၁။ နေမျိုးဝေ၏ ရုပ်ရည်ကို သုံးသပ်ရာတွင် တစ်ကြိမ်တစ် ခါမြင်ဖူးသူသည်ပင် ရုပ်ရည် သန့်ပြန့်သော လူရည်မွန်တစ်ဦး မဟုတ်ကြောင်း မှတ်ချက်ချနိုင်ပေသည်။
၂။ “လူထုမောင်ကာဠု ဆိုတာ ငါမဟုတ်ဘူး ။ ဒါပေမဲ့ ဒင်းကို တရားစွဲဖို့စိတ်ကူးမရှိ ဘူး ခွေး သူတောင်း စားလို့တော့ ဆဲလိုက်မယ်။” ဟူသော ရေးသားချက်ကို ကြည့်ခြင်းအားဖြင့် ပါတီ ဥက္ကဠတစ်ယောက်တွင် ရှိသင့်သည့် နှုတ်အမူအရာ ယဉ်ကျေးခြင်း၊ ကိစ္စတစ်ခုကို ဖြေရှင်းရာတွင် လိမ္မာပါးနပ်မှုရှိခြင်း စသည့် အရည်အချင်းများ မရှိသည်ကို ထင်ထင်ရှားရှားတွေ့နိုင်သည့် အပြင် နှုတ်စည်းမစောင့်သော ၊ ဘာသာတရား ကိုင်းရှိုင်းမှုအားနည်းသော သူတစ်ဖြစ်ကြောင်း မှတ်ချက်ချနိုင်ပေသည်။
၃။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို တည်ထောင်ပြီး ပါတီစည်းရုံးရေး လုပ်ဆောင်ရာတွင် (၂) မျိုးသော လူတန်းစားကို အဓိကပစ်မှတ်ထားသည်ကို တွေ့မြင်နိုင်သည်။
(က) ရိုးသားပြီး ပညာရေး အားနည်းသော တောင်သူများ၏ လယ်ယာမြေ ပြန်ရရှိရေး လုပ်ဆောင်ခြင်းဖြင့် တောင်သူများအား စည်းရုံးရေးဆင်းသည်။
(ခ) မြန်မာပြည်၌ လက်တလော ဖြစ်ပျက်နေသော အဓိကရုဏ်းများကို အခွင့်ကောင်းယူကာ အစ္စလာမ်ဘာသာအား ထိုးနှက်တိုက်ခိုက်ခြင်းဖြင့် ပညာမဲ့သော မျက်ကန်း မျိုးချစ်များအား စည်းရုံးသိမ်းသွင်းသည်။
ထို့ကြောင့် ပါတီအားထောက်ခံအားပေးသူ အများစုမှာ ရိုးသားအေးဆေးသောသူနှင့် မျက်ကန်းမျိုးချစ်ဟု သာ ကွဲလွဲကာ ပညာမဲ့များသာ ဖြစ်နေပေသည်။
ရိုးသားသော တောင်သူများကို ရေတစ်မှုတ်တိုက်ကာ မျက်ကန်းမျိုးချစ်များအား မီးမှုတ်ပေးခြင်းဖြင့် ပါတီအား “မီးတစ်စ၊ ရေတစ်မှုတ်” နည်းဖြင့် စည်းရုံးရေး ဆင်းနေသည်ကို တွေ့မြင်ရသည်။
သို့သော် ရိုးသားသော ပထမလူတန်းစားအား သူတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ရင်း ဘာသာရေးဝါဒမှိုင်းများ ၊ လူမျိုးရေး မုန်းတီးမှုများ မသိမသာ ထည့်သွင်းပေးကာ မိမိပါတီအင်အားကို အခိုင်အမာ တည်ဆောက်နေသည် ကြည့်ခြင်းအားဖြင့် ပါတီ၏ မူဝါဒများမှာ ကြောက်မက် ဖွယ် ကောင်းသည်ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။
၎။ ပါတီ ဥက္ကဠ တစ်ဦးအနေဖြင့် လက်ရှိဖြစ်ပျက်နေသော နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုများတွင် ဘက်ပေါင်းစုံမှ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံဖြစ်ပေါ်လာရေးကို တစ်စိုက်မက်မက် ကြိုးပမ်းလုပ်ဆောင်ရမည့် အစား အစ္စလာမ်ဘာသာဝင်များ၏ ကုရ်အာန်ကျမ်းအား ပြုပြင်ပြောင်းလဲရေးကို သာ အားသွန်ခွန်စိုက် ကြိုးပမ်းနေခြင်းကို ကြည့်ခြင်းအားဖြင့် ဘာသာရေး၊ လူမျိုးရေးကို အခြေခံကာ နိုင်ငံရေးလုပ်ဆောင်နေသည်ကို တွေ့မြင်နိုင်သည်။
၅။ ထို့ပြင် ကုရ်အာန်ကျမ်းရှိ မိမိ နားမလည်သော၊ မနှစ်သက်သော အချို့ ပညတ်ချက်များကို အစ္စလာမ့် ပညာရှင်များကို ပြောဆိုမေးမြန်းကာ နည်းလမ်းကျကျ ဖြေရှင်းရမည့် အစား ၊ ဘာသာရေးနှင့် မည်သို့မှ မသက်ဆိုင်သော၊ ကုရ်အာန်ကျမ်းဆိုသည်ကိုပင် မကြားဖူးလောက်သော ရာထူးရာခံရှိသူများကို ရေးသား တိုင်တန်းခြင်းဖြင့် လည်းကောင်း၊ ရိုးသားအေးဆေးသော ပြည်သူများအား လူမျိုးရေး၊ ဘာသာရေး အန္တရာယ်သဖွယ် ရေးသားချပြခြင်းဖြင့် လည်းကောင်း မရှိသော အမှုကို ဖြစ်အောင်၊ ဖြစ်သော အမှုကို ကြီးအောင် ၊ ကြီးသော အမှုကို မဖြေရှင်းနိုင်အောင် စသည့် နည်းလမ်းများ အသုံးချနေသည် ကိုလည်း တွေ့မြင်နိုင်ပေသည်။
၆။ အချုပ်အားဖြင့် ဆိုရပါမူ “မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ” ၏ မူဝါဒများသည် အနာဂတ်တွင် မြန်မာနိုင်ငံအား ဘာသာပေါင်းစုံ ၊ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်သော စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာရေးကို အထူး အနှောင့်အယှက်ပေးနိုင်သည့် ပါတီတစ်ခုဖြစ်လာနိုင် သဖြင့် ပြည်သူများအနေဖြင့် နိုင်ငံရေးကစားကွက်များတွင် ပညာသတိရှိစွာ ဆုံးဖြတ်နိုင်ကြရန် အထူးအရေးကြီးလှပေသည်။......... (နိုင်မင်း)........

No comments:
Post a Comment