Thursday, October 10, 2013

မန္တလေး သုံးလောင်းပြိုင်လူသတ်မှု ခုနစ်ရက်အတွင်း ဖော်ထုတ်နိုင်


Photo: မန္တလေး သုံးလောင်းပြိုင်လူသတ်မှု ခုနစ်ရက်အတွင်း ဖော်ထုတ်နိုင်
မန္တလေး အောက်တိုဘာ  ၉
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ဝင်းအောင် ဦးဆောင်သော    အထူးအမှုစစ်အဖွဲ့သည် မန္တလေး သုံးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ နေ့စဉ်ဆောင်ရွက်ချက်ရရှိသည့် သတင်းများအပေါ် အဖွဲ့လိုက် တွေ့ဆုံခြင်း တို့ကို  ဆောင်ရွက်ခဲ့ရာ တစ်ပတ်အတွင်း ပြစ်မှုကျူးလွန်သူများ ကို  ဖော်ထုတ်နိုင်ခဲ့ကြောင်း  သတင်း ရရှိသည်။
ဖော်ထုတ်နိုင်မှုမှာ     အဆိုပါ အခင်းဖြစ်  နေအိမ်ခြံဝင်း၏ မြောက် ဘက်တစ်ကွက်ကျော်ရှိ ကုမ္ပဏီတွင် တပ်ဆင်ထား သော CCTV မှတ်တမ်း များအား တိုင်းအကူတပ်ဖွဲ့ခွဲ မှုခင်း အကူဌာနစု တာဝန်ခံရဲအုပ်ရဲမြင့်နှင့် အဖွဲ့မှ စည်းရုံးရယူပြီး အောက်တိုဘာ ၈ ရက်က  စိစစ်ကြည့်ရှုလေ့လာရာ အောက်တိုဘာ ၁ ရက် ည ၁၀ နာရီ မိနစ် ၂၀ က လူနှစ်ဦး စီးနင်း လာသော မော်တော်ဆိုင်ကယ်တစ်စီးသည် ကုမ္ပဏီ ရှေ့မှ (၆၉)လမ်းအတိုင်း ဖြတ်သန်း မောင်းနှင်လာပြီး အခင်းဖြစ် ကုမ္ပဏီ နေအိမ်ခြံဝင်းရှေ့၌   ရပ်သွားသည်ကို တွေ့ရှိရကြောင်း၊ CCTV မှတ်တမ်းပါ မော်တော်ဆိုင်ကယ်အား လေ့လာရာ ဒလက်ဘီးများ   တပ်ဆင်ထားပြီး နောက်မြီး အချွန်ပုံသဏ္ဌာန်ရှိကြောင်း၊ ဆိုင်ကယ်မောင်းနှင်သူမှာ ဆံပင်ထူ၊ ခန္ဓာကိုယ်ဝတုတ်၊ နောက်ထိုင်စီးသူမှာ ခန္ဓာကိုယ်ပိန်သွယ်၊ မျက်နှာသွယ်သူ ဖြစ်ကြောင်း စိစစ်တွေ့ရသည်။
အထူးအမှုစစ်အဖွဲ့မှ    ကုမ္ပဏီ ဝန်ထမ်းများတစ်ဦးချင်း၏လှုပ်ရှား သွားလာပုံနှင့် အကျင့်စာရိတ္တတို့အား စောင့်ကြည့် လေ့လာခဲ့ရာ ယာဉ်မောင်း တာဝန်ဆောင်ရွက်သူ အောင်ကျော် ဟိန်း(ခ) အောင်ကျော်သည် အခင်း မဖြစ်မီ ၄/၅ ရက်ခန့်ကပင်  မီးခံ သေတ္တာထားရှိသည့် အခန်းအတွင်းသို့ အကြောင်းမဲ့ဝင်/ထွက်မှုများပြားခြင်း၊ အခင်းဖြစ်သည့် အောက်တိုဘာ ၂ ရက် က ကုမ္ပဏီပိုင်ငွေကျပ်သိန်း ၂၀၀ ခန့် အား ဘဏ်သို့ပေးသွင်းရန် မော်တော် ယာဉ်ဖြင့် သွားရောက်ရာတွင်လည်း သွားလာနေကြမဟုတ်သည့်   လမ်းမှ မောင်းနှင်ခြင်း၊  အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက အောင်ကျော်ဟိန်း မှာ ကုမ္ပဏီခြံဝင်းအတွင်းရှိ မော်တော် ယာဉ်များအား ခြံပြင်သို့ထုတ်ပြီးနောက် စစ်ကိုင်းမြို့သို့      အကြောင်းမဲ့ သွားရောက်ကာ နေမကောင်းသည်ဟု အကြောင်းပြပြီး ခွင့်တိုင်ကြားခဲ့ခြင်း စသည့် မသင်္ကာဖွယ်ရာ သတင်းစကား များကြားသိခဲ့ရသည်။
ဃဃွှဠ မှတ်တမ်းတွင်  ပါရှိသည့် ဆိုင်ကယ်မောင်းနှင်သူ၏ ပုံသဏ္ဌာန် နှင့် ယာဉ်မောင်း အောင်ကျော်ဟိန်း၏ ပုံသဏ္ဌာန်တို့ ဆင်တူသည်ဟု သုံးသပ် ရရှိပြီး အောင်ကျော်ဟိန်း စီးနင်းသည့် ဆိုင်ကယ်မှာလည်း    ဒလက်ဘီး တပ်ဆင်ထားသည့် ၁၂၅ အမျိုးအစား ဆိုင်ကယ်ဖြစ်ကြောင်း   သိရသဖြင့် အောက်တိုဘာ  ၈     ရက်တွင် အောင်ကျော်ဟိန်းအား  တိုင်းမှုခင်း အကူဌာနစုရုံးသို့  ခေါ်ဆောင်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အပြည့်အစုံဖတ်ရန် http://www.moi.gov.mm/npe:zg/news/10/10/2013/id-6724

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ဝင်းအောင် ဦးဆောင်သော    အထူးအမှုစစ်အဖွဲ့သည် မန္တလေး သုံးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ နေ့စဉ်ဆောင်ရွက်ချက်ရရှိသည့် သတင်းများအပေါ် အဖွဲ့လိုက် တွေ့ဆုံခြင်း တို့ကို  ဆောင်ရွက်ခဲ့ရာ တစ်ပတ်အတွင်း ပြစ်မှုကျူးလွန်သူများ ကို  ဖော်ထုတ်နိုင်ခဲ့ကြောင်း  သတင်း ရရှိသည်။

ဖော်ထုတ်နိုင်မှုမှာ     အဆိုပါ အခင်းဖြစ်  နေအိမ်ခြံဝင်း၏ မြောက် ဘက်တစ်ကွက်ကျော်ရှိ ကုမ္ပဏီတွင် တပ်ဆင်ထား သော CCTV မှတ်တမ်း များအား တိုင်းအကူတပ်ဖွဲ့ခွဲ မှုခင်း အကူဌာနစု တာဝန်ခံရဲအုပ်ရဲမြင့်နှင့် အဖွဲ့မှ စည်းရုံးရယူပြီး အောက်တိုဘာ ၈ ရက်က  စိစစ်ကြည့်ရှုလေ့လာရာ အောက်တိုဘာ ၁ ရက် ည ၁၀ နာရီ မိနစ် ၂၀ က လူနှစ်ဦး စီးနင်း လာသော မော်တော်ဆိုင်ကယ်တစ်စီးသည် ကုမ္ပဏီ ရှေ့မှ (၆၉)လမ်းအ တိုင်း ဖြတ် သန်း မောင်းနှင်လာပြီး အခင်းဖြစ် ကုမ္ပဏီ နေအိမ်ခြံဝင်းရှေ့၌   ရပ်သွားသည်ကို တွေ့ရှိရကြောင်း၊ CCTV မှတ်တမ်းပါ မော်တော်ဆိုင်ကယ်အား လေ့လာရာ ဒလက်ဘီးများ   တပ်ဆင်ထားပြီး နောက်မြီး အချွန်ပုံ သဏ္ဌာန်ရှိကြောင်း၊ ဆိုင်ကယ်မောင်းနှင်သူမှာ ဆံပင်ထူ၊ ခန္ဓာကိုယ်ဝတုတ်၊ နောက်ထိုင်စီးသူမှာ ခန္ဓာကိုယ်ပိန်သွယ်၊ မျက်နှာသွယ်သူ ဖြစ်ကြောင်း စိစစ်တွေ့ရသည်။
အထူးအမှုစစ်အဖွဲ့မှ    ကုမ္ပဏီ ဝန်ထမ်းများတစ်ဦးချင်း၏လှုပ်ရှား သွားလာပုံနှင့် အကျင့်စာရိတ္တတို့အား စောင့်ကြည့် လေ့လာခဲ့ရာ ယာဉ်မောင်း တာဝန်ဆောင်ရွက်သူ အောင်ကျော် ဟိန်း(ခ) အောင်ကျော်သည် အခင်း မဖြစ်မီ ၄/၅ ရက်ခန့်ကပင်  မီးခံ သေတ္တာထားရှိသည့် အခန်းအတွင်းသို့ အကြောင်းမဲ့ဝင်/ထွက်မှုများပြားခြင်း၊ အခင်းဖြစ်သည့် အောက်တိုဘာ ၂ ရက် က ကုမ္ပဏီပိုင်ငွေကျပ် သိန်း ၂၀၀ ခန့် အား ဘဏ်သို့ပေးသွင်းရန် မော်တော် ယာဉ်ဖြင့် သွားရောက်ရာတွင်လည်း သွားလာနေကြမဟုတ်သည့်   လမ်းမှ မောင်းနှင်ခြင်း၊  အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက အောင်ကျော်ဟိန်း မှာ ကုမ္ပဏီခြံဝင်းအတွင်းရှိ မော်တော် ယာဉ်များအား ခြံပြင်သို့ထုတ်ပြီးနောက် စစ်ကိုင်းမြို့သို့      အကြောင်းမဲ့ သွားရောက်ကာ နေမကောင်းသည်ဟု အကြောင်းပြပြီး ခွင့်တိုင်ကြားခဲ့ခြင်း စသည့် မသင်္ကာဖွယ်ရာ သတင်းစကား များကြားသိခဲ့ရသည်။
ဃဃွှဠ မှတ်တမ်းတွင်  ပါရှိသည့် ဆိုင်ကယ်မောင်းနှင်သူ၏ ပုံသဏ္ဌာန် နှင့် ယာဉ်မောင်း အောင်ကျော်ဟိန်း၏ ပုံသဏ္ဌာန်တို့ ဆင်တူသည်ဟု သုံးသပ် ရရှိပြီး အောင်ကျော်ဟိန်း စီးနင်းသည့် ဆိုင်ကယ်မှာလည်း    ဒလက်ဘီး တပ်ဆင်ထားသည့် ၁၂၅ အမျိုးအစား ဆိုင်ကယ်ဖြစ်ကြောင်း   သိရသဖြင့် အောက်တိုဘာ  ၈     ရက်တွင် အောင်ကျော်ဟိန်းအား  တိုင်းမှုခင်း အကူဌာနစုရုံးသို့  ခေါ်ဆောင်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အောင်ကျော်ဟိန်းသည် အောက်တိုဘာ ၁ ရက်က သူငယ်ချင်းဖြစ်သူ သောင်းစုဇင်  ဖုန်းဆက်ခေါ်သဖြင့် ၎င်းပိုင်အနက်ရောင် အမျိုးအစား ဆိုင်ကယ်အမှတ်  ၃၃ယ/---နှင့် ချမ်းမြသာစည်မြို့နယ်  ကံသာယာ ရပ်ကွက်  နေအိမ်သို့ သွားရောက်ခဲ့ ကြောင်း၊ နေအိမ်တွင်ရောက်ရှိနေသူ သောင်းစုဇင်အားခေါ်ယူပြီး   ကျုံး တစ်ပတ် လှည့်လည် မောင်းနှင်ကာ ကုမ္ပဏီရုံးသို့  အလည်အပတ်သွား ရောက်ခဲ့ကြောင်း၊ ကုမ္ပဏီရုံးအဝင် ထိပ်အတွင်းဘက်ရှိ  လုံခြုံရေးကင်း တဲနေရာတွင် အစောင့်တာဝန်ကျသူ ဦးတင်လှိုင်နှင့်တွေ့ဆုံကာ  စကား ပြောနေစဉ်  သောင်းစုဇင်နှင့်ဦးတင်လှိုင် တို့စကားများရန်ဖြစ်ရာမှ ဦးတင်လှိုင်အား သောင်းစုဇင်က ဆံပင်ဆွဲ၍ အင်္ဂတေကြမ်းပြင်နှင့်    ဆောင့်ခဲ့ကြောင်း၊ ယင်းနောက် အနီးရှိအုတ်ခဲ ကျိုးဖြင့် ဦးတင်လှိုင်၏ ဦးခေါင်းအား ထုရိုက်ခဲ့ကြောင်း၊ ယင်းနောက် ကား ကြားအတွင်း   အိပ်နေသူ ဦးဟန် သောင်းအား သောင်းစုဇင်က အုတ်ခဲ ကျိုးဖြင့်   ဦးခေါင်းအားထုရိုက်ပြီး အောင်ကျော်ဟိန်းက ဦးဟန်သောင်း ပါးစပ်အတွင်းသို့    ကားသုတ်သည့်  ပုဆိုးစုတ်ဖြင့်   ထိုးသွင်းခဲ့ကြောင်း၊ ထိုစဉ် ဒေါ်ခင်ခင်ဝင်း(ခ)  မကြည် ဟန်မှာ  အိပ်နေရာမှထလာသည်ကို တွေ့ရှိရသဖြင့် အောင်ကျော်ဟိန်း က ဆံပင်ဆွဲကာ တိုင်ဖြင့်ဆောင့် ရိုက်ခဲ့ ကြောင်း၊    အရိုက်ခံရသူသုံးဦးလုံးမှာ လှုပ်ရှားမှုမရှိတော့သော်လည်း မသေ မည်ကို   စိုးရိမ်သဖြင့် ၎င်းတို့နှစ်ဦး တိုင်ပင်ပြီး    ဆိုင်ကယ်တူးဘောက် အတွင်း အသင့်ပါလာသော ဆေးထိုး အပ်အား ယူဆောင်ပြီး ခြံဝင်းအတွင်း ထားသော ကားတစ်စီးရှိ ဘက်ထရီအိုး အတွင်းမှ အက်စစ်အားစုပ်ယူကာရိုက်နှက်ခံထားရသူ  သုံးဦး၏ဝဲရင် အုံနေရာများအား ထိုးသွင်းခဲ့ကြောင်း ထွက်ဆိုသိရှိရသည်။
ယင်းနောက် နှစ်ဦးသားတိုင်ပင်ပြီး ကားတစ်စီးအတွင်းမှ ဟန်တယ်ကို ယူကာ တံခါးမကြီးသော့အား ဖျက်ဆီး ပြီး နေအိမ်အတွင်း  ဝင်ရောက်ခဲ့ ကြောင်း၊ နေအိမ်အပေါ်ထပ်ရှိ မီးခံ သေတ္တာထားသည့် အခန်းအား  သော့ ဖျက်ဝင်ရောက်ပြီး အသင့်ယူဆောင် လာသည့် ဝက်အူလှည့်ဖြင့်  မီးခံ သေတ္တာအား ဖွင့်ရာမရသဖြင့် ပြန်ဆင်း လာပြီး  ဆိုင်ကယ်ဖြင့်   အခင်းဖြစ် နေအိမ်မှ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ မီးခံသေတ္တာပေါ်တွင်   တွေ့ရှိသည့် အစိမ်းရောင် အိတ်အား ယူဆောင်ကာ ၎င်းတို့အသုံးပြုခဲ့သည့်  ပစ္စည်းများ အားထည့်၍ ခိုင်လီကြက်ချဉ်စပ်စားသောက်ဆိုင်အနီး လမ်းဘေးချုံတော အတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း၊ အဝတ် အစားများအား ပြည်ကြီး တံခွန်မြို့နယ် ယောမင်းကြီး လမ်း တောင်ဘက် ရှိ ရေမြောင်းထဲသို့ လွှင့်ပစ်ခဲ့ကြောင်း သိရသည်။   သောင်းစုဇင်(၂၀)နှစ် မှာလည်း အောင်ကျော်ဟိန်း ကျူးလွန် သကဲ့သို့ပင်    ဝန်ခံထွက်ဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့က   ဆက်လက်အရေး ယူ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
အထက်ပါအမှု ပေါ်ပေါက်ရခြင်းမှာ ကုမ္ပဏီဝန်ထမ်းများ၏   ပူးပေါင်းပါဝင် မှု၊ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှု တို့ကြောင့် ပေါ်ပေါက်ခဲ့ရခြင်းဖြစ်၍ ပြည်သူလူထုအနေဖြင့်  မှုခင်းများ ဖော်ထုတ်ရာတွင်  ရဲတပ်ဖွဲ့နှင့် ပူးပေါင်း  ဆောင်ရွက်သင့်ကြောင်း ရဲတပ်ဖွဲ့က အကြံပြုထားသည်။
တင်မောင်(မန္တလေး)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment