Robert Elhose
နိုဝင်ဘာ ၂၀၊ ၂၀၁၃။
ကမ္ဘာ့ ကုလသမဂ္ဂ နဲ့ အိုအိုင်စီ တို့ နဲ့
ညှိနှိုင်းအပြီး ရိုဟင်ဂျာ လူမျိုး ရှစ်သိန်းခန့် ကို တန်းတူ
နိုင်ငံသားအခွင့် အရေး ပေးဖို့ စီစဉ်နေပါတယ် ဘာညာ ဆိုပြီး မြန်မာ အာ
ဏာပိုင် များက ကတိပေးလိုက်တယ်။ အမေရိကန် က သက်သေ ဖြစ်ခဲ့တယ်။
ဟော အခုတော့ ပြန်ကြားရေး ဒု ၀န်ကြီး နဲ့ သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ်
ဦးရဲထွဋ် က ပြော တာ ကျပြန်တော့ လက်တစ်လုံးခြား နဲ့ မြန်မာအစိုးရတို့ ထုံးစံ
အတိုင်း ကူလီကူ မာ လုပ်ထားတယ်။ သူက ပြောတာက " ရိုဟင်ဂျာ တွေကို
နိုင်ငံသား ဖြစ်ဖို့အတွက် ဥပဒေအတိုင်း ဆက် လက် ဆောင်ရွက် သွားမည် " တဲ့။
သူ ပြောတဲ့ ဥပဒေ အတိုင်း ဆိုတာ က ၁၉၈၂ ကူလီကူမာ နိုင်ငံသားဥပဒေ ကိုပြောတာ။
ဒီတော့ ဒီ နှစ်ခုကြား မှာ ကွာဟချက် က အကြီးကြီး ရှိနေတယ်။ အဲ့ဒီ ကွာဟ ချက်
ကြောင့် ပဲ ဒီလောက် ငြင်းကြခုံကြ၊ ပြဿနာ ပဋိပက္ခ တွေ ဖြစ်ကြရ။ မတရား
လုပ်ကြံ သတ်ဖြတ် မှုတွေ ပေါ်ပေါက် ခဲ့ရ။ ပေါ်ပေါက်နေဆဲ။ဒီကြားထဲ ဒီလောက်
ညှိနှိုင်းမှုတွေ နောက် ကတိတွေ အတန်တန် ပေးပြီးတဲ့ ကြားက ဥပဒေ အရ လုပ်မယ်
ဆိုတော့။ ရို ဟင်ဂျာ ရှစ်သိန်း ထဲ က တစ်သိန်းလောက်တောင် နိုင်ငံသား
ဖြစ်လာဖို့မရှိဘူး။ မတ ရား တစ်ဖက်သတ် ဆုံးဖြတ်ခွင့် တွေကို ချခွင့် ပေး ထား
တဲ့ ၁၉၈၂ ဥပဒေအရ သွား ကြမှာကိုး။
ဒီတော့ ကုလသမဂ္ဂ တို့ အမေရိကန် နဲ့ ဥရောပ သမဂ္ဂ တို့ ၊ နောက်ဆုံး အိုအိုင်စီ
အဖွဲ့ တို့ ယုတ်စွအဆုံး မြန်မာရဲ့ မဟာမိတ် ရုရှား နဲ့ တရုတ် တို့ကတောင်
ဘုံ မူ အားဖြင့် ပြောဆို ထောက်ခံထားတဲ့။ ရှင်းလင်း ပြတ်သားစွာ
တောင်းဆိုထားတဲ့ အ ချက် ကို implement လုပ်သလိုလို နဲ့ မလိမ့်တစ်ပတ်
လုပ်ဖို့ ကြိုးစားနေတာကို ခုလည်း ဦးရဲထွဋ် ရဲ့ ပြောကြားချက် အရ
တွေ့နေရတယ်။
ခုန အထက်ကပြောခဲ့တဲ့ အဖွဲ့အစည်းကြီးတွေ နိုင်ငံကြီးတွေ က အဓိက ထောက်ပြ
နေတဲ့ ၁၉၈၂ မတရား နိုင်ငံသား ဥပဒေ ကိစ္စ ကို တစ်ခွန်းတစ်ပါဒ မှကို
ထည့်ပြော သွား တာမတွေ့ရဘူး။ ဒီနေ့ ရိုဟင်ဂျာ တွေကို ဒါမျိုး မလိမ့်တစ်ပတ်
လုပ်လို့ ရသွား ရင် နောက်နေ့ မှာက တော့ ပြည်မမှာ ရှိနေကြတဲ့
မြန်မာမွတ်စလင်မ် သဗရဏံ ပေါင်းစုံ လူမှုအစုအဝေး ကြီးရဲ့ အလှည့်ပဲ ဆိုတာ
သိပ်ကို ကျိန်းသေနေတယ်။
ဒါဆို မုန့်လုံးကို စက္ကူကပ်နေမိသလို၊ ပြဿနာတွေ ထဲက ရုန်းထွက်
နိုင်ပါ့မလား။ နောင် နှစ် ဘယ်လောက်ကြာသည် အထိ တန်းတူညီမျှ နိုင်ငံသား
အခွင့်အရေး အ တွက် ဆက်လက် တိုက်ပွဲ ၀င်နေကြရဦး မှာလဲ။ အများကြီး စဉ်းစား
စရာတွေ ထွက် လာတယ်။ ပြဿနာ ရဲ့ ဇစ်မြစ် ကတော့ ထုံးစံလို ဖြစ်နေတဲ့ မြန်မာ
အာဏာ ပိုင်များရဲ့ လူကြီးလူကောင်း မဆန်မှု၊ ကတိကို ပေးပြီး ထပ်ကာတလဲလဲ
ဖျက်ဖို့ ၀န်မလေး တတ်မှု၊ လက် တစ်လုံးခြား ကလိမ် ကျလိုမှု၊ မရိုးသား
ကောက်ကျစ်စဉ်းလဲ မှု စတာ တွေက အဖြေပါပဲ။ ဒါမျိုးတွေက ရေရှည် မှာ တိုင်းပြည်
တစ်ခုလုံး ရဲ့ အမှတ် တံဆိပ် တစ်ခု အနေနဲ့ပါ ဂုဏ် သိက္ခာ ကို
ထိခိုက်လာနိုင်ပါတယ်။
ဒီလို အနုတ်သဘောဆောင်တဲ့ အရည်အသွေးတွေနဲ့ ၂၁ ရာစု နိုင်ငံတကာ မိသားစု ကြီး
ထဲကို ဘယ်လိုလုပ် လူရာသူရာ ၀င်ဆံ့ပါါ့မလဲ။ နောင်မကြာခင် လူဦးရေ သန်း
ပေါင်း ၅၀၀ ကျော်ရှိနေတဲ့ အာဆီယံ အသိုက်အ၀န်း ကြီးထဲ မှာ တစ်ခုတည်းသော ကုန်
သွယ်မှု မူဝါဒ၊ တစ်ခုတည်းသော ငွေကြေး၊ တစ်ခုတည်းသော လားရာကို စုပေါင်း
ချီတက် ကြဖို့ မှာ မြန်မာဟာ အစိတ်အပိုင်း အဖြစ် ပါဝင် လာနိုင်ပါ့မလား။
ဘာလို့လည်း ဆိုတော့ အာဆီယံ ဒေသ ဆိုတာ ခရစ်ယာန် ဘာသာဝင် က သန်း ၈၀၊
ဗှဒ္ဓဘာသာ ၀င် သန်း ၁၄၀ ကျော် နဲ့ မွတ်စလင်မ် သန်း ၃၀၀ ကျော် စုပေါင်း
နေထိုင် နေ ကြတဲ့ လူမှု အသိုင်းအ၀န်းကြီးလေ။ ကိုယ့်နိုင်ငံထဲက မွတ်စလင်မ်
လူနည်းစု များ ကို ဒီလို မတရား ယုတ်မာ ကောက်ကျစ်ဖို့ ကြံစည်နေတဲ့ ပေါ်လစီ
များနဲ့ ဒီအသိုက်အ၀န်း ကြီးထဲမှာရော ဒီအတိုင်း ရေရှည် သွားနေနိုင်မှာလား။
တစ်ကိုယ်တည်း ထင်ရာလုပ်ပြီး ဧကစာရီ ကျင့်မယ် ကွာ ဆိုတဲ့ မြောက်ကိုရီးယား
ပေါ်လ စီ နဲ့ သွားမယ် ဆိုရင် ရော ရေရှည် တိုင်းပြည်အတွက် အကျူိးများ
နိုင်ပါ့မ လား။ မြန်မာ ပေါ်လစီ ချမှတ် သူတွေ အနေနဲ့ လက်တွေ့ကျကျ စဉ်းစား
ဖို့ လမ်းဆုံ လမ်း ခွ ကို ရောက်နေပါပြီ။ မတရားမှု ဆိုတာ ဘယ်တော့မှ ရေရှည်
မှာ အောင်ပန်း မဆွတ် ခူးနိုင်ပါဘူး။
နိုင်ငံသားခြင်း အတူတူ ရှေ့က ၀ါးလုံးတန်း တစ်တန်း တန်း ထားလိုက်ပြီး
မင်းတို့ ၀င်ချင်ရင် ဒီတန်းအောက် က ငုံ့လျှိုးပြီးမှ ၀င်ရမယ် ဆိုတဲ့
ပေါ်လစီမျိုး ကိုတော့ ဘယ် တော့ဖြစ်ဖြစ် ကျွန်တော်များ မြန်မာမွတ်စလင်မ်
များကလည်း လက်မခံ နိုင်သ လို နိုင်ငံတကာ အသိုက်အ၀န်း ကလည်း လက်ခံဖို့
မမြင်မိကြောင်းပါ။
No comments:
Post a Comment