Thursday, April 18, 2013

တက်ဆက်မှာ စက်ရုံပေါက်ကွဲလို့ လူအများအပြားသေ

Thursday, April 18,2013

ဓါတ်မြေသြဇာ စက်ရုံအပျက်အစီး အမေရိ ကန် ပြည်ထောင် စု တက်ဆက်ပြည်နယ် Waco မြို့ရှိ ဓါတ်မြေသြဇာ စက်ရုံမှာ ပြင်းထန်တဲ့ပေါက်ကွဲ မီးလောင် မှု ကြောင့် လူအများအပြားသေဆုံးပြီး တရာကျော် ဒဏ်ရာရ သွားပါတယ်။

အခုပေါက်ကွဲမှုဟာ နျူကလီးယား ပေါက်ကွဲမှုလို ပြင်းထန်ကြောင်း တက်ဆက်မြို့တော်ဝန်  ပြောပါတယ်။ မီးကြောင့် အနီးအနား အိမ်အတော်များများ ပျက်စီးပြီး လူနေ တိုက်တန်းကြီး ၅၀ ကျော်လည်း မီးလောင်သွားပါတယ်။ မီးငြိမ်းသတ်တဲ့ မီးသတ်သမားတွေပါ သေဆုံးနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ သေသူ အရေအတွက် ကိုတော့ အတိအကျ မသိရသေးပါဘူး။

No comments:

Post a Comment