Thursday, December 19, 2013

အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပထမဆုံးအကြိမ် ခန့်အပ်

အိန္ဒိယ သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်ခင်စိုးကို ပထမဆုံးသော အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် ပူးတွဲ ခန့်အပ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာ ၏ နိုင်ငံရေးရာဌာနမှ အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
“အီရန်မှာက မြန်မာသံရုံးတော့ မရှိသေးဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနှင့် အီရန် နှစ်နိုင်ငံအကြား နိုင်ငံရေးဆိုင်ရာ ဆက်ဆံမှုများ ခိုင်မာလာရေးနှင့် ရခိုင်ပြည်နယ် ကဲ့သို့သော ပဋိပက္ခများတွင် သံရုံးမှတစ်ဆင့် အကူအညီ ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံ သံရုံးကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ရန်ကိုလည်း မြန်မာအစိုးရနှင့် ဆွေးနွေး ထားကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး Mr. Ali Akbar Salehi က ပြောကြားထားသည်။

နျူးကလီးယား ထုတ်လုပ်ရန် ယူရေနီယမ် သန့်စင်မှုများ လုပ်ဆောင်နေသည်ဟု စွပ်စွဲခံထားရသော အီရန်နိုင်ငံကို အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားသော်လည်း အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံတွင် သမ္မတရိုဟာနီ တက်လာ ပြီး နောက်ပိုင်း အရေးယူ ပိတ်ဆို့မှုများ ဖြေလျှော့ပေးရန် အမေရိကန် အစိုးရနှင့် အီးယူ အဖွဲ့ဝင်များက ပြန်လည် သုံးသပ်နေသည်။

No comments:

Post a Comment