Thursday, August 29, 2013

ရန်ကုန်မြေဈေးကွက် မြှင့်တက်

Thursday, August 29, 2013

မြန်မာနိုင်ငံမှာ အစိုးရက နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်လာ ကတည်းကစပြီး ရန်ကုန်မြို့မှာရှိတဲ့ မြေဈေးတွေ မြင့်တက်နေပြီး ရန်ကုန်မြို့ စက်မှုဇုံဟောင်းနဲ့ သံလျင်အထူးစီးပွားရေးဇုံကလွဲရင် ကျန်တဲ့နေရာတွေက မြေဈေးတွေဟာ ပြီးခဲ့တဲ့ လပိုင်းတွေက နှစ်ဆကနေ သုံးဆအထိ ဆက်လက်မြှင့်တက်နေတယ်လို့ သိရပါတယ်။

မြေဈေးတွေ မြင့်တက်လာတာနဲ့အမျှ ဖွံ့ဖြိုးမှုနည်းနေသေးတဲ့ ဒဂုံဆိပ်ကမ်း ကမြေဈေးတွေ လည်း မြင့်တက်နေပါတယ်။ မြေအရောင်းအ၀ယ် လုပ်သူတွေရဲ့အဆိုအရ အစိုးရအနေနဲ့ ဒေသတွင်းက စီမံကိန်းလုပ်ငန်းတွေ စတင်လုပ်ဆောင် လာကတည်းက ဒဂုံဆိပ်ကမ်းက မြေဈေးတွေဟာ ပိုမို မြှင့်တက်လာတာ ဖြစ်ပါတယ်။

အရင်က မြန်မာကျပ်ငွေ ငါးသိန်း (အမေရိကန်ဒေါ်လာငွေ ငါးရာ) တန်ဖိုးရှိတဲ့မြေကွက်ဟာ အခုဆိုရင် မြန်မာကျပ်ငွေ ငါးသန်း (မေရိကန်ဒေါ်လာငွေ ငါးထောင်) လောက်အထိ မြှင့်တက် သွားတာ ဖြစ်ပါ တယ်။ ပြီးတော့ အရင်က ကျပ်ငွေ ၅သန်း၊ ၆သန်း (အမေရိကန်ဒေါ်လာငွေ ငါးထောင်ကနေ ခြောက်ထောင်) တန်ဖိုးရှိတဲ့ မြေဟာ အခုဆိုရင် ကျပ်ငွေ ဆယ်သန်း (အမေရိကန် ဒေါ်လာငွေ တစ်သောင်း) အထိ မြှင့်တက်သွားတာဖြစ်ပါတယ်။

အဲဒါအပြင် ကျန်တဲ့နေရာကမြေဈေးတွေဟာ မြန်မာကျပ်ငွေ သန်း ၂၀ ကနေ သန်း ၃၀ (အမေရိကန်ဒေါ်လာငွေ နှစ်သောင်းကနေ သုံးသောင်း) အထိ ရှိနေတယ်လို့ ဆိုပါတယ်။ မြေအရောင်းအ၀ယ် လုပ်သူတွေကတော့ မြေဈေးတွေမြှင့်တက်နေ ပေမယ့် မြေ၀ယ်သူတွေ သေချာပေါက် ရှိနေဦးမှာဖြစ်တဲ့အတွက် စိုးရိမ်စရာတွေ မရှိဘူးလို့ဆိုပါတယ်။

အခုလိုမျိုး မြေဈေးတွေမြှင့်တက်နေတာကို ကာကွယ်တဲ့အနေနဲ့ မကြာသေးခင်ကပဲ အစိုးရက လည်း မြေခွန်နဲ့ပတ်သက်ပြီး ကြေညာချက်တခု ထုတ်ပြန်လိုက်ပါတယ်။ အဲဒါကတော့ စက်မှုဇုံတွေ က တောင်းဆိုထားတဲ့ သတ်မှတ်မြေခွန် ၃၇ရာခိုင်နှုန်း ကနေ လျော့ပေးနိုင်မှာမဟုတ်တဲ့အကြောင်း ဆိုပါတယ်။

ဒု ဘဏ်ဏ္ဍာရေးဝန်ကြီး ဦးမောင်မောင်သိန်းက အစိုးရအနေနဲ့ မြေယာအကျယ်အ၀န်း ပေါ် မူတည်ပြီးတော့ မြေခွန်ကောက်ခံသွားမှာဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့တပတ်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့ပါတယ်။

အခုလို မြေခွန်တွေမြှင့်တင်တာဟာ မြေဈေးတွေကိုထိန်းချုပ်နိုင်မှာဖြစ်သလို အစိုးရဘဏ်ဏ္ဍာငွေ ကိုလည်းတိုးစေမှာဖြစ်ပြီးတော့ ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ ဇူလိုင်လအတွင်းက မြေခွန်တွေကနေ ကျပ်ငွေ ၂၆ ဒသမ ၁ ဘီလီယံ လောက် ၀င်ငွေရရှိတယ်လို့ ဘဏ်ဏ္ဍာရေးဝန်ကြီးဌာနကပြောပါတယ်။

No comments:

Post a Comment