စကားပလ္လင်
၂၀၁၂ ခုနှစ် မြန်မာနိုင်ငံမှာ“ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်”
လို့ အမည်ရတဲ့ စာအုပ်တစ်အုပ်ထွက်ရှိခဲ့ပါပြီ။
အဲဒီစာအုပ်ကိုရေးသားတဲ့ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်ပါတယ်။
ဆရာတော်ရဲ့ဘွဲ့အမည် ကတော့ ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ပါ။ ဆရာတော် ကတော့
အဲဒီစာအုပ်ကိုသမိုင်း စာအုပ် လို့ဆိုထားပါတယ်။ စာအုပ်မျက်နှာဖုံးမှာကို
“သမိုင်းရေးတာ မအအောင် လို့ပါ” လို့ရေးထားပြီး သမိုင်းစာအုပ်ကြီး
ဖြစ်ကြောင်းဖော်ကျူးထားပါတယ်။
အဲဒီစာအုပ်ကိုအစအဆုံးသေချာအနုလုံပဋိလုံဖတ်ကြည့်ပြီး နောက်အလွန်
ကိုဝမ်းနည်းခြင်းသာမက၊ အံ့ဩခြင်းကြီးစွာလည်းဖြစ်မိပါတော့တယ်။ ဘာကြောင့်
အဲဒီလို ခံစားရလဲ လို့ဝန်ခံရရင်ဖြင့်……. စာရေးသူ ဆရာတော်ဟာ သမိုင်းပညာ
ရှင်တစ်ဦး မဟုတ်တဲ့ (သမိုင်းပညာရှင် မဟုတ်ဟုသာ ယူဆမိပါသည်။) အတွက်
သမိုင်းကြောင်းတွေကို နားမလည်တာ၊ အလွဲအမှားတွေရေးတာဟာ မထူးဆန်းလှ ပေမဲ့၊
ဆရာတော်ရဲ့စာမူကို တည်းဖြတ်ပေးတဲ့ ပုဂ္ဂိုလ်တွေဟာတော့ဖြင့် ခေတ် ပညာတတ်
ပုဂ္ဂိုလ်ကြီးများဖြစ်ကြတဲ့ အပြင်၊ ပုဂ္ဂိုလ်ကြီး တစ်ဦးဟာ ကျွန်တော်
အထင်ကြီးလေးစားမိခဲ့တဲ့ သမိုင်းပညာရှင်ကြီး ဆရာကြီး ဦးထွန်းအောင်ချိန် (အငြိမ်းစား သမိုင်းပါမောက္ခ)
(စာအုပ်အမှာစာမှာတော့ ဦးအောင်ထွန်းချိန်လို့ မှားရေးထားပါတယ်။)
ဖြစ်နေလို့ပါဘဲ။ အဲဒီ သမိုင်းစာအုပ် ဆိုတဲ့ စာအုပ်အမှာစာ စာမျက်နှာ (ဋ) မှာ
စာရေးသူဟာ အဲဒီစာအုပ်စာမူကို ဖတ်ရှုတည်းဖြတ်ပေးခဲ့တဲ့ ဆရာကြီးများ ရဲ့
အမည်တွေကို ဖော်ပြပြီး အထူးကျေးဇူးတင်ကြောင်း မှတ်တမ်း တင်ထားပါတယ်။
ကျွန်တော့် အနေနဲ့ အဲဒီ အမှာစာပါ ဆရာကြီးများရဲ့ အမည်တွေကို ကူးယူ ဖော်ပြပေးချင်ပါတယ်။
၁။ ယုဒဿန်ရိပ်သာ ဒုတိယကျောင်းအုပ် ဦးကျော်ညွန့်
၂။ ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation) ဥက္ကဋ္ဌဒေါက်တာ ဇဘွဲဂျွန်
၃။ ကရင်ခရစ်ယျာန်နှစ်ခြင်းအသင်းတော်မှ ဒေါက်တာဂေဘယ်လ်
၎။ ပညာတန်ဆောင်မဂ္ဂဇင်းအယ်ဒီတာအငြိမ်းစားအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး (မောင်ကျေးဇူး)၊
၅။ မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင် (အငြိမ်းစား သမိုင်းပါမောက္ခ) ဆရာကြီး ဦးထွန်းအောင်ချိန်
အဲဒီလိုခေတ်ပညာတတ်လူကြီးလူကောင်းဆရာကြီးများနဲ့ခရစ်ယျာန်အဖွဲ့ အစည်းတွေ
ကလေးစားအပ်တဲ့ပညာရှင်ကြီးများ ကိုယ်တိုင်စာမူကို ဖတ်ရှုတည်း
ဖြတ်ခဲ့ရဲ့သားနဲ့ အဲဒီစာအုပ်ပါ သမိုင်းအကြောင်းအရာ အတော်များများဟာ အလွဲ
ကြီးလွဲနေကြောင်းသိလိုက်ရတော့ မယုံနိုင်လောက်အောင်ကို အံ့အားသင့်ဝမ်းနည်း
မိပါတော့တယ်။
ကျွန်တော်ဟာ သမိုင်းပညာရှင်တစ်ဦး လုံးဝမဟုတ်ပါဘူး၊သို့သော် သမိုင်း
ပညာရပ်နဲ့ပညာရှင်တွေကို ချစ်ခင်ပါတယ်၊ လေးစားပါတယ်။ ဒါကြောင့် သမိုင်း
ပညာရပ် ကို သီးသန့်အချိန်ပေးအလွတ်တမ်း လေ့လာလိုက်စားဖြစ်ပါတယ်။
ကျွန်တော်လေးစားရတဲ့မြန်မာနိုင်ငံကသမိုင်းပညာရှင်ကြီးတွေထဲက ပညာ ရှင်ကြီးအချို့ရဲ့ အမည်တွေကိုရွတ်ပြရရင်ဖြင့်…..
၁။ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း
၂။ သမိုင်းပညာရှင်ကြီး ဗိုလ်မှူးကြီးဘရှင်
၃။ သမိုင်းပညာရှင်ကြီး ဦးထွန်းအောင်ချိန်
၎။ သမိုင်းပညာရှင်ကြီး ဦးစိုင်းအောင်ထွန်း
၅။ သမိုင်းပညာရှင်ကြီး ဒေါက်တာခင်မောင်ညွန့်
စာရေးသူနဲ့တကွ ဖတ်ရှုတည်းဖြတ်ပေးသော ဆရာကြီးများကို ကျွန်တော်
အလွန်လေးစားပါတယ်။ သို့သော်လည်းကျွန်တော်သမိုင်း အပေါ် သစ္စာ တည်ချင် ပါတယ်။
ဒါကြောင့် ကိုယ့်ရှေ့ မှာအလွဲသမိုင်း တင်ပြတာကို ငြိမ်နေဖို့ရာမရဲပါဘူး။
ငြိမ်နေလိုက်ရင်တော့သမိုင်းကိုသစ္စာဖောက်တဲ့၊ မတည်ကြည် မဖြောင့်မတ်တဲ့ လူ
သားတစ်ယောက် အဖြစ်ကိုရောက်ရှိသွားမှာဘဲလို့ခံယူထားပါတယ်။
အဲဒီအဖြစ်မျိုး ရောက်မှာကိုတော့အလွန်ရွံကြောက်ပါတယ်။ လူမျိုးတစ်မျိုး၊
ဒေသ တစ်ခု၊ ဘာသာ အယူဝါဒ တစ်ခု ကိုချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊
သမိုင်းကိုတော့ စိတ်ဆောင် ရာလိုက်ပြီးအလွဲအမှားရေးဖို့၊ လက်ခံလိုက်ဖို့
မသင့်တော်ပါဘူး။ တကယ်လို့
အလွဲအမှားတွေကိုသိသိကြီးနဲ့အမှန်ပြင်မပေးမိရင်နောင်လာနောက်သား မျိုးဆက်
တွေအပေါ် ကြီးမားစွာလွန်ကျူးခြင်းဘဲဖြစ်မယ်ဆိုတာ ဖြောင့်မတ်တဲ့လူသားတိုင်း
သဘောတူမယ်လို့ ယုံကြည်မိပါတယ်။
တာလီဘန် နှင့် ဗာမီယန်
လေးစားအပ်တဲ့စာရှုသူတို့ခင်ဗျား- အခုအချိန်ကစလို့ ဆရာတော် ဘဒ္ဒန္တ ကောသလ္လ
(စံပြ ၊ ကမ္ဘာအေး) ရေးသားပြီး ခေတ်ပညာတတ်ဆရာကြီးများကိုယ်
တိုင်ဖတ်ရှုတည်းဖြတ် ပေးထားတဲ့
“ဗုဒ္ဓဘာသာမြစ်ဖျားနှင့်သမိုင်းရှုထောင့်”စာအုပ်ပါ သမိုင်းအလွဲအမှားတွေကို
ကျွန်တော်အခိုင်အမာသိသလောက် ပြင်ဆင်ပေးမှာဖြစ် သလို စာဖတ်
သူတွေအထင်အမြင်လွဲမှားစေမယ့်အရေးအသားတွေ ၊ ကောက် ယူဆင်ခြင်မှုတွေ ကိုလည်း
အကိုး အကားအထောက် အထားအတိအကျတွေနဲ့ ထောက်ပြပြင်ဆင် ပေးသွားမှာဖြစ်ပါ တယ်။
စာရှုသူများကို ပထမဆုံးသိစေချင်တဲ့ သမိုင်းအမှန် တစ်ကြောင်း ကတော့…
အာဖဂန်နစ္စတန်က တာလီဘန်တွေ ဗာမီယန်ဗုဒ္ဓရုပ်ပွါးတော် တွေကို ဖျက်
ဆီးမယ်လုပ်တုန်း က OIC (Organization of Islamic Conference) လို့ ခေါ်တဲ့၊
မွတ်စ်လင်မ် member နိုင်ငံပေါင်း ၅၄ နိုင်ငံ နဲ့ဖွဲ့စည်းထားတဲ့
အဖွဲ့အစည်းကြီးက အစည်းအဝေးခေါ်ပြီး statement ထုတ်ကန့်ကွက်ခဲ့ပါတယ်။ Islamic
နိုင်ငံလို့ ကြေညာထားတဲ့ဆော်ဒီအာရေဗျနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့က
ရုပ်ပွါးတော် တွေကို
မဖျက်ဆီးဖို့တားမြစ်ကန့်ကွက်ခဲ့ပါတယ်။ပါကစ္စတန်သမ္မတပရ်ဝေးဇ်မုရှရ်ရဖ်
(ပါဗဇ်မုရှာရတ်) က သူ့ရဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ Lieutenant General
မုအီနွတ်ဒီးန် ဟိုင်ဒရ် ကို ကဘူလ်မြို့အထိစေလွှတ်ပြီး၊
ဗာမီယန်ဗုဒ္ဓရုပ်ပွါးတော်တွေ ကိုမဖျက်ဆီးစေဖို့တာလီဘန်တွေနဲ့
ညှိနှိုင်းစေခဲ့ပါတယ်။ (ကိုးကား-ထိုစဉ်ကရုပ်သံသတင်း/ သတင်းစာ/ ဂျာနယ်များ)
အစ္စလာမ်သာသနာ ရဲ့အဆုံးအမကို မှန်ကန်စွာသိနားလည် ကျင့်သုံးတဲ့ဘယ်
အစၥလာမ္ဘာသာဝင္ကမွ အဲဒီလုပ္ရပ္ကို မေထာက္ခံပါဘူး။
ပြင်းပြင်းထန်ထန်ကိုရှုံ့ချ ပါတယ်။ အာဖဂန်မှာကိုးကွယ်သူ
မဲ့စံပယ်နေတဲ့ဗုဒ္ဓရုပ်ပွါးတော်တွေကို ဖျက်ဆီးတဲ့လုပ်
ရပ်ကိုအပြင်းအထန်ရှုံ့ချသလို၊ ဝတ်ပြုသူ တွေနဲ့ပြည့်နှက်နေတဲ့
ဗလီဝတ်ကျောင်းတွေကို ဝင်ရောက်လုယက် အကြမ်းဖက်ဖျက်ဆီးတဲ့ လုပ်ရပ်ဟာလည်း
ပြင်းပြင်းထန်ထန် ရှုံ့ချစရာပါဘဲ။
အိန္ဒိယ နှင့် အာရပ်မွတ်စ်လင်မ်
ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်စာမျက်နှာ (၄၂၊၄၃) မှာ ရေးသား
ထားတာက- “အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသ၌ ယင်းသို့မတည်မငြိမ်ဖြစ်နေချိန်၌
ထိုဒေသ မြောက်ဖက်နယ်နိမိတ်အနီးတွင်အာရပ်မွတ်ဆလင်စစ်တပ်ကြီးဆိုက်ရောက်နေပေ
သည်။ ထိုအာရပ်လူမျိုးတို့သည် နယ်မြေ ချဲ့ထွင်ရုံတစ်ခုတည်းမဟုတ်ပေ။ ကမ္ဘာ
ကြီး တစ်ခုလုံးကို အစ္စလမ်ဘာသာ ထီးရိပ်အောက် သွတ်သွင်းရေး ဟူသော ရည်
ရွယ်ချက်ဖြင့်အင်အားသုံး၍စစ်ပွဲဆင်နွဲနေသူများ ဖြစ်သည်။”
အထက်ပါအတိုင်းရေးသားထားတဲ့အတွက်….
အာရပ်မွတ်စ်လင်မ်တွေဟာ အိန္ဒိယကို စတင်ခြေချရောက်ရှိတာဟာ စစ်ပြု
နယ်ချဲ့လိုခြင်းရည်ရွယ်ချက်ကြောင့်ဖြစ်ပြီး၊ အာရပ်မွတ်စ်လင်မ်တွေဟာနယ်ချဲ့
ဝါဒ ကိုကိုင်စွဲသူတွေသာဖြစ်ကြောင်း၊ အင်အား သုံးစစ်ပွဲဆင်နွှဲပြီး လူတွေကို
အစ္စလာမ် ဘာသာဝင် ဖြစ်စေဖို့ အစ္စလာမ်ဘာသာ က သင်ကြားထားကြောင်း တည့်တည့်
ကြီးဆိုလိုထားသလိုပါဘဲ။ အဲဒီစာပိုဒ်မှာအလွဲကြီး တွေပါရှိပါတယ်။
တစ်ချက်ခြင်းစီ ပြင်ပေးပါ့မယ်။
(က) အာရပ်မွတ်စ်လင်မ်တွေ အိန္ဒိယကိုစတင်ခြေချရောက်ရှိခဲ့တာဟာ
စစ်တိုက်ဖို့အတွက်မဟုတ်ပါဘူး။ အာရေဗျပင်လယ်ကတစ်ဆင့်အာရပ်ကုန်သည် တွေဟာ
ရေကြောင်း ကုန်သွယ်မှုကို အခြေခံပြီး အိန္ဒိယအနောက်တောင် ကမ်းရိုး တန်းမှာ
ခရစ် (၇) ရာစုအဆုံးပိုင်းကတည်း ကရောက်ရှိအခြေချ နေထိုင်ခဲ့ပါတယ်။
အဲဒီအချိန်ကျမှအိန္ဒိယကိုတိုက်ခိုက်ဖို့စရောက်လာတာ လုံးဝ မဟုတ်ပါဘူး။ အာရပ်
မွတ်စ်လင်မ်တွေနဲ့အိန္ဒိယဒေသခံဟိန္ဒူဘာသာဝင်၊ဗုဒ္ဓဘာသာဝင်တွေဟာ ကမ်းရိုး
တန်းဒေသတစ်လျှောက် မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ပါတယ်။ စီလွန်
(သီရိလင်္ကာ) မှာလည်း အာရပ်မွတ်စ်လင်မ် ကုန်သည် တွေဟာအခြေချ နေထိုင်ခဲ့
ပါတယ်။ အဲဒီလိုအတူယှဉ်တွဲနေထိုင်ရင်း အာရပ်မွတ်စ်လင်မ် ကုန်သည် တွေဟာ
အစ္စလာမ်ဘာသာကို ဟောပြောပို့ချခဲ့ကြပါတယ်။
မိမိသဘောဆန္ဒ အလျောက် အစ္စလာမ်ဘာသာကို ကူးပြောင်းသက်ဝင်တဲ့
ဒေသခံတွေအများကြီး ရှိ လာပါတယ်။ ဒီအကြောင်းကို Tara Chand က သူ့ရဲ့
Influence of Islam on Indian Culture စာမျက်နှာ (၃၂) မှာ H G Rawlinson,
Francis Day, Sturrock တို့ရဲ့ စာအုပ်တွေ ကိုကိုးကားပြီး
အခိုင်အမာကိုရေးသားထားပါတယ်။ မလဘာရ်(Malabar) ခရိုင်ရဲ့ collector
တစ်ဦးအဖြစ် တာဝန်ထမ်း ဆောင် ခဲ့တဲ့ စကော့လူမျိုးအရာရှိကြီး William Logan
(၁၈၄၁-၁၉၁၄) ရဲ့ Malabar Manual အရဆိုရင် အိန္ဒိယတောင်ပိုင်းချေရာ မင်းဆက်
(Chera Dynasty) ရဲ့ ဘုရင် တစ်ပါးဟာ အစ္စလာမ် ဘာသာကိုလက်ခံခဲ့ပြီးနောက်
သူ့ရဲ့အထောက်အပံ့နဲ့ မလ ဘာရ်ခရိုင် “ကိုဒွန်ဂုလုရ်” မှာ အေဒီ ၆၂၉က
ဗလီဝတ်ကျောင်းတစ်ကျောင်းကို ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီ ဗလီ ကို
“ချေရာမန်ဂျုမာ” ဗလီလို့ ခေါ်ပါတယ်။ ယနေ့တိုင်တည်ရှိပါတယ်။ မလဘာရ် ဒေသခံ
မွတ်စ်လင်မ် တွေကို မလဘာရီ မွတ်စ်လင်မ် လို့ခေါ်ပါတယ်။ မြန်မာပြည်မှာတော့
သူတို့ဟာ “ကာကာ” အဖြစ် လူသိများပါတယ်။ သူတို့ဟာ အိန္ဒိယတိုက်ငယ်ရဲ့
ပထမဦးဆုံး အစ္စလာမ်ဘာသာ ဝင် လူ့အဖွဲ့အစည်းအဖြစ် ကမ္ဘာ့သမိုင်းမှာ
ထင်ရှားပါတယ်။
(ခ) သမိုင်းအမှားကြီးနောက်တစ်ခုကတော့ ဆင်းဒ်ပြည်နယ်(ယခုပါ
ကစ္စတန်၏ပြည်နယ်) ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အာရပ်မွတ်စ်လင်မ် စစ်တပ်
အိန္ဒိယကို စတင်ရောက်ရှိခြေချခဲ့တဲ့ခုနှစ်ပါ။ အေဒီ (၇၂၀) လုံးဝမဟုတ်ပါဘူး။
အေဒီ (၇၁၁-၇၁၂) ပါ။ အဲဒီစစ်တပ်ရဲ့ ရည်ရွယ်ချက်ဟာ အိန္ဒိယ ကို
တိုက်ခိုက်နယ်ချဲ့ဖို့မဟုတ်ပါ။ တောင်ပိုင်းဆင်းဒ်ကို အုပ်ချုပ်တဲ့ Rajput
ရာဇပုတ္တ စော်ဘွား ရာဂျာဒဟီးရ် ထောက်ပံ့ထားတဲ့ ပင်လယ်ဓားပြတွေ က
အာရပ်မွတ်စ်လင်မ်တွေ ရဲ့ ကုန်သင်္ဘော ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့
သိရတဲ့အခါ အဲဒီ ပယ်လယ်ဓားပြ တွေကို အရေးယူပေးဖို့ အာရပ်တွေဟာ ရာဂျာဒဟီးရ်
ထံ သံအဆက်အသွယ် နဲ့ ငြိမ်းချမ်းစွာကမ်းလှမ်းခဲ့ပါသေးတယ်။ အဲဒီပင်လယ်
ဓားပြတွေဟာ သူ့အုပ်ချုပ်မှု အောက်မှာမရှိတဲ့ အတွက်သူအရေးမယူနိုင်ပါလို့
ရာဂျာဒဟီးရ် က ပြန်ကြားခဲ့တဲ့ အတွက် အာရပ်တွေက ရာဂျာဒဟီးရ် ကို
ပြန်လည်တိုက်ခိုက်ခြင်းသာဖြစ်ပါတယ်။ ဒါဟာ ဘာသာရေးနယ်ချဲ့တာ မဟုတ်သလို
အာရပ်အမျိုးသားရေးစစ်ပွဲ လည်း မဟုတ်ပါဘူး။ နိုင်ငံရေး သက်သက် ကို အခြေခံတဲ့
စစ်သာဖြစ်ပါတယ်။ ဒီသမိုင်း ကြောင်း ဟာ အိန္ဒိယသမိုင်း
စာအုပ်တိုင်းလိုလိုမှာ ပါရှိပါတယ်။ နမူနာ အနေနဲ့ C.F De La Fosse ရဲ့
History of India စာမျက်နှာ (၈၆)ကိုရှုပါ။ အာရပ်မွတ်စ်လင်မ် ဗိုလ်ချုပ်
မုဟမ္မဒ်ဘင်န်ကာစင်မ် ရဲ့စစ်တပ် ဆင်းဒ်ပြည်နယ်ကို တိုက်ခိုက် သိမ်းပိုက်
ခဲ့တဲ့ ခုနှစ်ဟာ အေဒီ ၇၂၀ မဟုတ်ဘဲ၊ အေဒီ (၇၁၁-၇၁၂)သာ ဖြစ်ကြောင်း
ကမ္ဘာ့သမိုင်းစာအုပ်တိုင်း မှာ ဖော်ပြ ပါရှိပါတယ်။ သာဓကအနေနဲ့
ဗြိတိသျှစွယ်စုံကျမ်း (Encyclopaedia Britannica) မှာ လေ့လာကြည့်လိုက်ပါ။
အာရပ်မွတ်စ်လင်မ်စစ်တပ်ဟာ အေဒီ (၇၁၂) မှာ ဆင်းဒ် ပြည်နယ်ကို
တိုက်ခိုက်သိမ်းပိုက်ပြီး နောက် အခြားပြည်နယ်၊ ဒေသတွေကို ဆက်လက်တိုက်
ခိုက်ခြင်းမပြုတော့ဘဲ ရပ်တန့်ခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ်ဟောင်း ပဏ္ဍိတ်
ဂျဝါ ဟရ်လားလ်နေရူး ကိုယ်တိုင်က The Discovery of India စာမျက်နှာ (၂၂၇)
မှာ အတိအလင်းရေးသားထားပါတယ်။ဒါ့အပြင် မွတ်စ်လင်မ်တွေ
သိမ်းပိုက်ခဲ့တဲ့ဆင်းဒ် ပြည်နယ်နဲ့အိန္ဒိယ ရဲ့ အခြားနယ်ပယ်တွေ အကြား
သံတမန်ဆက်ဆံမှုတွေ အပြင်၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဆက်ဆံမှုတွေ
ငြိမ်းချမ်းစွာရှိခဲ့တယ် လို့ အဲဒီစာအုပ်စာမျက်နှာ (၂၂၉) မှာရေးထားပါတယ်။
ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် (အစ္စလာမ် က နယ်ချဲ့ဝါဒ လား?-တမန်တော် မုဟမ္မဒ် နှင့် အစ္စလာမ်သာသနာ)
အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းရေးသားထားတဲ့
No comments:
Post a Comment