ရန်ကုန်..ဖေဖေါ်ဝါရီ. ၁ရက်
မြန်မာနိုင်ငံရှိနိုင်ငံရေး သမား များလိုမကျင့်ရန်နှင့် လွတ်လပ်သောအတွေး အခေါ်များ ကိုထိုးဖေါက်ကျင့်သုံး
ကြရမည်ဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားသတင်းစာဆရာ ကြီးဟံသာဝတီဦးဝင်းတင်ကဇန်န၀ါရီ ၃၁ ရက်က ကျင်းပသောလွတ်လပ် ခြင်းအနုပညာရုပ်ရှင်ပွဲတော်ဆုပေးပွဲအခမ်းအနားတွင်ပြောကြားခဲ့သ ည်။
ကျနော်တို့ပါတီမှာလုပ်တယ်ဆိုတာ နွားလိုလုပ်တယ်၊နွားလိုပဲနောက်ေ နပြီးတော့ဖြောင့်ဖြောင့်လိုက်တယ်၊ ဒါ ကျနော်တို့စိတ်ကူးပဲ၊သို့သော် ကျနော်တို့ဟာ နွားမဟုတ်ဘူး၊နွားလို့ကျင့်ဖို့ မလိုဘူး၊ ကျနော်တို့မှာဦးနှောက် ရှိတယ်၊ ပါးစပ်ရှိတယ်၊ ပါတီလုပ်ငန်းတွေနောက်ဖြောင့်ဖြောင့်ကြီးလိုက်တယ်ဆိုတဲ့စိတ်ဓါတ်မွေးသော်ငြား လည်းကျနော်တို့ဟာနွားမဟုတ်တဲ့အတွက်ကျနော်တို့လွတ်လပ်တဲ့အတွေးအခေါ်ကိုထိုးေ ဖါက်ပြီးကျင့် သုံးမယ် ဟု ဦးဝင်းတင်ကဆိုသည်။
ထို့အပြင်နိုင်ငံရေးသမားများသည် တိုင်းပြည်၏နိုင်ငံရေးကိစ္စ၊စီးပွားရေးကိစ္စ၊လူမှု့ရေးကိစ္စများဆောင်ရွက်
ရင်း လွတ်လပ်ခြင်းမရှိပဲ ဖြတ်တတ်ကြောင်း၊ပါတီအတွင်း၌ကောင်း၊အာဏာရှင်များနှင့်ရင်ဆိုင်ရာ
တွင်ကောင်း၊လူထုနှင့်ထိတွေ့ဆက်ဆံရာတွင်လည်းကောင်း၊လွတ်လပ်မှု့ကိုကျင့်သုံးရမည်ဖြစ်ကြောင်း ဦးဝင်းတင်ကဆိုသည်။
ကျနော်တို့ဟာနွားတွေမဟုတ်တဲ့အတွ က်ဒီလွတ်လပ်တဲ့အတွေးအခေါ်တွေကိုကိုင်ဆွဲမယ်၊ ကျင့်သုံးမယ်၊ ထို့အတူပဲ လွတ်လပ်တဲ့အနုပညာတွေရှိအောင်လည်း ကျနော်တို့ကိုယ်တိုင်ဖန်တီးတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းဟာ အနုပညာနဲ့ကင်းလို့မရဘူး၊အနုပညာမ ရှိရင်အလွန်ကို ခမ်းခြောက်တဲ့
မြက်ခြောက်ဖြစ် သွားမယ် ဟု ဦးဝင်းတင်ကထပ်လောင်းပြောကြားသွားသည်။
အနုပညာစိတ်ဓါတ်မရှိသူများကအာဏာရ လျှင်သော်၎င်း၊အာဏာလက်လွှတ်ရလျှင်သော်၎င်း၊ နိုင်ငံရေး ခမ်းခြောက် မှု့မျိုးတွေ့ရကြောင်း ၄င်းက ဆိုသည်။
Credit: NLH .. (ဖီလော်ဆိုဖာမောင်မြသာ)
မြန်မာနိုင်ငံရှိနိုင်ငံရေး သမား
ကြရမည်ဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားသတင်းစာဆရာ
ကျနော်တို့ပါတီမှာလုပ်တယ်ဆိုတာ နွားလိုလုပ်တယ်၊နွားလိုပဲနောက်ေ
ထို့အပြင်နိုင်ငံရေးသမားများသည်
ရင်း လွတ်လပ်ခြင်းမရှိပဲ ဖြတ်တတ်ကြောင်း၊ပါတီအတွင်း၌ကောင
တွင်ကောင်း၊လူထုနှင့်ထိတွေ့ဆက်ဆ
ကျနော်တို့ဟာနွားတွေမဟုတ်တဲ့အတွ
မြက်ခြောက်ဖြစ် သွားမယ် ဟု ဦးဝင်းတင်ကထပ်လောင်းပြောကြားသွ
အနုပညာစိတ်ဓါတ်မရှိသူများကအာဏာရ
Credit: NLH .. (ဖီလော်ဆိုဖာမောင်မြသာ)
No comments:
Post a Comment