Sunday, August 25, 2013

စစ်ကိုင်းတိုင်း ထန်းကုန်းမြို့တွင် မွတ်စလင်မ် အိမ်နှင့်ဆိုင် တချို့ ဖျက်ဆီးခံရ

သြဂုတ် ၂၄၊ ၂၀၁၃
M-Media
ထွန်းတောက်

ကန့်ဘလူ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် အကြမ်းဖက်သမားများမှ မွတ်စလင်မ်အိမ်နှင့် ဆိုင်တချို့ကို ယနေ့ည ၉း၃၀-နာရီခန့်က ဖျက်ဆီး ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ထန်းကုန်းမြို့တွင် ယနေ့ည ၉း၃၀-နာရီခန့်က ထန်းကုန်းမြို့ စည်ပင်သာယာဈေးရှိ မွတ်စလင်မ်ပိုင် ဆိုင် (၃)ဆိုင်ခန့်ကို ဖျက်ဆီးပြီးနောက် အကြမ်းဖက်လူစုလူဝေးဖြင့် မြို့မဗလီအနီးရှိ အိမ်နှင့်တွဲလျက် လ္ဘက်ရည်ဆိုင်အား ဖျက်ဆီးလျက်ရှိကြောင်းသိရသည်။

ယခုအခါ ရဲများ ရောက်ရှိလာပြီး လူစုလူဝေးအား လူစုခွဲရန် ပြောကြားနေပြီး အပြင်ထွက်သူများအားလည်း မှတ်တမ်း ဓါတ်ပုံများ ရိုက်ယူလျက်ရှိကြောင်း ထန်းကုန်းမြို့ခံမှ ပြောပြခဲ့သည်။

ရွှေဘိုမှ စအဖသည် ရွှေဘိုမြို့မှ ဘုန်းတော်ကြီးအား ပင့်ဆောင်၍ ထန်းကုန်းမြို့သို့ ထွက်ခွာသွားပြီဟု လည်းသိရသည်။ ယခုကဲ့သို့ အကြမ်းဖက်မှုများအား ဘုန်းတော်ကြီးမှ တားဆီးပေးရန် အတွက် ပင့်ဆောင်သွားခြင်းဖြစ်သည်ဟု ဇီးကုန်းမြို့ခံမှ M-Media အား ပြောကြားခဲ့သည်။

မည်သည့်အတွက်ကြောင့် အကြမ်းဖက်မှု စတင်လုပ်ဆောင်ခဲ့သည်ဟူသည့် အကြောင်းပြချက်အားလည်း M-Media ဆက်လက် စုံစမ်းနေဆဲဖြစ်ပါသည်။

ထန်းကုန်းမြို့သည် မွတ်စလင်မ်အိမ်ခြေ ၃၀၀-ခန့်ရှိပြီး ဗလီ ၂-လုံးရှိပြီး အာရဗီဘာသာရေးစာသင်ကျောင်း ၁-ကျောင်းလည်း ရှိသည်။

နောက်ဆုံး စုံစမ်းသိရှိရသည့် သတင်းများအရ စစ်ကိုင်းလုံခြုံရေး ၀န်ကြီးသည် (ဇီးကုန်းမြို့ အနီး)ရောက်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment