ချိုတူးဇော် ရေးသားသည်
အောက်တိုဘာ ၂၃၊ ၂၀၁၃။
(သေချာ ဆန်းစစ် ကြည့်ကြပါ။)
ဗုဒ္ဓရဲ့ တုနှိုင်းမဲ့သော မေတ္တာတော်အနန္တ ဆိုတာ . . . ကို
နားလည်ရင်၊ ဒီနေ့ မြန်မာပြည်က ထေရ်ကြီး၊ ဝါကြီးတို့ ဟောနေ၊ ပြောနေ
လှုံ့ဆော်နေတဲ့ တရားတွေဟာ ဘယ်လောက် အကုသိုလ်များနေ တယ်၊ ဗုဒ္ဓကို
ဆန့်ကျင်နေတယ် ဆိုတာကို ဆင်ခြင်မိပါလိမ့်မယ်။ တည့်တည့်ပဲ ရေးပါဦးမယ်။
ဦးဝီရသူက ဗြောင်ကျကျ ဟောပြော လှုံ့ဆော် လို့ မြင်သာသလို၊
ဆရာတော်ကြီး တစ်ပါးဖြစ် တဲ့ သီတဂူဆရာတော်ရဲ့ တရားတွေကို သေချာ ဆန်းစစ်
လေ့လာကြည့်တဲ့အခါမှာ ဒီလိုသဘောတွေ ကိုပဲ ဆောင်နေတာကို တွေ့ရတယ်။ ဟောဒီ
အွန်လိုင်း၊ ဖေ့စ်ဘွတ်ခ်ပေါ်မှာတင် ရှိပါတယ်။ သေချာ
နာယူဆန်းစစ်ကြည့်ချစေချင်ပါတယ်။ ဗျတ်ဝိ၊ ဗျတ္တ ဇာတ်လမ်းကို
ရေမျောကမ်းတင်လာတဲ့လူတွေ ပန်းသည်မနဲ့ညားလို့ဆိုပြီး၊ ပြောဟောခဲ့တဲ့တရား
(တရားမဟုတ်ပါ)။ ပြောဟောမှု ကို သေချာ ဆန်းစစ်ကြည့်။ မြတ်စွာဘုရားရဲ့
တရားလားလို့။ ဗုဒ္ဓဝါဒနဲ့အညီ သူတော်ကောင်း တရား ဆိုတာ လောဘ၊ ဒေါသ၊ မောဟ
ကင်းငြိမ်းရာ၊ နိဗ္ဗာန်ကို ဆောင်ကြဉ်းမယ့် အနတ္တကို မြင်အောင်ပြမယ့်
တရားတွေသာ ဖြစ်ရမယ်။ မျိုးရိုးကိစ္စ မပြောနဲ့ ငါ သူတစ်ပါး၊
ယောက်ျား မိန်းမဆိုတဲ့ တဏှာအစွဲတွေ မှားတယ်ဆိုတာမှ မြတ်စွာဘုရားရဲ့
တရားစစ်စစ်ပါ။ ခုတော့ ထေရ်ကြီး၊ ဝါကြီးတို့ ဟောနေတာတွေဟာ တရားမဟုတ်သော
မတရား၊ ငါ့စကား နွားရတွေ ဖြစ်နေတယ်။ ခုခေတ် နိုင်ငံတကာရဲ့အမြင်နဲ့
ကြည့်မယ်ဆိုရင်လည်း ဗုဒ္ဓရဟန်းတော်တစ်ပါးက ဒီလိုဟောပြောလိုက် တာ ဗြောင်ကျကျ
discrimination လုပ်လိုက်တာပဲ။ ဗြောင်ကျကျ racism ကို လှုံ့ဆော်နေတာပဲ။
ဒလိုင်းလားမားကို နိုင်ငံတကာက လက်ခံတယ်ဆိုတာက မဟာယနရဟန်းဖြစ်ပါစေ၊
ဗုဒ္ဓရဲ့မေတ္တာဓာတ်ကို လူမျိုး၊ ဘာသာမရွေးရအောင် သယ်ဆောင်နိုင်ပေးတဲ့
ဗုဒ္ဓကိုယ်စားပြု ရဟန်းသံဃာဂုဏ်ရှိနေလို့ပါ။ ကြည်လင်သော နှလုံးသားနဲ့
ဗုဒ္ဓကို ကြည်ညိုသဒ္ဓါထက်သန်စွာနဲ့ ရဲရင့်စွာနဲ့ ဝေဖန်ထောက်ပြ ပါတယ်။ သေချာ
ဆန်းစစ် ကြည့်ကြပါ။
ချိုတူးဇော် https://www.facebook.com/chotuzaw
No comments:
Post a Comment