Tuesday, May 14, 2013

ဘိန်းဖြူရှုရှိုက်မှု တရားဝင် ခွင့်ပြုရန် နော်ဝေးကျန်းမာရေးဝန်ကြီးပြောဆို


Tuesday, May 14, 2013

ဟီးရိုးအင်းဘိန်းဖြူရှုရှိုက်သုံးစွဲမှုကို ရာဇ၀တ်ပြစ်မှု ကျူးလွန် သူတွေအဖြစ် ရေရှည်ထည့်သွင်းစဉ်းစားဘို့ မသင့်တော့ဘူးလို့ နော်ဝေးနိုင်ငံ ကျန်းမာရေးဝန်ကြီး Jonas Gahr ကတနလာင်္နေ့ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
သူက နိုင်ငံအတွင်း မူးယစ်ဆေးဝါးစွဲဖြတ်သူတွေကို အကြောထဲဆေးသွင်းမှုကနေ ရှုရှိုက်မှုပြောင်းလဲပြုလုပ်ဖို့လည်း အမိန့်ထုတ်ထားတယ်လို့ တနလာင်္နေ့က နော်ဝေး NRK သတင်းမှာ ဖော်ပြခဲ့ပါတယ်။

မူးယစ်ဆေးစွဲနေသူတွေကို တရားဝင်ခွင့်ပြုထားတဲ့ ဆေးဝါးမှီဝဲရာအထူးခန်းတွေမှာ ဟီးရိုးအင်းဘိန်းဖြူကို တရားဝင်သုံးစွဲနိုင်ဖို့နဲ့ မြူနီစပယ်(စည်ပင်သာယာရေး)အဖွဲ့က မူးယစ်ဆေးကို ထောက်ပံ့သင့်တယ်လို့လည်း ၀န်ကြီးကပြောဆိုခဲ့ပါတယ်။
မြောက်မြားစွာသော မူးယစ်ဆေးစွဲသူတွေ ဆေးအလွန်အကျွံထိုးသွင်းမှုကြောင့်သေဆုံးနေတာဟာ နော်ဝေးနိုင်ငံအတွက် ဂုဏ်သိက္ခာကင်းမဲ့စေတယ်လို့လည်း ၀န်ကြီး Jonas Gahr ကပြောပါတယ်။
နေရာတိုင်းမှာ မူးယစ်ဆေးတရားဝင်သုံးစွဲဖို့ဆိုတာမျိုးတော့ သူ့လက်အောက်အဖွဲ့အစည်းတွေကို အကြံပေးခဲ့တာမျိုးမဟုတ်တဲ့အကြောင်း၊ မူးယစ်ဆေးအလွန်အကြွံသုံးစွဲပြီး သေဆုံးမဲ့ အန္တရာယ် ကိုလျှော့ချနိုင်ဖို့ ဒါဟာအကောင်းဆုံးနည်းလမ်းတခုသာဖြစ်တယ်လို့လည်း နော်ဝေးကျန်းမာရေးဝန်ကြီးက ပြောသွားပါတယ်။

မြို့တော်အော်စလိုရဲ့ အချက်အခြာကျပြီး လူစည်ကားရာ ဘူတာရုံနဲ့ အဝေးပြေးကားဂိတ်၊ မြို့လည်ခေါင်ဈေးနဲ့ ဘတ်စ်ကားဂိတ်တို့မှာ မူးယစ်ဆေးဝါးစွဲနေသူတွေ ကျက်စားလေ့ရှိပြီး မြို့တော်စည်ပင် ရဲတပ်ဖွဲ့က မူးယစ်ဆေးစွဲနေသူအဖြစ် မှတ်ပုံတင်ထားသူများကို နေ့စဉ် မူးယစ်ဆေးဝေငှလေ့ရှိပါတယ်။ ဆေးစွဲနေသူများကို စနစ်တကျဝေငှမှီဝဲစေခြင်းဟာ ဆေးဝါးအလွန်အကျွံသုံးစွဲမှုနှင့်မတော်တဆသေဆုံးမှု နှုံးကိုထိမ်းသိမ်းခြင်းဖြစ်သည်ဟု သိရသည်။
နော်ဝေး လူမှုဖူလှုံရေးအဖွဲ့အစည်းများက အဆိုပါမူးယစ်ဆေးစွဲနေသူများ ကို ဘူတာရုံနှင့်ကားဂိတ်များတွင် မဂဇင်း ဂျာနယ်များ ရောင်းချစေခိုင်းသည့်အလုပ်များအပါအ၀င် အခြားသော သမာအာဇီဝအလုပ် အကိုင်များ ဖန်တီးပေးပါတယ်။

ကိုညို(အော်စလို)

No comments:

Post a Comment