Thursday, July 4, 2013

" ဒါလားမျှတတဲ့ တရားစီရင်မှု" (Facebook ပေါ်မှ ပြည်သူ့အသံ)

ဇူလိုင်- ၄ ၊ ၂၀၁၃
ရေးသူ- AUNG MIN KHANT

မတ်လ(၂၂)ရက်နေ့ သောကြာနေ့ နေလည်(၁၁း၃၀) မိနစ်လောက်မှာ မိတ္ထီလာ ပဋိပက္ခကြောင့်ကြောက်လန့် တကြား ထွက်ပြေးလာတဲ့ နန်းတော်ကုန်းရပ်ကွက်က စက်ဘီးပြင် ဆိုင် ဖွင့်ပြီး လုပ်ကိုင်စားသောက်နေတဲ့ အပြစ်မဲ့တဲ့ မိသားစုတစုကို အကြမ်းဖက် သမားတွေက နန်းတော်ကုန်းသံလမ်းနားမှာတွေ. သွား ပြီး လာဝှက်ပေးမယ်လို့ခေါ်ကာ ဓားနဲ့ခုတ်သတ်ပြီး အလောင်းတွေ ကိုမီးရှို. ဖျောက်ဖျက်ပြစ်ခဲ့ကြတယ်။

မီးလောင်ပြီးခါနီးကျမှ အလောင်းတွေပေါ်ကို သင်္ဃန်းအုပ်ကာ ဘုန်းကြီးတွေအသတ်ခံရတယ် လို့ထင်အောင်ယုတ်မာခဲ့ကြ တာဖြစ် ပါတယ်။

ဓါတ်ပုံထဲက ကလေးချီထားတဲ့ အမျိုးသမီးကတော့ မခင်ခင်ထွေးဖြစ်ပြီးအသက်မသေပဲလွတ်မြောက်လာတဲ့ သူဖြစ်ပါတယ်၊

သူမကိုပါသတ်ဖြတ်ဖို့လုပ်တဲ့အခါ လက်ထဲကချီထားတဲ့ သူမရဲ.လသား အရွယ်ကလေးကို "မ" ပြပြီး မသတ်ဖို့တောင်းပန်တော့မှ "ဟေ့..ကုလားမ ဒါဆို နင်နောက်ကိုပြန်လှည့်မကြည့်နဲ့..ကြည့်ရင် နင့်ကိုပါသတ်မယ်လို့ပြောတဲ့အတွက် သူ့ရှေ.မှာတင် ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ မိသားစုဝင်တွေကို ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပါတယ်။

အသတ်ခံခဲ့ကြရတဲ့သူတွေကတော့ သူမရဲ.ယောက္ခထီး ဦးမောင်မောင်မြင့်အသက်(၇၃)နှစ်၊ သူမရဲ.ခင်ပွန်း ဦးမိုးဇော်အသက်(၃၄)နှစ်၊ သူမရဲ.သားသမီး ကျောင်းသား၊ ကျောင်းသူလေးဖြစ်ကြတဲ့ မောင်ရန်ပိုင်စိုး(၁၁)နှစ်နဲ့ မနွယ်နွယ်စိုး(၉)နှစ် အရွယ်ကလေးတို့ကို ရက်ရက်စက်စက်ဓားနဲ့ ခုတ်သတ်ပြီးမီးရှိုးခဲ့တာဖြစ်ပါတယ်။

အခုတော့အဲဒီလူမဆန်တဲ့ရာဇဝတ်မှုကို ကျုးလွန်ခဲ့တဲ့ မောင်တာတာစိုးကို ဇွန်လ (၂၈)ရက်နေ့က ပုဒ်မ ၃၀၂/၄၃၆/၁၁၄ အလုပ်ကြမ်းနှင့် ထောင်(၇)နှစ်ချခဲ့တယ်လို့ ဒီနေ့ ၄-၇-၂၀၁၃ ရက်နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ် သတင်းစာမှာရေးသားထားပါတယ်။

အာဏာပိုင်တွေအနေနဲ. ဒီလိုလူလေးယောက်ကို ရက်စက်စွာသတ်ဖြတ်ခဲ့သူကို ထောင်(၇)နှစ်ပဲချခဲ့တာဟာ အာဏာပိုင်တွေ ကိုယ်တိုင်ရာဇဝတ်မှုကျုးလွန်လိုက်တာလို့ပြောရမှာဖြစ်ပါတယ်။

ထွက်ပြေးနေတဲ့ တရားခံကတော့ အငယ်ကောင်(ခ)စိုးမိုးသူဖြစ်ပါတယ်။ သတင်းစာမှာ သူကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ထောင်ဒဏ် ဘယ်လောက်ကျခံပြီးသလဲဆိုတာကို ရှင်းလင်းစွာဖော်ပြမထားပါဘူး။ ဒီလူမဆန်တဲ့အကြမ်းဖက်သတ်ဖြတ်မှုဟာ နိုင်ငံတကာက မတော်မတရား စွပ်စွဲနေတာပါလို့ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာနေတဲ့သူတွေအတွက်တော့ အကောင်းဆုံးသက်သေတခုပါပဲ။

သင်ပြုသည့်ကံ ပဲ့တင်သံ သင့်ထံပြန်လာပါစေ။.......

မူရင်းလင့်ခ် =>http://goo.gl/jZ2L6

No comments:

Post a Comment