Tuesday, March 19, 2013

ပေါက်တော EPC က ဆယ်တန်းစာမေးပွဲ ဖြေသူများထံမှ ငွေ ၇ သောင်းတောင်း

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ခေတ္တတည်းခို၍ တက္ကသိုလ်ဝင်တန်း ဖြေ ဆိုနေကြသော ကျောင်း သား၊ ကျောင်းသူများထံမှ ပေါက်တော EPC က မီတာဖိုးဟုဆိုကာ ငွေကျပ် ၇ သောင်း တောင်း ခံနေကြောင်း ကျောင်း သား၊ ကျောင်းသူများထံမှ သိရှိရသည်။

ပေါက်တောမြို့နယ် မြင့်ဂါ အထက (ခွဲ) တွင် ဖြေဆိုရန် မြို့ပေါ်တွင် အဆောင်ငှားရမ်း ၍ နေထိုင်သော ကျောင်းသား၊ ကျောင်းသူများထံမှ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန (EPC) ဝန်ထမ်းများသည် ယင်းသို့တောင်း ခံ နေခြင်းဖြစ်သည်။

လျှပ်စစ်မီးပေးခ (မီတာဖိုး) ငွေကျပ် ၇ သောင်းတောင်းခံရာ ကျောင်း သား ကျောင်းသူများက ငွေ ၇ သောင်းမပေးနိုင်ပာု ပြောသဖြင့် E P C က ၇ သောင်းမပေးနိုင်လျှင် ၅ သောင်းကျပ်ပေး ရမည်ဆိုကြောင်း၊ ၅ သောင်း မပေးနိုင်သဖြင့် ၂ သောင်းကျပ် သာပေးနိုင်မည် ဟုဆို၍ နှစ်ဘက် သဘောတူညီမှုရရှိခဲ့သည်။

ငွေကျပ် ၂ သောင်းဖြင့် လျှပ်စစ်မီးတပ်ဆင်ပေးခဲ့သော်လည်း စာမေးပွဲ ကာလအတွင်း လျှပ်စစ်မီးပေး ထားခြင်း ကို E P C မှ လာရောက်ဖြတ်တောက် ခဲ့သည့်အတွက် အခက်တွေ့ နေကြောင်း ကျောင်း သူ၊ ကျောင်းသားများက ဆိုသည်။

၂ဝ၁၂-၂ဝ၁၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျောင်း သူ၊ ကျောင်းသားများ အဆင်ပြေစေရန်အတွက် မြန်မာ့လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးဌာနမှ ဓာတ်အားပေးချိန် တိုးမြှင့်မည်ဟု စာမေးပွဲ မစတင်မီ လပိုင်းအလိုက ထုတ်ပြန်ခဲ့သည်။

ဘ၀တက်လမ်းဟု ဆိုနိုင်သော တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေ စဉ် ကျောင်းသူ၊ ကျောင်းသားများ အဆင်ပြေချောမွေ့စေရန် အတွက် သက်ဆိုင်ရာက အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသင့်ရာ ယခုလုပ်ရပ်မှာ လုံးဝလက်ခံနိုင်သည့် အနေအထား မဟုတ်ကြောင်း ပေါက်တော မြို့မိမြို့ဖ တစ်ဦးက သုံးသပ်သည်။

No comments:

Post a Comment