Sunday, June 9, 2013

နယ်ဆင် မင်ဒဲလား ကိုဆေးရုံ ပြန်တင်ရ


ပရီတိုးရီးယား မြို့က ဘယ်ဆေးရုံကို တင်ထား တယ် ဆိုတာ ကတော့ ထုတ်ဖေါ် ပြောဆိုခြင်း မရှိပါ
တောင်အာဖရိက သမ္မတဟောင်း နယ်ဆင် မန်ဒဲလားဟာ အဆုတ်ရောင် ရောဂါ ပြန် ခံစားခဲ့ ရတဲ့ အတွက် ဇွန်လ ၇ ရက်နေ့ ညက ဆေးရုံ ပြန် တင်လိုက်ရ ပါတယ်။
အသက် ၉၄ နှစ် အရွယ် မစ္စတာ မန်ဒဲလား ရဲ့ ရောဂါ အခြေ အနေဟာ ဆိုးဝါးခဲ့ ပေမယ့် အခုတော့ တည်တည် ငြိမ်ငြိမ် ပြန်ဖြစ် လာပြီလို့ အာဏာရ အေအန်စီ ပါတီ ပြောခွင့်ရသူက ပြောပါတယ်။
မစ္စတာ မန်ဒဲလားဟာ ဆေးပစ္စည်း အကူအညီ တခုမှ မယူဘဲ သူ့ဘာသာသူ အသက် ကောင်းကောင်း ပြန်ရှူ နိုင်တဲ့ အတွက် အခြေ အနေ ကောင်းတယ်လို့ လည်း သူက ပြောပါတယ်။
ပရီတိုးရီးယား မြို့က ဘယ် ဆေးရုံကို တင်ထားတယ် ဆိုတာ ကိုတော့ ထုတ်ဖေါ် ပြောဆိုခြင်း မရှိပါ။
မစ္စတာ မန်ဒဲလား ဟာ အသား အရောင် ခွဲခြားမှု တိုက်ဖျက်ရေး တိုက်ပွဲ တုန်းက ၂၇ နှစ်ကြာ ထောင်ကျ ခဲ့စဉ် အဆုတ် တီဗီ ရောဂါ ကူးစက်ခံ ခဲ့ရ ဖူးပါတယ်။
တောင်အာဖရိက နိုင်ငံမှာ လူမျိုးရေး ခွဲခြား ဆက်ဆံတဲ့ လူဖြူ လူနည်းစု တွေရဲ့ အုပ်ချုပ်မှု ကနေ ဒီမိုကရေစီ အုပ်ချုပ်မှု စနစ် ဆီကို ပြောင်းလဲ စေနိုင် ခဲ့တဲ့ နိုင်ငံ့ ဖခင်ကြီး အဖြစ် မစ္စတာ မန်ဒဲလားကို ပြည်သူ အများက လေးစား ကြည်ညို နေကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment