Thursday, April 4, 2013

ကျောင်းရဲ့ အမည်တောင် မှန်အောင် မစုံစမ်းထားနိုင်တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေကို ဘယ်လို ယုံကြည်ပေးရမလဲ ဆွာဒီကီယာကျောင်းကို ဆော်ဒီ ကီးယား ကျောင်း တဲ့........

မီးလောင်ထားတဲ့ လက္ခဏာ ဘာမှ မရှိတဲ့ မီးခလုတ်တွေ...မီတာတွေ မီးအားမြင့်စက်တွေ ကို ချက်ချင်းသိမ်းယူသွားပြီးမှ မီးအားမြင့်စက်ကနေ စလောင်ပါတယ်ဆိုကြေငြာတဲ့ နိုင်ငံ အ၀ှမ်း အကြမ်းဖက်မှုတွေမှာ လက်ပိုက် ရပ်ကြည့် ပြီး အကြမ်းဖက်သမားတွေရဲ့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူပေးခဲ့တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲ့ စကားကို ယုံရမလား......

ကျောင်းဆရာရဲ့  ၀န်ခံချက်ကို recording လုပ်ထားပါတယ် ဆိုတဲ့ ရဲတပ်ဖွဲ က recording file သက်သက် ချည်းပဲ ဟာ တရားရုံးမှာ သက်သေခံ တင်လို့ မရဘူးဆိုတာကို မသိတာလား……မင်းတို့ မှန်တယ်ဆိုရင် ဗွီဒယို ဖိုင်လ် ပြနိုင်သလား……...ပြနိုင်တယ်ဆိုရင် ထွက်ချက်ပေးသူ တယောက်ချင်းရဲ့  video file တွေကို အများပြည်သူကို ထုတ်လွင့် ပြသရဲလား………..

ကျောင်းသားတွေဆီက လိုချင်တဲ့ ထွက်ချက်တွေကို မရလို့ ပြောတာတွေရော မပြောတာတွေရော အစီစဉ်ကျအောင် ရေးပြီး ရေးထားတဲ့ စာရွက်တွေကို ဖတ်ခိုင်းပြီး အသံသွင်းတာ ဘယ်သူတွေလဲ…………

အပြင်မှာ ဘယ်သူမှမရှိဘူး မကြောက်နဲ့ သော့ဖွင့်ဆိုပြီး ဖွင့်ခိုင်းတဲ့ ရပ်ကွက်နေပြည်သူများနဲ့ အဲဒီအချိန်မှ
မီးမလောင်တဲ့ ဘက် အခြမ်းကနေ သော့ဖွင့်ပြီး ထွက်လာကြတဲ့ ကျောင်းဆရာနဲ့ ကျောင်းသား ၁၅ယောက်ခန့် …နောက်ဖေးပေါက်ကနေ လွတ်လမ်းရှာပြေးသွားတဲ့ ကျောင်းသားတွေရဲ့ စကားကို ယုံရမလား…..

မီးသတ်က သော့ဖွင့်ပြီး ကျောင်းသားတွေကို ကယ်ထုတ်ခဲ့တယ်ဆိုတာကို ယုံရမလား……

အများပြည်သူရှေ့မှာ ပြောတဲ့ ဆရာနဲ့ ကျောင်းသား သုံးယောက်ရဲ့စကားတွေကို ယုံရမလား…….
ရဲစခန်းရောက်ပြီးမှ ဘယ်နည်းတွေနဲ့ အစစ်ဆေး ခံရမှန်း မသိရတဲ့ ဆရာနဲ့ ကျောင်းသားတွေက အမှန်ကို ပြန်ဝန်ခံတယ်လို့် ဆိုတဲ့ မင်းတို့ စကားကို ယုံရမလား…….

ကျောင်းမှာသုံးနေတဲ့ ဆီပုံးက အဖြူရောင် ဆိုတဲ့ ကျောင်းသားတွေရဲ့ စကားကို ယုံရမလား......
မင်းတို့ သက်သေခံထားတဲ့ ဆီပုံး အပြာရောင် ကသာ အမှန်လို့ ယုံရမလား.......

မသင်ကာစရာ အချက်တွေကို ထောက်ပြတဲ့ သူတွေကို မင်းတို့ ငါတို့ ရှင်းပြနေတာတွေကို လက်မခံ ရင် ကျောင်းနဲ့ ဗလီကို အပြီး ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်တာဘယ်သူတွေလဲ…..

No comments:

Post a Comment