Sunday, February 17, 2013 `
မြန်မာမွတ်စလင်မီဒီယာ
ဟောင်းနွမ်းအိုမင်းနေသော သာကေတမြို့နယ် မန်ပြေ(၃)၊ (၁၉)လမ်းအနောက် အမှတ် (၁၁၂၈)မှာရှိ တဲ့ မြန်မာမွတ်စလင်မ် ဘာသာရေး ကျောင်း အား ပြင်ဆင် ခွင့် လျောက်ထား ခဲပြီး ပြင်ဆင် ခွင့်ရသဖြင့် စတင်ပြင်ဆင်ရန်ပြု လုပ်စဉ် ဒေသခံ မာန်ပြေ ၁၉ လမ်း အနောက်လမ်း ရှိ ဗုဒ္ဓဘာသာဝင် အစွန်းရောက် များမှ စစ်စခန်းဖွင့်ရန်ဟု လုပ်ကြံ ၀ါဒဖြန့် သတင်းများလွင့် ပြီး ဖျက်ဆီးရန် အစွန်းရောက် အကြမ်း ဖက် အင်အား (၃၀၀)ကျော် စုရုံးရောက်ရှိကြောင်း ယင်းသို့ တရားဥပဒေမဲ့ လုပ်ရပ်အား တားဆီး ရန် ရန်ကြိုး စားသော မွတ်စလင်မ် များအား ၀ိုင်းဝန်းရိုက်နှက်ကြသဖြင့် မွတ်စလင်မ် အချို့ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။
အခင်းဖြစ်ရာနေရာမှာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ပါတီတာဝန်ရှိသူများဟာ ၀န်းရံ၍ လက်ပိုက်ကြည့်ရှုနေပြီး ၀တ်ပြုကျောင်းရဲ့ တာဝန်ရှိသူများနဲ့ အနီးရှိ မွတ်စလင်မ်များ အား ရှောင် ဖယ်နေပေးကြရန် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ လိုက်လံပြောဆိုနေပါတယ်။
ယင်းသို့ အာဏာပိုင်များမှ အစွန်းရောက်များရဲ့ အကြမ်းဖက်မှုများကို တားဆီးခြင်းမပြုသည့်အပြင် အကြမ်း ဖက် တိုက်ခိုက် မှုများအား အေးဆေးစွာ ပြုလုပ်နိုင် ရန် အစ္စလာမ် ဘာသာဝင် များအား အခင်းဖြစ်နေရာ မှ ရှောင် ဖယ် ခိုင်းရင်း ကာကွယ်ပေး ထားသည့် အတွက် မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး သည် နိုင်ငံ တကာ ရဲ့ မေးခွန်း ထုတ်စရာ ဖြစ် လာတယ်လို့ အကဲခတ်ကြပါတယ်။
ယခု နောက်ဆုံးကြားသိရသည့် သတင်းအရဆိုလျှင် အစ္စလာမ် သာသနာရေးရာ အဖွဲ့အစည်းများမှ အခင်းဖြစ်နေရာသို့ သွားရောက်လေ့ လာရန် ရောက်ရှိ လာခြင်းအား အကြမ်းဖက်၍တားမြစ်ခံရကြောင်းနှင
ပတ်ဝန်းကျင်တွင် ရဲကား ၄ စီးခန့်ရှိသော်လည်း တစ်စုံတစ်ရာ တားဆီးခြင်း မရှိကြောင်း ယခုအချိန်တွင် အကြမ်း ဖက်သမားများက ၀တ်ပြုဆောင် အထက်ပိုင်း ရှိပြန်လည်ပြုပြင်ထားသော အပိုင်းများအား ဖျက် ဆီးလျက်ရှိနေကြောင်းရပ်ကွက် NLD မှ ဦးကျော်ထွေး အပါအ၀င်NLDအဖွဲ့ဝင်အချို့ နှင် နိုင်ကျဉ်း ကျောင်း သားများမှ အခြေအနေကို လာရောက် ထိမ်းသိမ်း ရန်ကြိုးပမ်း ခဲ့ကြောင်း ရွှေဝါရောင်တော် လှန်ရေး တွင် ပါဝင် ခဲ့သော ဘုန်းတော်ကြီး များမှ မင်းတို့ ဖျက်လို့ ရနေပြီပဲ ကြွေးကြော်သံတွေ ဘာတွေ အော်မနေကြနဲ့ ဟု ပြောသဖြင့် ကြွေးကြော်သံများ မအော် ကြတော့သော်လည်း ယခု လက်ရှိအချိန်အထိဆက်လက် ဖျက်စီး လျက် ရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါဝတ်ပြုဆောင်သည် သာကေတမြို့နယ် ၃ ရပ်ကွက် ၁၈လမ်းနှင့် ၁၉ လမ်းအကြားတွင် တည် ရှိကြောင်း သိရှိရပါသည်။

No comments:
Post a Comment