Tuesday, April 16, 2013

Boston တွင် ဗုံးသုံးလုံး ပေါက်ကွဲ မှုကြောင့် လူ ၂ ယောက်သေ၊ ၈၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိ


အမေရိကန် ပြည်ထောင်စု မက်ဆာချူး ဆက် ပြည် နယ် ဘော်စတွန် မြို့တော်တွင် ဗုံးပေါက်ကွဲ မှု ဖြစ်ပွားရာ ဗုံးသုံးလုံး ပေါက်ကွဲမှုကြောင့် လူ ၂ ယောက်သေ... ၈၆ ယောက် ထိခိုက် ဒဏ်ရာ ရရှိသည်ဟု သတင်း ရရှိပါတယ်။

မာရသွန် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စာရင်းသွင်းသူ ၂၅၀၀၀ လောက်ရှိပြီး ယူကေက ပါဝင် ယှဉ်ပြိုင်သူ ၃၇၄ ယောက် ရှိတယ်လို့ သိရပါတယ်။ဒေသ စံတော်ချိန် နေ့လည် ၂ နာရီ ၅၀ မိနစ်မှာ ဆက်တိုက် ဆိုသလို ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

လတ်တလောတော့ ဂျေအက်ဖ်ကေ စာကြည့်တိုက်မှာ တတိယမြောက် ပေါက်ကွဲမှု ဖြစ်နေ တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။ဘော်စတွန် မြို့တွင် နှစ်စဉ် ကျင်းပ ပြုလုပ်သည့် ဘော်စတွန် မာရသွန် ပြိုင်ပွဲ၏ ပန်းဝင်စည်း အနီးတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ အဆိုပါ မာရသွန်ပြိုင်ပွဲသို့ ထောင်နှင့်ချီသော ပြိုင်ပွဲဝင်များ ပါဝင် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။ဘော်စတွန်မြို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အမေရိကန် နိုင်ငံ တစ်ဝန်းတွင် လုံခြုံရေးကို လိုအပ်သလို တိုးမြှင့် သွားမည် ဖြစ်ကြောင်းနှင့် ဗုံးပေါက်ကွဲမှု အတွက် ကျူးလွန်သူကို ရှာဖွေ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောကြားသည်

Read more>> http://myawady.com.mm/allnews/global/item/11541-2013-04-16-09-56-38

No comments:

Post a Comment