Sunday, December 30, 2012

"ဒီလှိုင်းဂျာနယ်အား နေ့စဉ်ထုတ်သတင်းစာဖြစ်လာရန် စီစဉ်မည်"

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ဒီလှိုင်းဂျာနယ်အား နေ့စဉ်ထုတ် သတင်းစာအဖြစ် ထုတ်ဝေရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

"ကျွန်မတို့ ဒီလှိုင်းဂျာနယ်ကိုထုတ်တာ တစ်နှစ်နီးပါးရှိနေပါပြီ၊ ဒီလှိုင်းကိုလဲ နေ့စဉ်ထုတ် သတင်းစာဖြစ်အောင်လုပ်သွားမှာပါ" ဟု သူက ဒီလှိုင်းဂျာနယ်ရုံးခန်းသစ်ဖွင့်ပွဲတွင်ပြောခြင်းဖြစ်သည်။

ဒီလှိုင်းဂျာနယ် ရုံးခန်းသစ် ပြောင်းရွှေ့ဖွင့်လှစ်ပွဲကို အမှတ်(၃၆၁)၊ မြေညီထပ်၊ ပုလဲသီရိတိုက်ခန်း၊ နတ်မောက်ရပ်ကွက်၊ တာမွေမြို့နယ် တွင်ကျင်းပပြုလုပ်ခဲ့သည်။

ရန်နိုင်

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

No comments:

Post a Comment