Thursday, April 25, 2013

မြန်မာပဋိပက္ခအပေါ် စိုးရိမ်မကင်းလို့ အင်ဒိုနီးရှားပြော

Thursday ,April25 ,2013

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလို ဘမ်ဘန်ယူဒိုရိုနို ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေအပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ဖော်ပြော ဆိုခဲ့ ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပ ဋိ ပ က္ခ တွေ အ ကြောင်း နဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ အကြောင်းကို အင်ဒိုနီးရှားနိုင်ငံ သမ္မတနဲ့ မြန်မာနိုင်ငံ သမ္မတတို့ ဆွေးနွေး ခဲ့ကြတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလယ်ဂါဝါက ပြောပါတယ်။

သမ္မတ ဆူဆီလို ဘမ်ဘန်ယူဒိုရိုနို နဲ့အတူ မြန်မာနိုင်ငံကို လိုက်ပါသွားတဲ့ နိုင်ငံခြားရေးဝန်ကြီး မာတီနာတယ်လယ်ဂါဝါက မြန်မာအစိုးရအနေနဲ့ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဖြေရှင်း သွားမယ်လို့ အင်ဒိုနီးရှားအစိုးရက ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

လူဦးရေအားဖြင့် သန်းပေါင်း ၂၅၀ လောက်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်က အစ္စလာမ် ဘာသာဝင်တွေ အများဆုံးရှိရာ နိုင်ငံ ဖြစ်ပါတယ်။

အင်ဒိုနီးရှားသမ္မတရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ရေးနဲ့ နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာတချို့လည်း လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment