သံတွဲမှာ အမျိုးသမီးတစ်ဦး ကို စော်ကား တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ပါတယ။်
မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ခရိုင်ပြန်ဆက် မှ ကနဦး စုံစမ်းသိရှိရတဲ့သတင်းများအရ
ဇွန် ၂၉ ရက်နေ့ မှာ တောင်ကုတ်ကနေ သံတွဲ ကို အဝေးပြေးကားနဲ့ ရောက်လာတဲ့
အမျိုးသမီးတစ်ဦးဟာ ဆိုင်ကယ်ကယ်ရီနဲ့ လိုက်သွားပါတယ်။
ဇွန် ၃၀ ရက်နေ့ နေ့လည်မှာ အဲဒီအမျိုးသမီးတစ်ယောက်တည်းငိုနေတာတွေ့တဲ့သူများက
ညနေ ၄ နာရီမှာ ရဲစခန်းကိုလာပို့ပါတယ်။ အဲဒီအမျိုးသမီးက သူ့ကို
ဆိုင်ကယ်ကယ်ရီသမားနဲ့ အခြားသူ တစ်ဦးက စော်ကားတယ် လို့ တိုင်ကြားခဲ့ပါတယ်။
ဒါပေမယ့် ဒီအမျိုးသမီးကို အခြားဘာသာဝင်တစ်ဦးက
စော်ကားတယ်ဆိုတဲ့ သတင်းစကားများ ပြန့်နှံ့ သွားတဲ့အတွက် ညနေငါးနာရီခန့်မှာ
လူငါးဆယ်ခန့် ရဲစခန်းကို လာရောက် စုဝေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က
ပြစ်မှုကျူးလွန်သူ များကို စုံစမ်းဖော်ထုတ်ဆဲဖြစ်ကြောင်း ရှင်းပြပြီး
လူစုခွဲခိုင်းခဲ့ပါတယ်။
ဒါပေမယ့် ည ၇ နာရီကျော်မှာ မြို့သစ်ရပ်ကွက်မှာ
အိမ်နှစ်လုံးမီးရှို့မှုဖြစ်ပွားခဲ့ကြောင်း၊ မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း
သိရပါတယ်။
အခုအချိန်မှ ဒေသအာဏာပိုင်များက ညမထွက်ဖို့
လှည့်လည်ကြေညာနေပြီး မြို့ ၀င်ထွက်လမ်းများကိုလည်း ပိတ်ထားကြောင်းသိရပါတယ်။
ပြစ်မှုကျူးလွန်သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က
ဥပဒေနဲ့ အညီဖော်ထုတ်အရေးယူနိုင်ဖို့ ဆောင်ရွက် နေပါတယ်။
No comments:
Post a Comment