နိုဝင်ဘာ (၂၃)။ ။ ဇွန်လ (၃) ရက်နေ့တွင်တောင်ကုတ်မြို့၌ရခိုင်အကြမ်းဖက်များမှ မြန်မာမွတ်စလင် (၁၀) ဦးကိုလူအများ ရှေ့တွင်လူမဆန်စွာသတ်ဖြတ်ခဲ့သည်။ထိုသို့သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်၍ နှစ်ရက်အကြာ တွင်ရန်ကုန်မြို့တွင် အစ္စလာမ်ဘာသာဝင်များမှတရားဥပဒေဖြင့်ဖြေရှင်းပေးရန်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ရခိုင်ပြည်နယ်မောင်းတောမြို့တွင် နေထိုင်သောရိုဟင်ဂျာမွတ်စလင်များမှဇွန်လ(၈)ရက်နေ့တွင်မတရား သတ်ဖြတ်ခံရသူများအတွက် ငြိမ်းချမ်းစွာဆုတောင်း ၀တ်ပြုရန်စီစဉ်ခဲ့သည်။ သို့သော်လည်းအာဏာပိုင် များမှတားမြစ်သောကြောင့် လူစုခွဲ၍အပြန်တွင်ရခိုင်အကြမ်းဖက်တချို့မှ တိုက် ခိုက်၍ ရန်စခဲ့သည်။ ထို့အပြင်လုံထိန်းတပ်ဖွဲ့ဝင်များလည်းမိမိတို့၏နေအိမ်များသို့ပြန်လည်ထွက်ခွာနေသော လူအုပ်ထဲသို့ပစ်ခတ်ခဲ့ရာရိုဟင်ဂျာလူငယ်နှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့သည်။ထိုမှတဆင့်မောင်းတောမြို့တွင်အ ကြမ်းဖက်မှုကြီးတစ် ရပ်ဖြစ်ပွားခဲ့သည်။
ထိုအကြမ်းဖက်မှုနှင့်ပတ်သက်၍အပြစ်မဲ့ရိုဟင်ဂျာပညာတတ်များ၊ လူငယ်များ၊
အသက်အရွယ်ကြီးရင့်နေ
သူများကိုအကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲဖမ်းဆီးခဲ့သည်။ထိုသို့ဖမ်းဆီးခဲ့ရသူများတွင်
မောင်းတောမြို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)
တွင်ရောက်ရှိနေခဲ့သောဒေါက်တာ
ထွန်းအောင်(ခ)ဦးနူရူလ်ဟောက်လည်းတစ်ဦးအပါအ၀င်ဖြစ်သည်။
ဒေါက်တာထွန်းအောင်ကို နိုင်ငံခြားငွေကြေး
ကိုင်ဆောင်မှုဖြင့်စွဲချက်တင်ခဲ့ပြီး သြဂုတ်လ ကုန်ပိုင်းတွင် ထောင်ဒဏ် (၃)
နှစ်ချမှတ် ခဲ့သည်။ ဒေါက်တာထွန်းအောင်၏လက်ဝယ်တွင်ရရှိခဲ့သော
တရုတ်နိုင်ငံသုံးငွေ ကြေးယွမ်ငွေ (၁၀၀) မှာ
သမီးဖြစ်သူဒေါ်မြနန္ဒာအောင်မှပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သမီးဖြစ်သူဒေါ်မြနန္ဒာအောင်မှပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယခုအခါ
ဒေါက်တာထွန်းအောင်အားရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများတွင်ပါဝင်ပတ်သက်
ခဲ့သည်ဟုစွဲချက်တင်၍
ရှေ့နေငှားရမ်းခွင့်မပြုဘဲအရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ၅(ည)
ဖြင့်အလုပ်နှင့်ထောင် ဒဏ်၇ နှစ်၊
ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့်အလုပ်နှင့်ထောင်ဒဏ်၁ နှစ်၊
နိုင်ငံတော်ငြိမ် ၀ပ်ပိပြားရေး ပျက်ပြားစေသည့်ဥပဒေဖြင့်
အလုပ်နှင့်ထောင်ဒဏ် ၄ နှစ် - စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် (၁၂) နှစ်ကို
နိုဝင်ဘာလ (၂၁) ရက်နေ့တွင် စစ်တွေခရိုင် တရားရုံးမှ
ချမှတ်လိုက်ကြောင်းသတင်းရရှိသည်။
ဒေါက်တာထွန်းအောင်အားဖမ်းဆီးခဲ့သည့်အချိန်မှစ၍ယခုအချိန်ထိရှေ့နေဌားရမ်းခွင့်မပြုသည့်အပြင် မိသား စု ၊ ဆွေမျိုးများ တွေ့ဆုံခွင့်လည်းမပေးကြောင်းသိရသည်။
လွန်ခဲ့သည့်လတွင်မတရားသဖြင့်ဖမ်းဆီးခံခဲ့ရသည့်ဒေါက်တာထွန်းအောင်အားလွတ်ပေးရေးအတွက် လန်ဒန် မြို့အခြေစိုက် Burma Campaign UK မှတောင်းဆိုခဲ့သည်။
ယခုကဲ့သို့မတရားသဖြင့်ဖမ်းဆီး၍ထောင်ဒဏ်ချမှတ်သည့်အတွက်
ရိုဟင်ဂျာအရေးလှုပ်ရှား သည့်အဖွဲ့ အစည်း များ
ဒေါက်တာထွန်းအောင်လွတ်မြောက်ရေးအတွက် Amnesty International နှင့်
ပူးပေါင်း ၍ ကြိုးစားသွားမည်ဟုသိရသည်။
ဒေါက်တာထွန်းအောင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မေယုဖွံ့ဖြိုးတိုးတက်ရေးကျောင်းသားလူငယ်များ အဖွဲ့ချုပ်ကိုကိုယ်စားပြု၍ မောင်းတောမြို့မှလွှတ်တော်အမတ်အတွက်ဝင်၍ယှဉ်ပြိုင်ခဲ့သည်။
ဒေါက်တာထွန်းအောင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မေယုဖွံ့ဖြိုးတိုးတက်ရေးကျောင်းသားလူငယ်များ အဖွဲ့ချုပ်ကိုကိုယ်စားပြု၍ မောင်းတောမြို့မှလွှတ်တော်အမတ်အတွက်ဝင်၍ယှဉ်ပြိုင်ခဲ့သည်။
RB News

No comments:
Post a Comment