Saturday, September 21, 2013

(၂၀၁၃)ခုနှစ် အီဒုလ်အဒ်ွဟာ(ကုရ်ဘာနီ)အီးဒ်ပွဲတော် အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

သတင်း - နိုင်ဦး (M M M)
(၂၁-၉-၂၀၁၃)ရက် (စနေ)နေ့ နံနက်(၉း၃၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌(၂၀၁၃)ခုနှစ် အီဒုလ်အဒ်ွဟာ (ကုရ်ဘာနီ ) အီးဒ်ပွဲတော် အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲမှူးကြီး၊ရန်ကုန်တိုင်းဒေသကြီးသာသနာရေးမှူး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများ၊ ရန်ကုန် အရှေ့ပိုင်း/အနောက်ပိုင်း/တောင်ပိုင်း/မြောက်ပိုင်းခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ (ကုရ်ဘာနီ)ပြုလုပ်ရာ မြို့နယ်များမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာ နအုပ်ချုပ်ရေးမှူးများနှင့် မြန်မာနိုင်လုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများ တို့သည် ရန်ကုန် တိုင်းဒေသကြီး အတွင်း ယခင်ပြုလုပ်နေကျမြို့နယ်များအားလုံးတွင် ယခု(၂၀၁၃)ခုနှစ် တွင်လည်း ကုရ်ဘာနီ အလှူဒါနပြုသူများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း အစီအမံ များ ညှိနှိုင်းဆွေးနွေးကြပြီး အစည်းအဝေးကို နံနက်(၁၁း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

No comments:

Post a Comment