Friday, June 14, 2013

မြန်မာမွဆ်လင်မ်အရေး ပြည်တွင်းရေးမဟုတ်

မြန်မာ သမ္မတ ဦးဆောင်တဲ့ အစိုးရ အဖွဲ့၊ အာဏာမက် မျက်ကန်း မျိုးချစ် နိုင်ငံရေး သမား ဆိုသူများနဲ့ လူသတ် သင်္ကန်းဝတ် များက မြန်မာ နိုင်ငံ ထဲမှာ အစ္စလာမ် သာသနာဝင် များကို သတ်ချင်တိုင်း သတ်လို့ရတယ်၊ ခြိမ်းခြောက် ချင်တိုင်း ခြိမ်းခြောက် လို့ရတယ်၊ မောင်းထုတ် ချင်တိုင်း မောင်းထုတ် လို့ရတယ်လို့ ယုံကြည် ထားကြ တယ်။

လူမျိုးတုံး သတ်ဖြတ်မှု အတွက် ကမ္ဘာ့ ကုလ သမဂ္ဂ အကာ အကွယ်ကို ယူဘို့ ဦးသိန်းစိန် အစိုးရ ကလည်း အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကို ဒေါ်လာ သန်းတန် ကျောက်စိမ်း နဂါးရုပ်ကို လက်ဆောင် လာ့ဘ်ထိုး ခဲ့တယ်။ (ကျောက်စိမ်း တုံးကို နဂါး ရုပ်ထု ဆစ်မယ့် ပန်းပု ဆရာကို ထိုင်ဝမ် ကခေါ်ပြီး လက်ခ ဒေါ်လာ ၅ သိန်း ပေးခဲ့တယ်။) ဘန်ကီးမွန်းက စေလွှတ်တဲ့ နမ်ဘီးယားကို ဘယ်လို လာ့ဘ် လက်ဆောင် တွေနဲ့ ပေးကမ်း နေသလဲ မကြာမှီ စာရင်း ထွက်လာ မှာပါ။--၊ ကမ္ဘာ့ အသိုင်း အ၀ိုင်းကို ဒီလို လာ့ဘ် ထိုးပြီး-၊ မြန်မာ ပြည်ထဲမှာ လုပ်ချင်တိုင်း လုပ်ဘို့ အတွက် အကြမ်းဖက် အုပ်စု တွေကို စနစ် တစ်ကျ စီမံချက် ချပေး ထားပါတယ်။

ခေတ်ကာလနဲ့ ကမ္ဘာ့ အခင်း အကျင်းက လာ့ဘ် ထိုးတိုင်း အောင်မြင်တဲ့ ခေတ်ကာလ မဟုတ်ဘူး- ဆိုတာတော့ ရာဇ၀တ် ကောင်များ သိနေဘို့ လိုပါတယ်။- ကမ္ဘာ့ အသိုင်း အ၀ိုင်းမှာ People Power ဆိုတာ ရှိတယ်။ အာဖဂန် မှာ သက်မဲ့ ရုပ်ထု တွေကို ဖြိုပျက်စဉ်က မြန်မာ ဗုဒ္ဓဘာသာများ ဘယ်လို ခံစား ပါသလဲ--၊ တွေးကြည့်ပါ။ အဲ့ဒီ ကိစ္စ ကို သူ့နိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စသာ ဖြစ်တယ်လို့ ကမ္ဘာ့ လူ့နှလုံးသား ရှိတဲ့ အသိုင်း အ၀ိုင်းက မခံစား သလို-၊ ကမ္ဘာ့ နိုင်ငံ အရပ်ရပ်က ဗုဒ္ဓဘာသာဝင် များကလည်း မခံစားခဲ့ဘူး။

အခု မြန်မာ ပြည်တွင်းက အစ္စလာမ် သာသနာဝင် တွေကို လူမျိုးတုံး သတ်ဖြတ် နေတာ-၊ အရှင် လတ်လတ် မီးရှို့ နေတာ၊ ရပ်လိုက် ရွာလိုက် မီးရှို့နေတာ၊ အစုလိုက် အပြုံလိုက် မောင်းထုတ် နေတာ၊ ပိတ်ဆို့ စခန်းတွေမှာ သွပ်သွင်း နေတာ၊ သတ်မယ် ဖြတ်မယ် ခြိမ်းခြောက် နေတာ- အစိုးရ ကိုယ်တိုင်က ရာဇ၀တ် ကောင်တွေကို လက်သပ် မွေးလွှတ် ပေးထားတာ-၊ ဒါတွေကို ကမ္ဘာ့ အသိုင်း အ၀ိုင်းမှာ လူ့နှလုံးသား ရှိသူများနဲ့ ကမ္ဘာ့ အစ္စလာမ် သာသနာ ၀င်များ အားလုံးက ပြည်တွင်းရေး ကိစ္စသာ ဖြစ်တယ်လို့ ခံစားပေးမယ်လို့ ထင်မှတ် နေခြင်းဟာ ပညာ ဗဟုသုတ မဲ့လွန်းခြင်းသာ ဖြစ်နေ ပါတယ်။

အခု အချိန်မှာ ပြည်တွင်းရေး ကိစ္စ မဟုတ်တော့ဘဲ- အာဆီယံ ဒေသတွင်း အရေးကို စတင် ဖြစ်လာခဲ့ပြီ။ မကြာမှီမှာ ကမ္ဘာ တစ်ခုလုံး အရေးထိ တောမီး ပျံ့သလို တစ်ရှိန်ထိုး ပျံ့နှံ့ သွားတော့မယ် ဆိုတာ မြေကြီး လက်ခတ် မလွဲ ဖြစ်နေပြီ။

No comments:

Post a Comment