Monday, June 10, 2013

မြန်မာမွတ်စ်လင်မ် ဂျီနိုဆိုက် ညီလာခံ လော့စ်အင်ဂျလိစ်တွင် ကျင်းပမည်

ဇွန်လ ၉ ရက်၊ ၂၀၁၃

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် တစ်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် မွတ်စလင်မ် များအပေါ် ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ် မှုများအား ကမ္ဘာတစ်ဝန်းမှ သတိပြုမိစေပြီး လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ရှိလာစေရေး အတွက် မြန်မာမွတ်စလင်မ် လူမျိုးတုန်းသုတ်သင်မှု ညီလာခံကို ၂၀၁၃ ခုနှစ် ဇွန်လ ၉ ရက် နေ့တွင် အမေရိကန်ပြည်ထောင်စု၊ လော့စ်အင်ဂျလိစ် မြို့ တွင် ကျင်းပမည်ဖြစ်ပြီး Ustream မှ တိုက်ရိုက်ထုတ်လွင့်သွားမည်ဖြစ်ကြောင်း စီစဉ် သူများက ပြောကြားသည်။

အဆိုပါညီလာခံကို လော့စ်အင်ဂျလိစ်မြို့၊ Culver City ရှိ Veteran Memorial Complex Auditorium ခန်းမကြီးတွင် ကျင်းပမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံအ၀န်းတွင် ဖြစ်ပေါ်လျက်ရှိသော စက်ဆုတ်ရွံရှာဘွယ်ရာ ရာဇ၀တ်မှုကြီးမျိုးများအား နိုင်ငံတွင်းသာမက ကမ္ဘာ့ မည်သည့်နေရာ တွင်မှ ထပ်မံ မပေါ်ပေါက်စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ညီလာခံအား အထက်ပါနေရာတွင် ဇွန်လ ၉ ရက်၊ တနင်္ဂနွေနေ့၊ နေ့လည် ၁ နာရီတွင် စတင်မည်ဖြစ်ပြီး။ အောက်ပါ ပုဂ္ဂိုလ်များမှ Panel Speakers များအဖြစ် ပါဝင် ဦးဆောင်ဆွေးနွေး ကြမည် ဖြစ်သည်။

၁။ ဒေါက်တာ ဂရီဂိုရီအိပ်ခ်ျ စတင်တန် (ဥက္ကဋ္ဌ Genocide Watch )
၂။ ဒေါက်တာ ဇာနည် (သုတေသီ London School of Economics)
၃။ ဒေါက်တာ နိုရာ အီ ရောင်လီ ( MD MPH Physician helping refugees in Burma )
၎။ ဒေါက်တာ ၀ါကာအူဒင် ( ဒါရိုက်တာ Arakan Rohingya Union)
၅။ မစ္စ နာမာဟဗီးဗ် ( လူမျိုးတုန်းသုတ်သင်မှုဆိုင်ရာ ကျွမ်းကျင်သူ Jewish World Watch)
၆။ မစ္စတာ မက်သယူး အက်ဖ် စမစ်သ် ( မကြာခင်က နောက်ဆုံးထုတ် HRW အစီအရင်ခံစာ ဦးဆောင် ရေးသားသူ။)
၇။ မစ္စတာ ဂေါ်ဒွန်ဝယ်လ်တီ (US Campaign for Burma)
၈။ မဝေနှင်းပွင့်သုန် (Burma Campaign UK)
၉။ မစ္စတာ အိုမာ ဂျပ်ဗ်ရန် (Council of American Islamic Relation)
၁၀။ ဦးဌေးလွင်ဦး (Myanmar Muslims Civil Rights Movement )
၁၁။ ဦးနေဆန်းဦး ( Free Rohingya Campaign)
၁၂။ ဆရာတော် ဂျွန် အိုင်ဝိုဟာရာ (Venice Hongwanji Buddhist Temple ကျောင်းထိုင်ဆရာတော်)
၁၃။ မစ္စတာဟာမက်အာစလန် ( Ph.D Candidate UCLA)

အစီအစဉ်မှုးအဖြစ် မစ္စတာဒေဗင် ဟင်နက်ဆီ က ပြုလုပ်မည်ဖြစ်ပြီး ကယ်လီဖိုးနီးယား ဒေသ စံတော်ချိန် နေ့လည် ၁ နာရီ (မြန်မာစံတော်ချိန် ဇွန်လ ၁၀ ရက် နံနက် လင်းအားကြီး ၂:၃၀ နာရီ အချိန်) တွင် စတင်မည်ဖြစ်သည်။ Ustream မှ ကြည့်ရှုလိုသူများ http://new.livestream.com/accounts/4264150/events/2159035 တွင် တိုက်ရိုက် ကြည့်ရှု နိုင်ကြောင်း အသိပေးအကြောင်းကြားပါသည် ဟု ပွဲစီစဉ်သူ လော့စ်အင်ဂျလိစ်မြို့ မြန်မာမွတ်စ်လင်မ် အသိုင်းအ၀န်းမှ တာဝန်ရှိသူများက ပြောကြားသည်။

No comments:

Post a Comment