မောင်းတောမြို့ရှိကျောင်းသား/သူများအား
စာမေးပွဲဖြေဆိုရန်ညွန်ကြားထားသော်လည်း ဘူးသီးတောင်မြို့
ရှိကျောင်းသားများနှင့် ပတ်သက်၍ တစ်စုံတစ်ရာမသိရှိရသေးပါ။
ကျောင်းသားများပညာသင်ကြားခွင့်မရဘဲစာမေးပွဲစစ်နေခြင်းဖြစ်သည်။အဓိကဘာသာရပ်ကိုလည်း
ကျောင်း သား များလျှောက် ထားသည့်ဘာသာရပ်များသင်ကြားခွင့်မရဘဲ၊
မလျှောက်ထားခဲ့ သည့် ဘာသာ ရပ် ကိုအတင်းအဓမ္မပေးကြောင်းသိရသည်။ ကျောင်းတက်
၍ပညာသင်ကြားခွင့် မရသည့် အပြင်၊ ကျောင်းမှ ဆရာ/ဆရာမများနှင့် လည်းတွေ့ဆုံ၍
လိုအပ်သည့် ကျောင်းသင်ခန်းစာနှင့် ပတ်သက် သည်များကိုလည်း ရယူခွင့်မရကြောင်း
သိရသည်။
"ဘာစာမှလည်းမသင်ခဲ့ရဘူး။ ဘယ်ကျောင်းမှလည်းမတက်ခဲ့ရဘူး။ အဲဒီတော့ဒီအတန်း
တင်စာမေးပွဲကြီး ကိုဖြေဖို့ဘာမှပြင်ဆင်ထား တာမရှိတော့
ဘယ်လိုဖြေရမှန်းကိုမသိဘူး" ဟုမောင်းတောမှကျောင်းသား တစ်ဦးကပြောသည်။
ဇွန်လမှစ၍ဖြစ်ပွားခဲ့သော ရိုဟင်ဂျာမွတ်စလင်များ အပေါ်အကြမ်းဖက်မှုကြီးကြောင့်
ဘာသာ ကွဲမိသားစု များ၊ကျောင်းသားများ အကြားရှိခဲ့သော
ချစ်ကြည်ရင်းနှီးမှုပြိုကွဲခဲ့သည်။ ယခုအခါ စစ်တွေတက္ကသိုလ်တွင် ရခိုင်
ဗုဒ္ဓဘာသာဝင်ကျောင်းသား/သူများသာ ပညာသင်ကြားခွင့် ရပြီး၊ ကျောင်းချိန်တွင်
စစ်တွေတက္ကသိုလ် ပတ်ဝန်းကျင်မှ မည်သည့် ဘာသာခြား၊ လူမျိုးခြား
များလမ်းလျှောက်၍ပင် သွားခွင့်မပြုကြောင်းသိရသည်။
No comments:
Post a Comment