသော အပျက်အစီး ဓာတ်ပုံများကိုလည်း တင်ပြပေးပါမည်။ဓာတ်ပုံများ၊ သတင်းဖြစ်စဉ်များကို အကြမ်းဖက်မှူအား မလိုလားပဲ အမှန်တရားကို အမြန်ဆုံးပေါ်ပေါက်စေချင်ပြီး တည်ငြိမ်အေးချမ်းမှူ ကိုလိုလားသော မြန်မာလူမျိုး ဗုဒ္ဓဘာသာ ဝင် စစ်စစ် ဒေသခံတစ်ဦးမှ ပေးပို့လားခြင်းဖြစ်ပါသည်

No comments:

Post a Comment