Thursday, December 13, 2012

“Genocide ဆိုသည့် အသုံးအနှုန်းသုံးရန် ကမ္ဘာ့ရှေ့နေများမှထောက်ခံခဲ့”

(၉)ရက်နေ့ကစပြီးပြသတဲ့ အယ်လ်ဂျဇီးရားရဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ “ဖုံးကွယ်ထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှု”ဆိုတဲ့ခေါင်းစဉ်မှာ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) အသုံးအနှုန်းကို ကမ္ဘာ့ရှေ့နေတွေက ထောက်ခံခဲ့တယ်လို့ အဲဒီမှတ်တမ်းရုပ်ရှင်ရိုက်ကူးတဲ့ ဗြိတိန်နိုင်ငံက Mr. Phil Rees က မနေ့က ဘီဘီစီမြန်မာပိုင် နဲ့ အင်တာဗျူးမှာပြောဆိုလိုက်ပါတယ်။ 

Mr. Phil Rees က အခုလိုပြောပါတယ်။ 

“Genocide ဆိုတဲ့အသုံးအနှုန်းကို သုံးရတာကတော့ လူမျိုးတစ်ခုပျက်စီးရာပျက်စီးကြောင်းကို သေချာစီစဉ်ပြီးတော့ ဆောင်ရွက်တဲ့ကိစ္စဆိုလိုရှိရင် ဒီသဘောအဓိပ္ပာယ်သက်ရောက်တယ်ဆိုပြီးတော့ Genocide Convention သဘောတူစာချုပ်တွေမှာ ပါသလို ရှေ့နေရှေ့ရပ်တွေနဲ့လည်း တိုင်ပင်ပြီးတော့မှ ဒီလိုသုံးရတာဖြစ်ပါတယ်။ လူတွေကို အစုလိုက်အပြုံလိုက်သတ်တဲ့ကိစ္စမျိုး၊ ဥပမာ ဂျာမနီမှာ ဂျူးတွေကိုသတ်တဲ့ကိစ္စမျိုးကျမှ Genocide လို့ပြောတာမဟုတ်ပါဘူး။ ရခိုင်ပြည်ရဲ့ ပြဿနာကို ကြည့်မယ်ဆိုလို့ရှိရင် ရိုဟင်ဂျာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လူဦးရေမတိုးအောင်လို့ လူသားအဖြစ်ရပ်တည်မှုမရအောင်လို့ ပြီးတော့ ခရီးသွားလာခွင့် ကန့်သတ်တာတွေ၊ ပညာရေးအရ ဖိနှိပ်တာတွေ ဒါတွေဟာသူတို့ရဲ့ ရှင်သန်ခွင့်ပိတ်ပင်တားမြစ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရှေ့နေတွေကလည်းပဲ Genocide ဆိုတဲ့အဓိပ္ပာယ်နဲ့ ကိုက်ညီတယ်။ ကျွန်တော်တို့ ဒီအခုတင်ပြတဲ့ Documentary ထဲမှာလည်းပဲ ကျွန်တော်မေးတဲ့ ရှေ့နေကရှင်းပြထားပါတယ်။” 

မြန်မာအစိုးရကကန့်ကွက်တာနဲ့ ပတ်သက်ပြီးတော့ Mr. Phil Rees က - 

“ကျွန်တော့်အနေနဲ့ ရခိုင်အစိုးရဘက်က အာဏာပိုင်တွေနဲ့ စကားပြောဖြစ်ပါတယ်။ အခုတကယ်ဖြစ်နေတာကတော့ (၁၉၈၂)ခုနှစ်နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့ကိစ္စကနေ စတယ်လို့ပြောနိုင်ပါတယ်။ ပြီးတော့ရခိုင်ပြည်နယ်မှာ လက်ရှိအာဏာရနေတဲ့ ပါတီတွေကလည်းပဲ ဒီအမျိုးသားရေးပါတီတွေဖြစ်သလို သူတို့ကလည်းပဲ ဒီကိစ္စတွေကြီးထွားလာအောင် တစ်ဖက်တစ်လမ်းက ဆောင်ရွက်နေပါတယ်။ အစိုးရကလည်းပဲ ဒီရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေကို ကာကွယ်မပေးပါဘူး။ အခုရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့အတွက် ပင်လယ်ထဲမှာ သေဆုံးတာတွေ အများအပြားရှိတယ်။ ဘယ်လောက်သေ တယ်ဆိုတာကိုလည်း အတိအကျမပြောနိုင်သလို အစိုးရရဲ့ ကိန်းဂဏာန်းတွေကိုလည်း အတည် ယူလို့မရပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကိုပဲ ဒီဒုက္ခသည်ပေါင်းလေးသောင်းလောက် ရောက်နေတဲ့အတွက် ဒီနေရာမှာ ပြဿနာမရှိဘူးဘဲနဲ့ သူတို့ဘယ်လိုမှ ထွက်ပြေးမှာမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရောက်ရှိလာတဲ့ မျက်မြင်သက်သေ(၁၂)ယောက်ကို မေးမြန်းပြီးတော့ ဒီအခုဇာတ်လမ်းတွဲထဲမှာ သူတို့ရဲ့ဖြစ်စဉ်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။ 

ကုလသမဂ္ဂနဲ့အခြားသော NGO များက Genocide လို့မသုံးနှုန်းတာနဲ့ ပတ်သက်ပြီးတော့ Mr. Phil Rees က ဒီလိုပြောခဲ့ပါတယ်။ 

“ကျွန်တော် UN ကတာဝန်ရှိတဲ့ အကြီးအကဲတစ်ယောက်နဲ့ စကားပြောကြည့်ပါတယ်။ သူကဘယ်သူဆိုတာ အမည်ဖော်လိုတဲ့သဘောမရှိပါဘူး။ သူ့အနေနဲ့ ဒီမျိုးနွယ်စုတွေကို ဖယ်ရှားစေ လိုတဲ့စစ်ရာဇဝတ်မှု သဘောလို့ သူမြင်တယ်တဲ့။ နောက်တစ်ခါ အန်ဂျီအိုလို့ခေါ်တဲ့ ရခိုင်ဒေသမှာသွားရောက် အလုပ်လုပ်နေတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို မေးတဲ့အခါမှာလည်းပဲ ကျွန်တော်ပြောသလို Genocide လို့တော့ သူတို့ကမသုံးချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အခုဖြစ်နေတာက မြန်မာပြည်ဖြစ်နေတဲ့ အပြောင်းအလဲတွေကို ကမ္ဘာကစောင့်ကြည့်နေတယ်။ နောက်အဲဒီ အပြောင်းအလဲတွေကို ထိခိုက်ပျက်ဆီးမှာကိုလည်း မလိုလားဘူး။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကဆိုလို့ရှိရင် အာရှပစိဖိတ်ဒေသထဲမှာ သူတို့ကွန်ယက်ကို ချဲ့ထွင်နေတဲ့အခါ မြန်မာဟာလည်းပဲ အရေးကြီးတဲ့မဟာမိတ်အဖြစ် ရှုမြင်ကြတယ်။ ဒါကြောင့်မို့လို့ ပွင့်ပွင့်လင်းလင်း Genocide ဆိုပြီးတော့ ဝေဖန်စွပ်စွဲမှုတွေ မလုပ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ 

အယ်လ်ဂျဇီးရားသတင်းဌာနက “ဖုံးကွယ်ထားတဲ့လူမျိုးတုံးသတ်ဖြတ်မှု” ဆိုတဲ့ သတင်းမှတ်တမ်းရုပ်ရှင်ကိုပြသမယ်လို့ ကြေညာအပြီးမှာ Genocideဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ(၇)ရက်နေ့က မြန်မာနိုင်ငံမှာ ရောက်ရှိနေခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ပံ့ရေး လက်ထောက်အထွေထွေရေးမှူးချုပ် Ms. Valerie Amos က သတင်းစာရှင်းလင်းပွဲမှာ - တကယ်လို့ အဲဒီအသုံးအနှုန်းကိုသုံးခဲ့ရင် ဟုတ်/မဟုတ် စုံစမ်းသင့်တယ်လို့ သတင်းထောက်တွေကို ဖြေကြားသွားခဲ့ပါတယ်။
ကျော်စွာဝင်း RB News  ဒီဇင်ဘာ (၁ဝ) ၂ဝ၁၂

(၉)ရက်နေ့ကစပြီးပြသတဲ့ အယ်လ်ဂျဇီးရားရဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ “ဖုံးကွယ်ထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှု”ဆိုတဲ့ခေါင်းစဉ်မှာ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) အသုံးအနှုန်းကို ကမ္ဘာ့ရှေ့နေတွေက ထောက်ခံခဲ့တယ်လို့ အဲဒီမှတ်တမ်းရုပ်ရှင်ရိုက်ကူးတဲ့ ဗြိတိန်နိုင်ငံက Mr. Phil Rees က မနေ့က ဘီဘီစီမြန်မာပိုင် နဲ့ အင်တာဗျူးမှာပြောဆိုလိုက်ပါတယ်။

Mr. Phil Rees က အခုလိုပြောပါတယ်။

“Genocide ဆိုတဲ့အသုံးအနှုန်းကို သုံးရတာကတော့ လူမျိုးတစ်ခုပျက်စီးရာပျက်စီးကြောင်းကို သေချာစီစဉ်ပြီးတော့ ဆောင်ရွက်တဲ့ကိစ္စဆိုလိုရှိရင် ဒီသဘောအဓိပ္ပာယ်သက်ရောက်တယ်ဆိုပြီးတော့ Genocide Convention သဘောတူစာချုပ်တွေမှာ ပါသလို ရှေ့နေရှေ့ရပ်တွေနဲ့လည်း တိုင်ပင်ပြီးတော့မှ ဒီလိုသုံးရတာဖြစ်ပါတယ်။ လူတွေကို အစုလိုက်အပြုံလိုက်သတ်တဲ့ကိစ္စမျိုး၊ ဥပမာ ဂျာမနီမှာ ဂျူးတွေကိုသတ်တဲ့ကိစ္စမျိုးကျမှ Genocide လို့ပြောတာမဟုတ်ပါဘူး။ ရခိုင်ပြည်ရဲ့ ပြဿနာကို ကြည့်မယ်ဆိုလို့ရှိရင် ရိုဟင်ဂျာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လူဦးရေမတိုးအောင်လို့ လူသားအဖြစ်ရပ်တည်မှုမရအောင်လို့ ပြီးတော့ ခရီးသွားလာခွင့် ကန့်သတ်တာတွေ၊ ပညာရေးအရ ဖိနှိပ်တာတွေ ဒါတွေဟာသူတို့ရဲ့ ရှင်သန်ခွင့်ပိတ်ပင်တားမြစ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရှေ့နေတွေကလည်းပဲ Genocide ဆိုတဲ့အဓိပ္ပာယ်နဲ့ ကိုက်ညီတယ်။ ကျွန်တော်တို့ ဒီအခုတင်ပြတဲ့ Documentary ထဲမှာလည်းပဲ ကျွန်တော်မေးတဲ့ ရှေ့နေကရှင်းပြထားပါတယ်။”

မြန်မာအစိုးရကကန့်ကွက်တာနဲ့ ပတ်သက်ပြီးတော့ Mr. Phil Rees က -

“ကျွန်တော့်အနေနဲ့ ရခိုင်အစိုးရဘက်က အာဏာပိုင်တွေနဲ့ စကားပြောဖြစ်ပါတယ်။ အခုတကယ်ဖြစ်နေတာကတော့ (၁၉၈၂)ခုနှစ်နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့ကိစ္စကနေ စတယ်လို့ပြောနိုင်ပါတယ်။ ပြီးတော့ရခိုင်ပြည်နယ်မှာ လက်ရှိအာဏာရနေတဲ့ ပါတီတွေကလည်းပဲ ဒီအမျိုးသားရေးပါတီတွေဖြစ်သလို သူတို့ကလည်းပဲ ဒီကိစ္စတွေကြီးထွားလာအောင် တစ်ဖက်တစ်လမ်းက ဆောင်ရွက်နေပါတယ်။ အစိုးရကလည်းပဲ ဒီရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေကို ကာကွယ်မပေးပါဘူး။ အခုရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့အတွက် ပင်လယ်ထဲမှာ သေဆုံးတာတွေ အများအပြားရှိတယ်။ ဘယ်လောက်သေ တယ်ဆိုတာကိုလည်း အတိအကျမပြောနိုင်သလို အစိုးရရဲ့ ကိန်းဂဏာန်းတွေကိုလည်း အတည် ယူလို့မရပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကိုပဲ ဒီဒုက္ခသည်ပေါင်းလေးသောင်းလောက် ရောက်နေတဲ့အတွက် ဒီနေရာမှာ ပြဿနာမရှိဘူးဘဲနဲ့ သူတို့ဘယ်လိုမှ ထွက်ပြေးမှာမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရောက်ရှိလာတဲ့ မျက်မြင်သက်သေ(၁၂)ယောက်ကို မေးမြန်းပြီးတော့ ဒီအခုဇာတ်လမ်းတွဲထဲမှာ သူတို့ရဲ့ဖြစ်စဉ်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့အခြားသော NGO များက Genocide လို့မသုံးနှုန်းတာနဲ့ ပတ်သက်ပြီးတော့ Mr. Phil Rees က ဒီလိုပြောခဲ့ပါတယ်။

“ကျွန်တော် UN ကတာဝန်ရှိတဲ့ အကြီးအကဲတစ်ယောက်နဲ့ စကားပြောကြည့်ပါတယ်။ သူကဘယ်သူဆိုတာ အမည်ဖော်လိုတဲ့သဘောမရှိပါဘူး။ သူ့အနေနဲ့ ဒီမျိုးနွယ်စုတွေကို ဖယ်ရှားစေ လိုတဲ့စစ်ရာဇဝတ်မှု သဘောလို့ သူမြင်တယ်တဲ့။ နောက်တစ်ခါ အန်ဂျီအိုလို့ခေါ်တဲ့ ရခိုင်ဒေသမှာသွားရောက် အလုပ်လုပ်နေတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို မေးတဲ့အခါမှာလည်းပဲ ကျွန်တော်ပြောသလို Genocide လို့တော့ သူတို့ကမသုံးချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အခုဖြစ်နေတာက မြန်မာပြည်ဖြစ်နေတဲ့ အပြောင်းအလဲတွေကို ကမ္ဘာကစောင့်ကြည့်နေတယ်။ နောက်အဲဒီ အပြောင်းအလဲတွေကို ထိခိုက်ပျက်ဆီးမှာကိုလည်း မလိုလားဘူး။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကဆိုလို့ရှိရင် အာရှပစိဖိတ်ဒေသထဲမှာ သူတို့ကွန်ယက်ကို ချဲ့ထွင်နေတဲ့အခါ မြန်မာဟာလည်းပဲ အရေးကြီးတဲ့မဟာမိတ်အဖြစ် ရှုမြင်ကြတယ်။ ဒါကြောင့်မို့လို့ ပွင့်ပွင့်လင်းလင်း Genocide ဆိုပြီးတော့ ဝေဖန်စွပ်စွဲမှုတွေ မလုပ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။

အယ်လ်ဂျဇီးရားသတင်းဌာနက “ဖုံးကွယ်ထားတဲ့လူမျိုးတုံးသတ်ဖြတ်မှု” ဆိုတဲ့ သတင်းမှတ်တမ်းရုပ်ရှင်ကိုပြသမယ်လို့ ကြေညာအပြီးမှာ Genocideဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ(၇)ရက်နေ့က မြန်မာနိုင်ငံမှာ ရောက်ရှိနေခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ပံ့ရေး လက်ထောက်အထွေထွေရေးမှူးချုပ် Ms. Valerie Amos က သတင်းစာရှင်းလင်းပွဲမှာ - တကယ်လို့ အဲဒီအသုံးအနှုန်းကိုသုံးခဲ့ရင်ဟုတ်/မဟုတ်စုံစမ်းသင့်တယ်လို့သတင်းထောက်တွေကို ဖြေကြားသွားခဲ့ပါတယ်။
ကျော်စွာဝင်း RB News ဒီဇင်ဘာ (၁ဝ) ၂ဝ၁၂

No comments:

Post a Comment