Friday, July 12, 2013

ဦးဝီရသူပြောတဲ့ ဂျူဂျူး အပျိုလား - အအိုလား အဖြေပေါ်ပြီ

၉-၇-၂၀၁၃ ခုနှစ် ညပိုင်းတွင် Wira Thu အမည်ဖြင့် Facebook စာမျက်နှာမှ 14 မိနစ်စာ Video Clips တစ်ခု တတ်လာခဲ့ပါသည်။
ထို ဗီဒီယိုထဲတွင် မန္တလေးမြို့ မာလကာခြံရပ်နေသူ အသက် ၁၉ နှစ်အရွယ်ရှိ မဂျူဂျူးအား တစ်ရပ်ကွက် ထဲနေ မောင်သန်းမင်းဌေး (ခ) ရှာဗာန် ဟူသော ကုလားမ အ တင်း အဓမ္မ ခိုးယူ ပေါင်းသင်းခဲ့သည် ဟူ၍ မဂျူဂျူး ကိုယ်တိုင် ထွက် ဆိုသော ဗီဒီယိုဖိုင် တစ်ခု တတ်လာခဲ့ပါသည်။

ထိုဗီဒီယိုဖိုင်ကို ကြည့်ခြင်းအားဖြင့် တကယ် အဖြစ်မှန် ဟုတ်/မဟုတ် ဆိုတာ အသိဥာဏ် ရှိသူတိုင်း သိပေမယ့် အခု မဂျူးဂျူး ၏ နောက်ကြောင်းကို စုံစမ်းသိရှိသမျှ ဖော်ထုတ်ပေး လိုက်ပါတယ်။

အဆိုပါ ဗီဒီယိုထဲမှာ အမျိုးသမီးငယ် မဂျူဂျူးမှာ ပထမ အိမ်ထောင် ဖြစ်သူ ကိုနိုင်နိုင်ဝင်းနှင့် ၂၆ - ၉ - ၂၀၁၂ တွင် မန္တလေးမြို့ မဟာအော်မြေ မြို့နယ် သံလျက်မှော် အရှေ့ ရပ်ကွက် တရားရုံးတွင် နှစ်ဦး သဘောတူ ကွာရှင်းပြတ်ဆဲ ခဲ့ကြသည်ဟု စုံစမ်းသိရှိရပါသည်။ ပထမ အိမ်ထောင် ကိုနိုင်နိုင်ဝင်းနှင့် ကလေးတစ်ဦး ရရှိခဲ့ပြီး ထိုကလေးငယ်မှာ ၇ လအရွယ်တွင် ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီကလေးငယ် ကွယ်လွန်ပြီးမှ ကိုနိုင်နိုင်ဝင်းနှင့် ကွာရှင်း ပြတ်ဆဲ ခဲ့တယ်လို့ သိရပါတယ်။

၎င်းနောက် အမျိုးသားပေါင်း များစွာနဲ့ ပွေရှုပ်ခဲ့ပြီး တက္ကသိုလ် ၀င်တန်းသို့ တတ်ရောက်နေသည်မှာလည်း မဟုတ်မှန် လို့ ရပ်ကွက်နေ ဗုဒ္ဓဘာသာများ ထံမှ ကြားသိရပါတယ်။ ထိုသို့ ပွေရှုပ်ရင်း သံလျက်မှော် အရှေ့ရပ်ကွက်နေ မောင်သန်းမင်းဌေး (ခ) ရှာဗာန် နှင့် ရည်ငံလျက်ခိုးပြေးကြပြီး ယနေ့ထက်တိုင် ပေါင်းသင်းလျက် ရှိသည်ကို ကျွန်ုပ် ဒီသတင်း သွားယူသူ ကိုယ်တိုင် တွေ့ရှိခဲ့ရပါတယ်။ မန္တလေးမြို့  ဗဟို အမျိုးသမီး ဆေးရုံတွင် မဂျူးဂျူး မီးဖွားနေသည်ဟု သတင်းရ၍ လိုက်လံ စုံစမ်းရာ ၄င်းနှင့် အခုလက်ရှိ ပေါင်းသင်းနေသူ မောင်သန်းမင်းဌေး တို့အား ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။

အမှန်တကယ် စုံစမ်းလိုသူများ မန္တလေးမြို့ ဗဟို အမျိုးသမီး ဆေးရုံသို့ လိုက်လံ စုံစမ်းနိုင်ကြောင်း အသိပေးလိုပါတယ်။

ထို့နောက် မောင်သန်းမင်းဌေး၏ ဖခင်မှာ သံလျက်မှော် အရှေ့ ရပ်ကွက် ရှိ အရန်မီးသတ် တပ်ဖွဲ့ဝင် ဦးသန်းဌေး (ဗုဒ္ဓဘာသာ) ၏ သားဖြစ်ပြီး မိခင် ဖြစ်သူမှာ အရင်က အစ္စလာမ် ဘာသာ ကိုးကွယ်သော်လည်း ယခု အချိန်တွင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းခံယူနေပြီဖြစ်ကြောင်း ဆက်လက် သိခဲ့ရပါတယ်။ မောင်သန်းမင်းဌေးမှာ မွတ်စ်လင်မ် အမည် ဖြင့် လူသိ များသော်လည်း ၄င်း ကိုးကွယ်သည့် ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်ကြောင်း၊ ၄င်းသည်လည်း အိမ်ထောင်ဆက်များကြောင်း သိရပါသည်။

စုံစမ်းလိုသူများ စုံစမ်းနိုင်ပါတယ်။

ဦးဝီရသူတင်ထားသောပို့စ် (https://www.facebook.com/photo.php?fbid=292577274219121&set=pcb.292578527552329&type=1&theater)

No comments:

Post a Comment