Friday, March 1, 2013

နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်ရန် နော်ဝေရောက် မြန်မာများအား နိုင်ငံတော်သမ္မတကြီး ဖိတ်ခေါ်


မြန်မာတိုင်းရင်းသားများ အနေဖြင့် မည်သည့်နိုင်ငံတွင် နေထိုင်သည် ဖြစ်စေ မိမိတို့ နိုင်ငံသားများအဖြစ် သတ်မှတ်ထားပါကြောင်း၊

မြန်မာတိုင်းရင်းသား များသည် အကြောင်း အမျိုးမျိုးကြောင့် အခြားနိုင်ငံများတွင် အခြေချ နေထိုင် ရသော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့်စိတ်၊ နိုင်ငံကိုချစ်သည့် စိတ်များမှာ မိမိတို့နှင့် အတူတူပင် ဖြစ်ပါကြောင်း၊

မိမိတို့အကြားတွင် အမြင်သဘောထား မတူညီမှုများ ရှိနေမည်ဖြစ်သော်လည်း နိုင်ငံကိုချစ်သည့်စိတ် တူညီသည့်အပေါ် အခြေခံပြီး လက်တွဲ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီ သဘောအရ သဘောထား အမျိုးမျိုး ကွဲပြားကြမည်မှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စသာ ဖြစ်သဖြင့် အချင်းချင်း ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းသွားရန်လည်း လိုအပ်ပါကြောင်း၊

ထို့ကြောင့် မြန်မာတိုင်းရင်းသားများ အနေဖြင့် နိုင်ငံတည်ဆောက်ရေးတွင် တတ်နိုင်သမျှ ပါဝင်ကူညီပါရန် ဖိတ်ခေါ်ပါကြောင်း။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
(၂၇-၂-၂၀၁၃ ရက်နေ့ နော်ဝေရောက် မြန်မာအသိုင်းအဝိုင်းနှင့်တွေ့ဆုံစဉ် ပြောကြားချက်မှ)

Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/02/28/id-2760
နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်ရန် နော်ဝေရောက် မြန်မာများအား နိုင်ငံတော်သမ္မတကြီး ဖိတ်ခေါ်
========================================

မြန်မာတိုင်းရင်းသားများ အနေဖြင့် မည်သည့်နိုင်ငံတွင် နေထိုင်သည် ဖြစ်စေ မိမိတို့ နိုင်ငံသားများအဖြစ် သတ်မှတ်ထားပါကြောင်း၊ 

မြန်မာတိုင်းရင်းသား များသည် အကြောင်း အမျိုးမျိုးကြောင့် အခြားနိုင်ငံများတွင် အခြေချ နေထိုင်ရသော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့်စိတ်၊ နိုင်ငံကိုချစ်သည့် စိတ်များမှာ မိမိတို့နှင့် အတူတူပင် ဖြစ်ပါကြောင်း၊ 

မိမိတို့အကြားတွင် အမြင်သဘောထား မတူညီမှုများ ရှိနေမည်ဖြစ်သော်လည်း နိုင်ငံကိုချစ်သည့်စိတ် တူညီသည့်အပေါ် အခြေခံပြီး လက်တွဲ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီ သဘောအရ သဘောထား အမျိုးမျိုး ကွဲပြားကြမည်မှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စသာ ဖြစ်သဖြင့် အချင်းချင်း ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းသွားရန်လည်း လိုအပ်ပါကြောင်း၊ 

ထို့ကြောင့် မြန်မာတိုင်းရင်းသားများ အနေဖြင့် နိုင်ငံတည်ဆောက်ရေးတွင် တတ်နိုင်သမျှ ပါဝင်ကူညီပါရန် ဖိတ်ခေါ်ပါကြောင်း။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
(၂၇-၂-၂၀၁၃ ရက်နေ့ နော်ဝေရောက် မြန်မာအသိုင်းအဝိုင်းနှင့်တွေ့ဆုံစဉ် ပြောကြားချက်မှ)

Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/02/28/id-2760

No comments:

Post a Comment