(ဥရုဂွေးနိုင်ငံသမ္မတကြီး နေထိုင်သော ယာတောအိမ်ကလေး )
တောင်အမေရိကတိုက်မှာ ဒုတိယအသေးဆုံးနိုင်ငံလေးဖြစ်ပေမ ယ့် အဖွံ့ဖြိုးဆုံး တိုင်းပြည်တစ်ပြည်အဖြစ်
ရပ်တည်နေနိုင်တဲ့ ဥရုဂွေးနိုင်ငံရဲ့ လက်ရှိသမ္မတကတော့ အသက် ၇၇ နှစ်အရွယ်
Jose Alberto Mujica Cardano ဖြစ်ပါတယ်။ သူ့ကို ကမ္ဘာ့အရက်ရောဆုံးနဲ့
အဆင်းရဲဆုံးသမ္မတအဖြစ် လူသိများထင်ရှားပါတယ်။ အဲဒီလို နာမည်ကျော်ကြားရတဲ့
အကြောင်းရင်းကတော့ သမ္မတ Mujica ဟာ သူရတဲ့လစာရဲ့ ၉၀ ရာခိုင်နှုန်းကို
လစဉ်လှုဒါန်းလေ့ရှိတာကြောင့်ဖြစ် ပါတယ်။
Mujica ကို ၁၉၃၅ ခုနှစ် ၊ မေလက ဥရုဂွေးနိုင်ငံမြို့တော် Montevideo မှာ
မွေးဖွားခဲ့ပါတယ်။ သူ့အသက် ငါးနှစ်အရွယ်မှာ လူမွဲစာရင်းခံယူခဲ့တဲ့
ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တာကြောင့် ဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့
Mujica ဟာ အရွယ်ရောက်လာချိန်မှာတော့ နိုင်ငံရေးသမားတစ်ယောက်
ဖြစ်လာခဲ့ပါတယ်။ ၀န်ကြီးတစ်ယောက်ဖြစ်ခဲ့သလို လွှတ်တော်အမတ်တစ်ယောက်လည်း
ဖြစ်ခဲ့တဲ့ Mujica ဟာ ၂၀၀၉ ခုနှစ် သမ္မတရွေးကောက်ပွဲမှာအနိုင်ရခြဲ့ ပီး
၂၀၁၀ပြည့်နှစ် ၊ မတ်လ ၁ ရက်နေ့မှာတော့ ဥရုဂွေး သမ္မတဖြစ်လာခဲ့ပါတယ်။ ၂၀၁၅
ခုနှစ်အထိ သမ္မတ တာဝန်ကို ထမ်းဆောင်မှာဖြစ်တဲ့ Mujica ဟာ သူ့လိုပဲ
လွှတ်တော်အမတ်တစ်ယောက်ဖြစ်တဲ့ Lucia Topolansky နဲ့ ၂၀၀၅ ခုနှစ်ကတည်းက
လက်ထပ် ထိမ်းမြားခဲ့ပေမယ့် သားသမီးတော့ မထွန်းကားခဲ့ပါဘူး။
(ဥရုဂွေး သမ္မတကြီး Jose Mujica နှင့်သူ၏ ဇနီး )
သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမိန့်ခွန်းပြောစဉ်
သမ္မတ Jose Mujica ၏ ဇနီး လွှတ်တော်အမတ် Lucia Topolansky
ရက်ရောစွန့်ကြဲမှုကြောင့် နာမည်ကျော်ကြားတဲ့ Mujica ဟာ သူ့ရဲ့လခ
အမေရိကန်ဒေါ်လာ ၁၂၅၀၀ ထဲက သူ တစ်လတာသုံးစွဲဖို့ ဒေါ်လာ ၁၂၅၀ ကိုသာချန်ထားပြီး
ကျန်ငွေအားလုံးကို လှုဒါန်းပစ်သူဖြစ်ပါတယ်။ အလှုအတန်းရက်ရောသူဖြစ်ပေမယ့်
Mujica ဟာ ဘာသာတရားကို ယုံကြည်သက်ဝင်သူ တစ်ယောက်တော့ မဟုတ်ပါဘူး။ Mujica
ရဲ့ ဘ၀ကြင်ဖော် ဇနီးသည်ဟာလည်း သူ့လိုပဲ လစာရဲ့ တစ်စိတ်တစ်ပိုင်းကို
လှုဒါန်းလေ့ရှိသူဖြစ်ပြီး အသွင်တူတဲ့ သူတို့ဇနီးမောင်နှံ ဟာ
နိုင်ငံတော်ကပေးတဲ့ သမ္မတအိမ်တော်မှာမနေဘဲ ဇနီးသည် အမည်ပေါက်တဲ့ Montevideo
မြို့စွန်က လယ်တောအိမ်လေးမှာပဲ ခွေးကလေးတစ်ကောင်နဲ့အတူ
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပန်းတွေစိုက်ရင်း နေထိုင်ကြ ပါတယ်။ Mujica ဟာ
ငွေအိပ်နှံထားတဲ့ ဘဏ်စာရင်းလည်းမရှိ ၊ အကြွေးလည်းမရှိရုံမက
ပိုင်ဆိုင်မှုအဖြစ် Volkswagen Beetle ကားဟောင်းလေးတစ်စီးသာ ရှိပါတယ်။
ဒါကြောင့် ကမ္ဘာမှာ ရှာမှရှားတဲ့ လေးစား အတုယူဖွယ် သမ္မတကြီးလို့
ဆိုနိုင်ပါတယ်။
တောင်အမေရိကတိုက်မှာ ဒုတိယအသေးဆုံးနိုင်ငံလေးဖြစ်ပေမ
(ဥရုဂွေး သမ္မတကြီး Jose Mujica နှင့်သူ၏ ဇနီး )
သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမ
No comments:
Post a Comment