သတင်း – ပိာန်းအောင် (ဧပြီ ၂၇)
မင်္ဂလာဒုံမြို့နယ် သစ်ဆိမ့်ကုန်း ရှိ Scorpion Cplus စက်ရုံ အနီးရှိ အစ္စလာမ်ဘာသာဝင် တစ်ဦးပိုင် ခြံတစ်ခု အတွင်းသို့ ကျောက်တော်မြို့နယ်မှ ရိုပာင်ဂျာ ၁၆ ဦးအား ဗုဒ္ဓဘာသာ ပွဲစားတစ်ဦးက ယနေ့နံနက် ၃ နာရီဝန်းကျင် အချိန်တွင် စွန့်ပစ်သည့် ပုံစံဖြင့် ချထားခဲ့သဖြင့် မင်္ဂလာဒုံ ရဲစခန်းက ရိုပာင်ဂျာများအား ဖမ်းဆီး ထားကြောင်းသိရသည်။
ပွဲစားကို တစ်ယောက် ၅ သိန်းပေးရတယ်တဲ့။ ယောကျာင်္လေး ၁၆ ယောက်လုံးကို ဒီမှာလာချထားခဲ့ပြီး အတူပါလာတဲ့ မိန်းကလေး ၂ ယောက်ကိုတော့ ပွဲစားက ခေါ်သွားတယ်လို့လည်း ကျန်ခဲ့တဲ့သူတွေ ကပြောတယ်
ပာု နေရပ်စွန့်ခွာ ထွက်ပြေးလာရသည့် ရိုပာင်ဂျာများအား သွားရောက်တွေ့ဆုံခဲ့သူ တစ်ဦးက မြန်မာ မွတ်စလင်မ် မီဒီယာသို့ပြောသည်။
ကျောက်တော်မြို့မှ ယခုလ ၂၄ ရက်နေ့တွင်ထွက်ခွါလာသည့် အထက်ပါ ရိုပာင်ဂျာများ ကို ကျွေးမွေးရန်အတွက် မင်္ဂလာဒုံ စခန်းမှုးက နီးစပ်ရာ အစ္စလာမ် ဘာသာဝင်များထံ အကြောင်း ကြားထားကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖိနိုပ်ခံရမှုမျိုးစုံကြောင့် ရခိုင်ပြည်နယ် ပြင်ပသို့ ရိုပာင်ဂျာများ ထွက်ပြေးမှု များ ဖြစ်ပေါ် ခဲ့သည်။ ယခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင် ရိုပာင်ဂျာ ၈၆ ဦးအား ရန်ကုန်မြို့မှ မှုရင်းဒေသသို့ ပြန်လည်ပို့ဆောင်မှု၊ ယမန်နှစ် နိုဝင်ဘာ ၉ ရက်နေ့တွင်ရိုပာင်ဂျာ ၇၆ ဦးတို့ အား ကော့သောင် နှင့် ကလေးမြို့တို့တွင် ဖမ်းဆီးပြီး နယ်ကျော်မှုဖြင့် ဖမ်းဆီး အရေးယူမှုများရှိခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းမှ မြန်မာနိင်ငံအတွင်းရှိ အခြားဒေသတစ်ရပ်ရပ်သို့ ရိုပာင်ဂျာများ သွားလာခွင့် ပိတ်ပင်ခြင်း အပါအ၀င် အခြားသော လူမဆန်သည့် ဖိနိုပ်မှုမျိုးစုံကို မြန်မာအာဏာရှင် အစိုးရလက်ထက်မှ ဒီမိုကရေစီ အစိုးရလက်ထက် အထိ မပြောင်းလဲဘဲ ဆက်လက်ကျင့်သုံးလျှက် ရှိသည်။ တိုင်းရင်းသားအဖြစ် ယခင်က အသိအမှတ်ပြုခံခဲ့ရသည့် ရိုပာင်ဂျာများသည် ယခုအချိန်တွင် နိုင်ငံဖြစ် ခွင့်ပင် ဆုံးရှုံးရမည့် အခြေ အနေနှင့်လည်း ရင်ဆိုင်နေရသည်။
မကြာသေးမီ ကာလအတွင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိင်ငံတွင် ရိုပာင်ဂျာများသည် လူမျိုးတုန်း သတ်ဖြတ်ခံနေရကြောင်း ဖေါ်ပြ ထားသည်။

No comments:
Post a Comment