Sunday, March 31, 2013

30 ရက်နေ့ည တာမွေ သတင်း

၃၀.၃.၂၀၁၃ ည ၁၀ နာရီခန့်အချိန်တွင် တာမွေမြို့နယ်အတွင်းရှိ ဗိစ္စမိလ္လာဟ် ဗလီ (၁၄၄လမ်းထိပ်) ကို ခဲ ၅ လုံးဖြင့် ပစ်ပေါက်မူဖြစ်ပွါးခဲ့သည်။ ထို ခဲကျရာကို ရှာရန် ဦးလွန်းလမ်းအတွင်းရှိ လူငယ်များက လမ်းကြားအတွင်းသို့ ဝင်ရောက်ရှာဖွေရန် ဆန္ဒပြင်းပြနေသောလည်း လူကြီးများက တရားပွဲရှိနေသောကြောင့် တရားပွဲပြီးမှ တရားခံကို လိုက်လံရှာဖွေရန်ပြောကြားရာ လမ်းအတွင်း လူငယ်နှင့် လူကြီးများကြား သဘောထားကွဲလွဲမူကြောင့် အချင်းချင်း အနည်းငယ် ပဋိပက္ခပင်ဖြစ်ပွါးခဲ့သော်လည်း လူကြီးများ၏ စကားကို လူငယ်များ မလွန်ဆံခဲ့ကြပေ။ အရိုးကုန်းအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားသည်ဟု ယူဆရသောကြောင့်လမ်းအတွင်းရှိလူငယ်များ လိုက်ကြသော်လည်း ရှာဖွေမတွေ့ရှိခဲ့ပေ။ ဗလီနှင့် အနီးတဝိုက် အရိုးကုန်းထဲတွင် ယနေ့ည တရားပွဲပြုလုပ်လျက်ရှိရာ တရားဟော ဆရာတော်မှ မွတ်စ်လင်ဆန့်ကျင်ရေးများကို ဟောပြောနေကြောင်းလည်း အရိုးကုန်းရပ်ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းတရားပွဲကိစ္စ၊ ဗလီအားခဲ့ဖြင့်ပေါက်သော ကိစ္စများကို တာဝန်ရှိသော လူများထံသို့ ချက်ခြင်းအကြောင်းကြားထားပြီး ယခု ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် ရဲကားများနှင့် စစ်ကားများ အပြည့်ရောက်ရှိလာသည်။ ရဲများနှင့် တာဝန်ရှိသူများကလည်း တရားပွဲပြီးလျှင်ပြီးချင်း ခဲပေါက်သည့် ကိစ္စကိုရှာဖွေ၍ လုံခြုံရေးလည်းတိုးမြှင့်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည။် ယင်းတရားပွဲနှင့် ပတ်သတ်၍ ထိုကဲ့သို့ ဆရာတော်အနေနှင့် ဟောကြားရန်မသင့်ကြောင်း၊ ယခုလို ရန်ကုန်မြို့ ပြန်လည်တည်ငြိမ်စပြုလာသည့် အချိန်တွင် ယခုကဲ့သို့သော တရားမျိုးကို ဟောကြားခြင်းသည် လှုံဆော်ရာရောက်ကြောင်း ရပ်ကွက်အတွင်းရှိ ဗုဒ္ဒဘာသာများမှ ပြောဆိုလျက်ရှိသည်။ ထိုနည်းတူ လမ်းကျယ်အတွင်းတွင်လည်း ယာဉ်တိုက်မူဖြစ်ပွါးရာ ထွက်ပြေးသွားသော ယာဉ်တိုက်သူကို လမ်းကျယ်အတွင်းရှိလူအုပ်မှ စိုးရိမ်ပူပန်စိတ်ဖြင့် ညာသံပေး၍ လိုက်ကြသောကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားကြသော်လည်း ယခုတွင်မူ ဖြစ်စဉ်အမှန်ကို သိရှိသွားကြပြီဖြစ်သည်။ ဗလီကိစ္စနှင့် လမ်းကျယ်ကိစ္စတို့ကို ကြားထားသော ကျန်လမ်းများမှာမူ ပထမနေ့ကထက် လုံခြုံရေးကို တိုးမြှင့်ကာ လမ်းအတွင်းရှိလူများ သတိဝိရီယဖြင့် အားရုံစူးစိုက်ကာ လုံခြုံရေးစောင့်နေကြောင်းသိရသည်။ တရားပွဲအပြီးများတွင် ပြဿနာ များ ဖြစ်ပွါးလျက်ရှိသောကြောင့် ရန်ကုန်တွင်ထိုကဲ့သို့မဖြစ်ရန်အားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းထိန်း သိမ်းနေကြကြောင်း သိရှိရသည်။

No comments:

Post a Comment