Wednesday, March 13, 2013

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသော ယာဉ်တန်းအား အင်အား ၁,၀၀၀ ခန့်ရှိသည့် ဆန္ဒပြသူ လူအုပ်စုမှ ၀ိုင်းဝန်းပိတ်ဆို့ခဲ့၍ ပဋိပက္ခဖြစ်ပေါ်ခဲ့

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသော ယာဉ်တန်းအား အင်အား ၁,၀၀၀ ခန့်ရှိသည့် ဆန္ဒပြသူ လူအုပ်စုမှ ၀ိုင်းဝန်းပိတ်ဆို့ခဲ့၍ ပဋိပက္ခဖြစ်ပေါ်ခဲ့
==========================================

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ပါဝင်သော ရွာများသို့ သွားရောက်ရာလမ်းရှိ ပုသိမ်-မုံရွာလမ်းဆုံနှင့် ကျော်ရွာအကြားတွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသော ယာဉ်တန်းအား အင်အား ၁,၀၀၀ ခန့်ရှိသည့် ဆန္ဒပြသူ
လူအုပ်စုမှ ၀ိုင်းဝန်းပိတ်ဆို့ခဲ့၍ ပဋိပက္ခဖြစ်ပေါ်ခဲ့ကြောင်း ၎င်းနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ယာဉ်တန်းသည် အထက်ပါနေရာသို့ အရောက်တွင် ဆန္ဒပြခေါင်းဆောင်များ လိုက်ပါလာသော ဆိုင်ကယ်က ယာဉ်တန်းအရှေ့တွင် ပိတ်ဆို့၍ ဆက်လက်ထွက်ခွာခြင်းမပြုရန် တားဆီးသဖြင့် ယာဉ်တန်းရှေ့တွင် လိုက်ပါလာသော အင်န်အယ်လ်ဒီ လုံခြုံရေးအဖွဲ့ဝင်များနှင့် အနည်းငယ် ပဋိပက္ခဖြစ်ပွားခဲ့သည်။

ုထိုဖြစ်စဉ်အား ယာဉ်တန်းတွင် လိုက်ပါလာသည့် တာဝန်ရှိသူအချို့၏ ၀င်ရောက်ထိန်းသိမ်းမှုကြောင့် ဆန္ဒပြသူများသည် ပုသိမ်-မုံရွာလမ်းအတိုင်း ၀မ်ပေါင်ကုမ္ပဏီ တည်ရှိရာဘက်သို့ ဆက်လက်ထွက်ခွာသွားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်းသည် စီမံကိန်းကြောင့် ဖျက်သိမ်းခဲ့ရသည့် ရွာလေးရွာအား စုပေါင်း၍ ပြန်လည်တည်ထောင်ထားသည့် ရွာသစ်ဘက်သို့ ဆက်လက်ထွက်ခွာသွားပြီဖြစ်ပြီး အဆိုပါရွာရှိ စာသင်ကျောင်းတွင် ဒေသခံများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7DaysNewsJournal

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ပါဝင်သော ရွာများသို့ သွားရောက်ရာလမ်းရှိ ပုသိမ်-မုံရွာလမ်းဆုံနှင့် ကျော်ရွာအကြားတွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသော ယာဉ်တန်းအား အင်အား ၁,၀၀၀ ခန့်ရှိသည့် ဆန္ဒပြသူလူအုပ်စုမှ ၀ိုင်းဝန်းပိတ်ဆို့ခဲ့၍ ပဋိပက္ခဖြစ်ပေါ်ခဲ့ကြောင်း ၎င်းနေရာသို့ ရောက် ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ယာဉ်တန်းသည် အထက်ပါနေရာသို့ အရောက်တွင် ဆန္ဒပြခေါင်းဆောင်များ လိုက်ပါလာသော ဆိုင်ကယ်က ယာဉ်တန်းအရှေ့တွင် ပိတ်ဆို့၍ ဆက်လက် ထွက်ခွာခြင်းမပြုရန် တားဆီးသဖြင့် ယာဉ်တန်းရှေ့တွင် လိုက်ပါလာသော အင်န်အယ်လ်ဒီ လုံခြုံရေးအဖွဲ့ဝင်များနှင့် အနည်းငယ် ပဋိပက္ခဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်အား ယာဉ်တန်းတွင် လိုက်ပါလာ သည့် တာဝန်ရှိသူအချို့၏ ၀င်ရောက်ထိန်းသိမ်းမှုကြောင့် ဆန္ဒပြသူများသည် ပုသိမ်-မုံရွာလမ်းအတိုင်း ၀မ်ပေါင်ကုမ္ပဏီ တည်ရှိရာဘက်သို့ ဆက်လက်ထွက်ခွာသွားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်းသည် စီမံကိန်းကြောင့် ဖျက်သိမ်းခဲ့ရသည့် ရွာလေးရွာအား စုပေါင်း၍ ပြန်လည်တည်ထောင်ထားသည့် ရွာသစ်ဘက်သို့ ဆက်လက်ထွက်ခွာသွားပြီဖြစ်ပြီး အဆိုပါရွာရှိ စာသင်ကျောင်းတွင် ဒေသခံများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7DaysNewsJournal

No comments:

Post a Comment