ရခိုင်ပြည်နယ်ရှိ ဘေးဒဏ်သင့် ဒုက္ခသည်များအား အကူအညီပေးရေးနှင့် ပတ်သက်၍ ဒီဇင်ဘာလ (၅)ရက်နေ့က စစ်တွေမြို့ သို့ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးဆိုင်ရာလက်ထောက်အတွင်းရေး မှူးချုပ် Ms. Baroness Valerie Amos နှင့် စစ်တွေမြို့မှ သတင်းထောက်များ တွေ့ဆုံစဉ် ယခုလို မေးမြန်းခဲ့ကြသည်။
မေး။ ။ ရခိုင်ပြည်နယ်အတွက် ကုလသမဂ္ဂ ထောက်ပံ့ရေးလုပ်ဆောင်ချက်တွေမှာ
ဖြေ။ ။ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ ကြုံတွေ့နေရတဲ့အခက်အခဲကတော့ အကူအညီလိုအပ် နေတဲ့သူတွေဆီ အကူအညီပေး ဖို့လိုနေတုန်း မကူညီသေးတာ ပထမဆုံး အခက်အခဲဖြစ်ပါတယ်။ အကူအညီ လိုအပ်မှုတွေ လိုအပ်နေတာကတော့ အများကြီးပါ။ စားနပ်ရိက္ခာ ကျန်းမာရေး ပညာရေး တွေဟာလဲ အများကြီးလိုအပ်နေတယ်။ နောက်အချက်ကတော့ ဒီအဖွဲ့စည်းနှစ်ခု ဘယ်လိုမျိုး ပြန်လည် သင့်မြတ်အောင်နေကြမလဲဆိုတာဟာလည်
မေး။ ။ ရခိုင်ပြည်နယ် ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အနေနဲ့ရှေ့ဆက်ပြီး ဘာတွေလုပ်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကူအညီတွေကို ယူအမ်အနေနဲ့ဘာတွေလုပ်ဆောင်သွားဖ
မေး။ ။ရခိုင်ပြည်နယ်ခရီးစဉ်မှာ ဒုက္ခသည်စခန်းတွေ သွားရောက်ခဲ့တယ်ဆိုတော့ ဘာတွေလိုအပ်ချက်တွေ တွေ့ခဲ့ပါသလဲ။
ဖြေ။ ။ တစ်ချို့နေရာတွေက နေအိမ်ရှိသလို တစ်ချို့နေရာတွေက လိုအပ်နေတာ တွေ့ရတယ်။ဥပမာ မိုးကာတဲအိမ်မှာဆိုလို့ရှိရင် လူတွေကပြည့်ကျပ်ပြီးနေရတယ်။ အဲ့တော့ ဒီလူတွေပြန်လည် နေရာချထားဖို့အတွက် တည်ဆောက်ဖို့ မြေနေရာတွေလည်း လိုအပ်တယ်။ နောက်ပြီးတော့ အခြေခံပညာရေးကျန်းမာရေးစတဲ့ အပိုင်းတွေမှာလည်း လိုအပ်နေတယ်။
တကယ်လို့အစိုးရအနေနဲ့ ဒီလူတွေကို သင့်မြတ်အောင်ဘယ်လိုမျိုးနေကြမလ
မေး။ ။ ရခိုင်အရေးခင်းမှာ ထိန်းသိမ်းခံထားတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ပေးဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ။ အထိန်းသိမ်းခံရတဲ့ ယူအမ်ဝန်ထမ်းတွေ ပြန်ခန့်မလား မခန့်ဘူးလားဆိုတာက အလုပ်အရည်အချင်းရှိတဲ့ အပေါ်မှာ မူတည်ပြီးခန့်ပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်ရှိဒုက္ခသည်တွေကို ကြာမြင့်စွာထားခြင်းဟာ ကုလသမဂ္ဂ အတွက်ဘယ်လိုမျိုး အခက်အခဲတွေ့ရှိနိုင်မလဲ။
ဖြေ။ ။ ရခိုင်ပြည်နယ်မှာ ဒီလိုမျိုးဒုက္ခသည်တွေ ကြာမြင့်စွာထားခြင်းအားဖြင့် ကုလသမဂ္ဂရော ဝန်ထုတ်ဝန်ပိုး ဖြစ်နေမလားဆိုတဲ့ အချက်က အစိုးရအပေါ်မှာ အများကြီးမူတည်ပါတယ်။ အစိုးရကဒီကိစ္စကို ပြီးစီးဆောင်ရွက်ရမှာ ဖြစ်တယ်။
မေး။ ။ ဘေးဒဏ်သင့်ပြည်သူတွေ အပေါ် ဆောင်ရွက်နေတဲ့ ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက် အပေါ် ဘယ်လိုမြင်မိပါသလဲ။
ဖြေ။ ။ ရခိုင်ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ်ဘယ်လိုမြင်ပါသ
မေး။ ။ ဒီရိုဟင်ဂျာအသုံးအနှုန်းအပေါ် ကုလသမဂ္ဂရဲ့ အမြင်လေး သိပါရစေ။
ဖြေ။ ။ မြန်မာအစိုးရက ရိုဟင်ဂျာမရှိဘူး။ ပြည်ပကျတော့ ရိုဟင်ဂျာလို့သုံးတယ်။ အဲဒါနဲ့ ပတ်သက်လို့ကတော့ သူတို့က ရိုဟင်ဂျာလို့ ဘာကြောင့်ခေါ်လည်း လူတွေက သူတို့ဘာ သူတို့ ရိုဟင်ဂျာလို့ သုံးနှုန်းတဲ့အတွက် ရိုဟင်ဂျာလို့ သုံးရခြင်းဖြစ်ပါတယ်။
![ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးတစ်ဦး၏ ရခိုင်ပဋိပက္ခအပေါ်အမြင်
ရခိုင်ပြည်နယ်ရှိ ဘေးဒဏ်သင့် ဒုက္ခသည်များအား အကူအညီပေးရေးနှင့် ပတ်သက်၍ ဒီဇင်ဘာလ (၅)ရက်နေ့က စစ်တွေမြို့ သို့ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးဆိုင်ရာလက်ထောက်အတွင်းရေး မှူးချုပ် Ms. Baroness Valerie Amos နှင့် စစ်တွေမြို့မှ သတင်းထောက်များ တွေ့ဆုံစဉ် ယခုလို မေးမြန်းခဲ့ကြသည်။
မေး။ ။ ရခိုင်ပြည်နယ်အတွက် ကုလသမဂ္ဂ ထောက်ပံ့ရေးလုပ်ဆောင်ချက်တွေမှာ ဘာတွေ အခက် အခဲတွေ့နေရပါသလဲ။
ဖြေ။ ။ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ ကြုံတွေ့နေရတဲ့အခက်အခဲကတော့ အကူအညီလိုအပ် နေတဲ့သူတွေဆီ အကူအညီပေး ဖို့လိုနေတုန်း မကူညီသေးတာ ပထမဆုံး အခက်အခဲဖြစ်ပါတယ်။ အကူအညီ လိုအပ်မှုတွေ လိုအပ်နေတာကတော့ အများကြီးပါ။ စားနပ်ရိက္ခာ ကျန်းမာရေး ပညာရေး တွေဟာလဲ အများကြီးလိုအပ်နေတယ်။ နောက်အချက်ကတော့ ဒီအဖွဲ့စည်းနှစ်ခု ဘယ်လိုမျိုး ပြန်လည် သင့်မြတ်အောင်နေကြမလဲဆိုတာဟာလည်း အခက်အခဲပါပဲ။
မေး။ ။ ရခိုင်ပြည်နယ် ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အနေနဲ့ရှေ့ဆက်ပြီး ဘာတွေလုပ်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကူအညီတွေကို ယူအမ်အနေနဲ့ဘာတွေလုပ်ဆောင်သွားဖို့ရှိလည်း ဆိုတော့ အစိုးရအပေါ်မှာမူတည်ပါတယ်။ အစိုးရက ဦးဆောင်ပြီးဆောင်ရွက် နေတဲ့ အဖွဲ့စည်းဖြစ်တဲ့အတွက် သူတို့ဘာတွေလုပ်မလဲဆိုတဲ့ အပေါ်မူတည် ပါတယ်။ ကျမတို့က အစိုးရကို ကူညီဖို့ရောက်ရှိနေတဲ့အတွက် အစိုးရဘာလုပ်မလဲဆိုတဲ့ အချက်လိုက်ပြီးလုပ်ရမှာပါ။
မေး။ ။ရခိုင်ပြည်နယ်ခရီးစဉ်မှာ ဒုက္ခသည်စခန်းတွေ သွားရောက်ခဲ့တယ်ဆိုတော့ ဘာတွေလိုအပ်ချက်တွေ တွေ့ခဲ့ပါသလဲ။
ဖြေ။ ။ တစ်ချို့နေရာတွေက နေအိမ်ရှိသလို တစ်ချို့နေရာတွေက လိုအပ်နေတာ တွေ့ရတယ်။ဥပမာ မိုးကာတဲအိမ်မှာဆိုလို့ရှိရင် လူတွေကပြည့်ကျပ်ပြီးနေရတယ်။ အဲ့တော့ ဒီလူတွေပြန်လည် နေရာချထားဖို့အတွက် တည်ဆောက်ဖို့ မြေနေရာတွေလည်း လိုအပ်တယ်။ နောက်ပြီးတော့ အခြေခံပညာရေးကျန်းမာရေးစတဲ့ အပိုင်းတွေမှာလည်း လိုအပ်နေတယ်။
တကယ်လို့အစိုးရအနေနဲ့ ဒီလူတွေကို သင့်မြတ်အောင်ဘယ်လိုမျိုးနေကြမလဲ။ ဆိုတဲ့ဟာကို အကူအညီ ပေးမှာပါ။ အဲတော့ နှစ်ဘက်ပြန်လည်သင့်မြတ်ပြီးတဲ့အခါကျလို့ရှိရင် ရခိုင်ပြည်နယ်မှာ ရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ ပညာရေးကျောင်းတွေ ပိုပြီးတော့ တိုးတက် ကောင်းမွန်လာအောင် အကူအညီလုပ်ဆောင်ပေးမှာပါ။
မေး။ ။ ရခိုင်အရေးခင်းမှာ ထိန်းသိမ်းခံထားတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ပေးဖို့ အစီအစဉ်ရှိပါသလား။
ဖြေ။ ။ အထိန်းသိမ်းခံရတဲ့ ယူအမ်ဝန်ထမ်းတွေ ပြန်ခန့်မလား မခန့်ဘူးလားဆိုတာက အလုပ်အရည်အချင်းရှိတဲ့ အပေါ်မှာ မူတည်ပြီးခန့်ပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်ရှိဒုက္ခသည်တွေကို ကြာမြင့်စွာထားခြင်းဟာ ကုလသမဂ္ဂ အတွက်ဘယ်လိုမျိုး အခက်အခဲတွေ့ရှိနိုင်မလဲ။
ဖြေ။ ။ ရခိုင်ပြည်နယ်မှာ ဒီလိုမျိုးဒုက္ခသည်တွေ ကြာမြင့်စွာထားခြင်းအားဖြင့် ကုလသမဂ္ဂရော ဝန်ထုတ်ဝန်ပိုး ဖြစ်နေမလားဆိုတဲ့ အချက်က အစိုးရအပေါ်မှာ အများကြီးမူတည်ပါတယ်။ အစိုးရကဒီကိစ္စကို ပြီးစီးဆောင်ရွက်ရမှာ ဖြစ်တယ်။
မေး။ ။ ဘေးဒဏ်သင့်ပြည်သူတွေ အပေါ် ဆောင်ရွက်နေတဲ့ ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက် အပေါ် ဘယ်လိုမြင်မိပါသလဲ။
ဖြေ။ ။ ရခိုင်ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ်ဘယ်လိုမြင်ပါသလဲဆိုတော့ စခန်းတွေကို သွားပြီးကြည့်တဲ့အခါမှာ တစ်ချို့စခန်းတွေက အကူအညီတွေရပြီးတော့ တော်တော်အခြေအနေ ကောင်းတယ်။ တစ်ချို့စခန်းတွေကတော့ အကူအညီတွေ လိုအပ်နေဆဲဆိုတာတွေ့ရှိရပါတယ်။ ရခိုင်ပြည်နယ်မှာ ဆောင်ရွက်မဲ့ကိစ္စတွေကို အင်တာနက်ဝက်ဆိုဒ်တွေမှာတင်ထားပါတယ်။ ကဏ္ဍအလိုက် ဘယ်လိုခွဲဝေသုံးစွဲမယ်ဆိုတာတွေကိုပါ။
မေး။ ။ ဒီရိုဟင်ဂျာအသုံးအနှုန်းအပေါ် ကုလသမဂ္ဂရဲ့ အမြင်လေး သိပါရစေ။
ဖြေ။ ။ မြန်မာအစိုးရက ရိုဟင်ဂျာမရှိဘူး။ ပြည်ပကျတော့ ရိုဟင်ဂျာလို့သုံးတယ်။ အဲဒါနဲ့ ပတ်သက်လို့ကတော့ သူတို့က ရိုဟင်ဂျာလို့ ဘာကြောင့်ခေါ်လည်း လူတွေက သူတို့ဘာ သူတို့ ရိုဟင်ဂျာလို့ သုံးနှုန်းတဲ့အတွက် ရိုဟင်ဂျာလို့ သုံးရခြင်းဖြစ်ပါတယ်။
____________________________________
Reference and Credit to -မိုးဝေ- ရခိုင်ပြည်နယ် (မြစ်မခ)
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-ash3/s480x480/68807_503588779662607_1195734193_n.jpg)
No comments:
Post a Comment