ယခုခရီးစဉ်အတွင်းမှာ သြစတြေးလျအစိုးရထံကနေ ပညာရေး၊ ကျန်းမာရေး၊
လူ့အခွင့်အရေးမြှင့်တင်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး ကဏ္ဍများမှာ
အကူအညီပေးဖို့ ခိုင်မာတဲ့ကတိက၀တ်များရရှိခဲ့ပါ တယ်။
ဒါ့အပြင် မြန်မာ့တပ်မတော်နဲ့ တပ်မတော်ချင်းဆက်ဆံရေးတွေတိုးမြှင့်
လုပ်ဆောင်သွားဖို့ သဘောတူညီမှု ရရှိခဲ့တဲ့အတွက် တပ်မတော်အရာရှိများ အနေနဲ့
ငြိမ်းချမ်းရေးတည်ဆောက်မှု၊ သမားရိုးကျမဟုတ်သော လုံခြုံရေး ခြိမ်းခြောက်မှု၊
လူ့အခွင့်အရေး စတဲ့ကဏ္ဍများစွာမှာ နိုင်ငံ တကာတပ်မတော်များရဲ့ အတွေ့ အကြုံ များ
ကို လေ့လာဆည်းပူးခွင့် ရရှိတော့မှာဖြစ်ပါတယ်။
သြစတြေးလျလုပ်ငန်းရှင်များအနေနဲ့ လည်း
ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး မွေးမြူရေး၊ သတ္တု၊ ခရီးသွားလုပ်ငန်း၊
သတင်းအချက်အလက် နည်းပညာကဏ္ဍများမှာ လာရောက်ရင်းနှီးမြှတ်နှံဖို့
စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံခရီးစဉ်မှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက် ရေးနဲ့ အကူ အညီပေးရေးတို့ နဲ့ပတ်သက်ပြီး ခိုင်မာတဲ့ကတိက၀တ်များရရှိခဲ့ပါ တယ်။
ဒါ့ကြောင့်နိုင်ငံတော်သမ္မတကြီး ရဲ့
နယူးဇီလန်၊ သြစတြေးလျ ခရီးစဉ်ဟာ မြန်မာနိုင်ငံ မှာ ဆောင်ရွက်နေ တဲ့
နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို
အရှိန်အဟုန်နဲ့ ဆက်လက် ဆောင် ရွက် နိုင်စေရန်အထောက်အကူပြုမယ့် အောင်မြင်တဲ့
ခရီးစဉ်ဖြစ်ကြောင်းတင်ပြလိုပါတယ်။
Ye Htut
ပြန်ကြားရေး ဒုတိယဝန်ကြီး

ဒါ့အပြင် မြန်မာ့တပ်မတော်နဲ့ တပ်မတော်ချင်းဆက်ဆံရေးတွေတိုးမြ
သြစတြေးလျလုပ်ငန်းရှင်များအနေနဲ
ဒါ့ကြောင့်နိုင်ငံတော်သမ္မတကြီး
Ye Htut
ပြန်ကြားရေး ဒုတိယဝန်ကြီး
No comments:
Post a Comment