ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြန်လည်ရှင်းလင်းခြင်း
မီဒီယာများအနေဖြင့် လူတစ်ဦးတစ်ယောက်အား နစ်နာစေရန် သိက္ခာကျသည့်အနေအထား မရေးသင့် ကြောင်း၊ မီဒီယာကျင့်ဝတ်သိက္ခာစည်းကမ်းမျာ
မြင်တဲ့ အတိုင်းပါပဲ။ အသံဖိုင် အထောက်အထား အခိုင်အမာရှိလို့ အရေးယူလိုက်ရပါသည်ပေါ့။ ဥပဒေ အရ အသံဖိုင်ဟာ အမှူ သက်သေအဖြစ် အကျုံးဝင် တာ မဝင်တာ၊ခဏထားလို့ အသံကို ဖမ်းယူထားတယ်လို့ ဆိုကတည်းက အခြားတဖက်က ဖမ်းယူထားလို့ ဒါမှမဟုတ် ရဲက ကြားထဲကနေ ဖမ်းယူထားလို့ပဲဖြစ်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရှိန်ကောင်းတုန်းက လွှတ်ပေးထားပြီး အချိန်ကျရင် ထိုးကျွေးဖို့ အစောကြီးကတည်းက မွေးပြီး အသုံးချထားပုံရတယ်။ ပြဿနာ တွေ အတွက် ထိုးကျွေးခံလိုက်ရတဲ့ ရဲမင်းဦး အတွက်တော့ စိတ်မကောင်းပါ။သူဆက်သွယ်ခဲ့တဲ့ ဘုန်းကြီးဆိုတာဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ကာယကံရှင် ရဲမင်းဦးနဲ့ အသံဖိုင်ကြီး တခုလုံး ကို အထောက်အထား ခိုင်မာစွာရထားတဲ့ ရဲတပ်ဖွဲ့ သာလျှင် အသိဆုံး ဖြစ်မှာပါ။
အသံဖိုင် ကြီးတစ်ခုလုံးတောင် ရထားပြီးမှ လူဆက်လွှတ်ပေးမဲ့ ဘုန်းကြီး ဘယ်သူဆိုတာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ ဆက်လက် ဖော်ထုတ် အရေးယူမလား? ဒါမှမဟုတ်လဲ ထုံးစံ အတိုင်း ခပ်တည်တည်နဲ့ မျက်နှာပြောင်တိုက်ပြီး ကြာလျှင်လူတွေ မေ့သွားမှာပါ ဆိုပြီး ဒီအတိုင်းလေးပဲ လျှောချသွားမလားဆိုတာကိုတော့ အမှန်တရားက စောင့်ကြည့်နေတော့မည်ဖြစ်ပါသည်။

No comments:
Post a Comment