Monday, December 3, 2012

ရခိုင်နိုင်ငံတော်ကျဆုံးခြင်း (သမိုင်းအကျဉ်း)

ရခိုင်လူမျိုးများအပေါ်ခေတ်အဆက်အဆက်ကောက်ကျစ်ယုတ်မာရက်စက်ခဲ့သော
ဗမာအောက်သားများ (၂၂၈နှစ်မြောက်ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခဲ့ခြင်းဝမ်းနည်းမှု အထိမ်းအမှတ်အဖြစ် ရေးသားသည်)



ရခိုင့်လူ့အဖွဲ့အစည်းသည် ဗမာလူ့အဖွဲ့အစည်းမပေါ်ပေါက်ခင် ဘီစီ၃၃၂၅ ၊ရခိုင်ဘုရင်မာရယု လက်ထက်ကပင်ကိုယ်ပိုင်စာပေ၊ကိုယ်ပိုင်ဘာသာစကား၊ကိုယ်ပိုင်ယဉ်ကျေးမှု၊ကိုယ်ပိုင်နိုင်ငံဖြင့်   အေဒီ၁၇၈၄၊ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ့ကဘာ့အလယ်တွင်ဗုတ်ဒဘသာရခိုင်ဘုရင့်နိုင်ငံတော်အဖြစ်
ခံညားထည်ဝါစွာရပ်တည်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့၏ ရခိုင်သမိုင်းကို ခိုင်မာသော၊ အဆင့်အတန်းမြင့်သောသမိုင်းတစ်ခုဖြစ်အောင် ရခိုင့်ရှေးဟောင်းမြို့ရို့း၊ရှေးဟောင်းနန်း
တော်၊ရှေးဟောင်းကျောက်စာ(မြန်မာနိုင်ငံ၏အစောဆုံးတောင်ပေါက်ကြီးကျောက်စာဘီစီ၃၀၀ခန့်)၊ရှေးဟောင်းမြို့တွေဖြစ်တဲ့ဓည၀တီ၊ဝေသာလီ၊မြောက်ဦးမြို့ဟောင်းများက ယနေ့ထက်တိုင် သက်သေအထောက်အထားအဖြစ် ညွှန်ပြနေကြသည်။ထိုသို့ကြီးကျယ်ခမ်းနားခဲ့မှုတွေကို
မနာလိုသောဗမာအောက်သားများသည် ရခိုင်နိုင်ငံကို သိမ်းပိုက်ရန်အေက်တန်းကျသောနည်းမျိုး
စုံဖြင့် ဗမာဘုရင်ခေတ်အဆက်ဆက်ကြိုးပမ်းခဲ့ကြသည်။သို့သော် ရခိုင်နိုင်ငံသည် နတ်ကောင်းနတ်မြတ်တို့စောင့်ရှောက်သောဒေသဖြစ်သည်နဲ့အညီ ရခိုင်လူမျိုးတို့၏
စည်းရုံးညီညွတ်မှု၊ခေတ်မီအင်အားတောင့်တင်းသော ရခိုင့်ကြည်းတပ်၊ရေတပ်များပိုင်ဆိုင်မှု၊
ရခိုင်ဘုရင်တို့၏ဘုန်းတန်ခိုးတို့နေလိုလလိုတောက်ပခဲ့မှုတွေကြောင့်ဗမာအောက်သားများသည်
ရခိုင်နိုင်ငံကို သိမ်းပိုက်လို့မရခဲ့ပေ။ဗမာအောက်သားများသည်ကားရခိုင်နိုင်ငံကို
သိမ်းပိုက်ဖို့ စဉ်ဆက်မပြတ် အလစ်ချောင်းနေခဲ့ကြသည်။ရခိုင်တို့၏ကြီးကျယ်ခမ်းနားခဲ့သော
ရခိုင်နိုင်ငံသည် ရခိုင်ဘုရင် သီရိသုဓမရာဇာလက်ထက်တွင် ရခိုင့်လူ့အဖွဲ့အစည်းသည်
အဖက်ဖက်မှယိုင်နဲ့လာခဲ့သည်။ပြည်သူတို့စည်းရုံးညီညွတ်မှုပျက်ပြားလာခဲ့သည်။
ဘုရင်ကိုထောက်ခံသောအုပ်စုနဲ့မထောက်ခံသောအုပ်စု နှစ်စုရှိလာသည်။
တစ်ဖက်တွင်အလစ်ချောင်းနေသော ဗမာအောက်သားများအကြိုက်ဖြစ်လာသည်။တိုင်းပြည်သည်
တစ်နေ့ထက်တစ်နေ့မငြိမ်းချမ်းဘဲဆူပူသထက်ဆူပူလာသည်။ရခိုင်ဘုရင်ကို မထောက်ခံသော
အုပ်စုသည် တိုင်းပြည်ဆူပူမှုကို ၀င်ထိမ်းရန်နဲ့ ရခိုင်ဘုရင်ကိုဖြုတ်ချရန် ဗမာအောက်သားဘုရင်
အား အကူအညီသွားတောင်းပါသည်။ဗမာအောက်သားဘုရင်သည်လည်း သူ့အကွက်ထဲကို
ဝင်လာပြီမို့ သူတော်ကောင်းယောင်ဆောင်ကာ အကူညီပေးဖို့လိုက်လျောခဲ့သည်။
သို့သော်တကယ်လက်တွေ့မှာတော့ ဗမာတို့သည် သူတို့၏ကောက်ကျစ်မှုကို အပြည့်အ၀အသုံးချခဲ
သည်။တိုင်းပြည်မငြိမ်သက်ဖြစ်နေချိန်သည် သူတို့တွေအတွက်မဟာအခွင့်ရေးအဖြစ်အသုံးချ
ခဲ့ကြသည်။ရခိုင်နိုင်ငံအတွင်းသို့ဗမာဘုရင်စစ်တပ်များဝင်လာသောအခါ စိတ်သဘောထား
ရိုးဖြောင့်သောရခိုင်တို့သည် မိမိနိုင်ငံကိုကယ်တင်ဖို့လာသည်အထင်ဖြင့် မိမိတို့ဘုရင်ဖက်မှ
ဝင်မတိုက်၊မိမိနိုင်ငံဖက်မှဝင်မလိုက်ဘဲ လက်ပိုက်ကြည့်နေခဲ့ကြသည်။သို့သော် ဗမာတို့၏ကောက်ကျစ်မှုကိုရိပ်မိသောရခိုင်မှုးမတ်ပညာရှိ၊ဘုရင်ကိုထောက်ခံသော
ရခိုင်ပြည်သူနဲ့ ရခိုင်ဘုရင့်စစ်သည်တော်တစ်ချို့က မိမိနိုင်ငံအတွက် သူရဲ့ကောင်းစိတ်ဓါတ်
အပြည့်ဖြင့်ခုခံတွန်းလှန်ခဲ့ကြသည်။ဗမာဘုရင်ဘက်ကလည်းရခိုင့်စစ်သည်သူရဲကောင်းများ၏
စစ်ပရိယယ်ကြွယ်ဝမှုဒဏ်ကိုအလူးအလဲခံခဲ့ရသည်။သို့သော် ရခိုင်ဘုရင်ဘက်က လူအင်အား၊စစ်သည်အင်အားကို ထပ်မံမဖြည့်တင်းနိုင်ခဲ့ပေ။အဘယ်ကြောင့်ဆိုသော်
ဗမာတို့ကို တွန်းလှန်ခဲ့သောရခိုင်တို့သည် ဘုရင်ကိုထောက်ခံသောအုပ်စုမျှသာဖြစ်သောကြောင့်ပင်။
ရသမျှအင်အားဖြင့်ရခိုင့်သူရဲကောင်းစစ်သည်များနဲ့ပြည်သူတို့သည် နောက်ဆုံးထွက်သက်အထိ
ဗမာအောက်သားများကို မိမိနိုင်ငံတော်အတွက် ရဲဝံ့စွာ တိုက်ခိုက်တော်လှန်ခဲ့ကြသည်။
ဗမာဘုရင်သည်ရခိုင်ဘုရင်အား အခွင်ရေးတစ်ခုပေးခဲ့သည်။စစ်ပြေငြိမ်းချင်လျှင် ဗမာဘုရင်အား
ရခိုင်ဘုရင်၏သမီးတော်အားလက်ဆောင်အဖြစ်ဆက်သပ်ရပါမည်ဟုအခွင်ရေးတစ်ခုပေးခဲ့သည်။
သို့သော် ရခိုင်ဘုရင်သည် မင်းကောင်းမင်းမြတ်ဖြစ်သည်နဲ့အညီ ဗမာဘုရင်အားရဲရင့်ပြတ်သားစွာ
ပြန်ပြောလိုက်သည်မှာ ``ငါ၏ခမည်းတော်၊နောင်တော်ရခိုင်ဘုရင်များလက်ထက်က
မည်သည့်အခါမျှသမီးကိုဆက်သပြီးစစ်ပြေငြိမ်းခဲ့ခြင်း ရခိုင်သမိုင်းမှာမရှိခဲ့။ယခုငါ၏
လက်ထက်မှာမှ သမီးကိုဆက်သပြီး စစ်ပြေငြိမ်းရပါမူ ငါ၏သမိုင်းသည်
နောင်လာနောက်သားရခိုင်တွေ၏စတွေးခွက်ထဲမှာမျောပေလိမ့်မည်။ရခိုင်လူမျိုး၊ရခိုင်သမိုင်း
သည်လည်း ငါ့လုပ်ရပ်ကြောင့် အရှက်တကွဲအကျိုးနည်းဖြစ်ကာ မျက်နှာငယ်ရလိမ့်မည်။သို့အတွက်
ငါသည်ကား ငါ့လူမျိုး၊ငါ့နိုင်ငံသမိုင်းအတွက် မည်သည့်အခါမျှ အရှုံးပေးလိမ့်မည်မဟုတ်။
မသေမချင်းတန်ပြန်တော်လှန်သွားမည်''ဟုဆိုကာဘုရင်ကိုယ်တိုင်ဦးစီးသော
ရခိုင့်စစ်သည်တော်တို့သည် ဗမာတို့အား အပြင်းအထန်ခုခံတွန်းလှန်ခဲ့သည်။သို့သော်
စစ်သည်အင်အားချင်းမမျှတော့ ရခိုင်ဘုရင်နဲ့ရခိုင်နိုင်ငံသည် အေဒီ၁၇၈၄
ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ဗမာလက်အောက်ကျရောက်ခဲ့ရသည်။ရခိုင်ဘုရင်အပါဝင်
ဘုရင့်အမျိုးအနွယ်တွေ၊မှုးမတ်ပညာရှိတွေ၊ရဟန်းပညာရှိတွေ၊ရခိုင့်သူရဲကောင်းတွေကို
အမရပူရသို့ဖမ်းဆီးခေါ်ဆောင်သွားကြသည်။၊ရခိုင့်ရှေးဟောင်းအမွေအနှစ်များဖြစ်သော
ကျောက်စာ၊ပေစာ၊ပရပိုက်စာ၊ပိဍကတ်သုံးပုံ၊ရှေးဟောင်းဘုရား၊ကျမ်းအသွယ်သွယ်၊
ရွှေငွေရတနာများကို ဗမာပြည်သို့ယူဆောင်သွားခဲကြသည်။မဟာမြတ်မုနိဘုရားအပါဝင်တန်ခိုးကြီး
ရှေးဟောင်းဘုရားများကို ဗမာပြည်သို့ယူဆောင်သွားခဲ့ကြသည်။ယူဆောင်မရသော
ရခိုင့်နန်းတော်အပါဝင်၊ရှေးဟောင်းလက်ရာများကိုနောင်လာရခိုင်တို့အတွက်
အထောက်အထားမရှိအောင်မီးတိုက်ဖျက်ဆီးခဲ့ကြသည်။ရခိုင်လူမျိုး(၇၀၀၀၀၀)သန်းကျော်
မရှုမလှရက်စက်စွာအသတ်ခံခဲ့ရသည်။ရခိုင်အမျိုးသမီးများကိုလူမဆန်စွာ ဖျက်ဆီးခဲကြသည်။
ကျူပင်ခုတ်ကျူငုတ်မကျန်ဆိုသောဗမာတို့၏စကားပုံအတိုင်းအပြစ်မဲ့သော ရခိုင်လူမျိုး
ပေါင်းမြောက်မြားစွာကိုသတ်ဖြတ်ခဲ့ကြသည်။တင်းဝါပန်းခိုင်တမြိုင်မြိုင်ရခိုင်အရိုးပေါင်း
စကားပုံသည် ရခိုင်လူမျိုးများအားဗမာတို့လူမျိုးတုန်းသတ်ဖြတ်ခဲ့မှုအားဖော်ကျူးထားခြင်းဖြစ်
သည်။ယနေ့တိုင်ရခိုင်ပြည်တွင် ဗမာတို့ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော အရိုးပုံတောင်ဆိုတာ
ရှိသေးသည်။ထိုတောင်ကိုတူးကြည့်ပါက ရခိုင်လူမျိုးအရိုးတွေရှိနေမည်မှာသေချာသည်။
ဗမာများ၏ရက်စက်ယုတ်မာမှုကား ဟစ်တလာကအရှုံပေးရလောက်သည်။
ယနေ့၂၀၁၂ ဒီဇင်ဘာလ၃၁ဆိုလျှင် ရခိုင်နိုင်ငံကျဆုံးခဲ့ခြင်း ၂၂၈နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။
သမိုင်းဟူသည်မေ့ဖို့မဟုတ်။အတိတ်သမိုင်းသင်ခန်းစာကိုယူပြီး ရခိုင်တို့လွတ်လမ်းကို
ရခိုင်တို့ကိုယ်တိုင်ရှာသင့်ပြီ။အောက်သားနဲ့ပူးပေါင်းပြီး ရခိုင်အမျိုးသားရေး၊နိုင်ငံရေးကို
လုပ်နေပါက ရခိုင်ပြည်၊ရခိုင်လူမျိုးမည်သည့်အခါမျှမလွတ်မြောက်နိုင်သည့်အပြင်
အပိုဆုအဖြစ်လူမျိုးပါပျောက်သွားပါမည်။
(အင်္ဂလိပ်တို့မြန်မာနိုင်ငံသိမ်းပိုက်ခဲ့သောငြားမြန်ာ့ယဉ်ကျေးမှုလက်ရာတွေကို
ဘာတစ်ခုမျှမဖျက်ဆီးဘဲ လွတ်လပ်ရေးပေးသောအခါအကောင်းအတိုင်းပြန်လည်ပေးအပ်ခဲသည်။
ဗမာများယုတ်မာပုံကိုယှဉ်ထိုးကြည့်နိုင်သည်။)

ဘုရင်ခေတ်မှသည် ယနေ့တိုင် ရခိုင်လူမျိုးများအပေါ်ဗမာအောက်သားများရက်စက်
ယုတ်မာခဲ့ပုံများ

-ရခိုင်နိုင်ငံကို သိမ်းပိုက်ခဲ့သူမှာ ဗမာဘုရင်မောင်ဝိုင်းနဲ့ဗမာလူမျိုးများသာဖြစ်သည်။
-ရခိုင်ဘုရင်အပါဝင်ဘုရင့်အမျိုးအနွယ်တွေ၊မှုးမတ်ပညာရှိတွေ၊ရဟန်းပညာရှိတွေ၊
ရခိုင့်သူရဲကောင်းတွေကို ဖမ်းဆီးခေါ်ဆောင့်ပြီးသတ်ပစ်သည်မှာ ဗမာဘုရင်နဲ့ဗမာလူမျိုးများဖြစ်သည်။
-ကျူပင်ခုတ်ကျူငုတ်မကျန်ဗမာစကားပုံအတိုင်းအပြစ်မဲ့ရခိုင်လူမျိုး(၇၀၀၀၀၀)သန်းကျော်အား
မရှုမလှရက်စက်စွာသတ်ဖြတ်ခဲ့သည်မှာလည်း ဗမာဘုရင်နဲ့ဗမာလူမျိုးများသာဖြစ်သည်။
-အပြစ်မဲ့ရခိုင်အမျိုးသမီးများကိုလူမဆန်စွာ ဖျက်ဆီးခဲကြသည်မှာလည်းဗမာလူမျိုးများသာဖြစ်သည်
-ရခိုင့်ရှေးဟောင်းအမွေအနှစ်များဖြစ်သော
ကျောက်စာ၊ပေစာ၊ပရပိုက်စာ၊ပိဍကတ်သုံးပုံ၊ရှေးဟောင်းဘုရား၊ကျမ်းအသွယ်သွယ်၊
ရွှေငွေရတနာများကို ဗမာပြည်သို့ယူဆောင်သွားခဲကြသည်မှာလည်း ဗမာဘုရင်နဲ့ဗမာလူမျိုးများ
သာဖြစ်သည်။
-မဟာမြတ်မုနိအပါအ၀င်ရခိုင်နိုင်ငံမှတန်ခိုးကြီးဘုရားများကို အပိုင်းပိုင်းဖြတ်ပြီး
လုယူသွားသူများမှာလည်း ဗမာဘုရင်နဲ့ဗမာလူမျိုးများသာဖြစ်သည်။
-မဟာမြတ်မုနိအားကြိုးနဲ့ချည်ကာရခိုင်စစ်သုံ့ပန်းများကို ဆွဲခိုင်းသည်မှာလည်း ဗမာလူမျိုးများ
သာဖြစ်သည်။
-ယိုးဒယားအားစစ်ချီရာတွင်အားကောင်းမောင်းသန်ရခိုင်စစ်သည်များ၊ရခိုင့်လူမျိုးများအား
လူသားဒိုင်းကာအဖြစ်အသုံးပြုခဲ့သည်မှာလည်း ဗမာလူမျိုးများပင်ဖြစ်သည်။
-မိတ်ထိလာကန်ကိုတူးကိုဖော်ရာတွင်ဖမ်းဆီးခေါ်ဆောင်သွားသော
ရခိုင်စစ်သုံ့ပန်းများ၊ရခိုင်လူမျိုးများကိုမ၀သောထမင်းကျွေးပြီး အားဓမတူးခိုင်းသည်မှာလည်း
ဗမာလူမျိုးများသာဖြစ်သည်။
-မန်းတလေးနန်းတော်ကိုဆောက်ရာတွင် ရခိုင်လူမျိုးပန်းပုပညာရှင်များ၊ပန်းရံဆရာများ၊
ရခိုင့်ဗိသုကာပညာရှင်များကို မသေထမင်းကျွေးပြီး အတင်းအဓမခိုင်းစေခဲ့သည်မှာလည်း
ဗမာပဒေသရာဇ်များသာဖြစ်သည်။
-မြောက်ဦးနန်တော်ကိုမီးရှို့ပြီးနန်းတော်ခေါင်ကြေးပြားကိုအရည်ဖျော်ကာ မင်းကွန်းခေါင်းလောင်း
သွန်းလုပ်ကြသည်မှာလည်းဗမာပဒေသရာဇ်များသာဖြစ်သည်။
-ရခိုင်ဘုရင်များတည်ထားခဲပသောမ်ာတင်စွန်းဘုရားအား ဗမာလူမျိုးတည်ထားသယောင်ပြုလုပ်ထားသည်မှာလည်း ဗမာလူမျိုးများသာဖြစ်သည်။
-ရခိုင်ဘုရင်များသွန်းလုပ်ခဲ့သောပြည်တော်ပြန်ဘုရား(ဇလွန်ဘုရား)ကိုဗမာမှုပြုထားသည်မှာလည်း
ဗမာလူမျိုးများသာဖြစ်သည်။
-ရခိုင်နိုင်ငံကလုယူသွားသော မဟာမုနိဘုရားကို ဗမာမှုပြုထားသည်မှာလည်းဗမာလူမျိုးများသာ
ဖြစ်သည်။

မျက်မှောက်ခေတ်

-မြန်မာ့လွတ်လပ်ရေးမီးရှုးတန်ဆောင်၊မြန်မာ့လွတ်လပ်ရေးအတွက် အမျိုးသားရေးမျိုးစေ့ချပေးခဲ့
သောကျေးဇူးရှုင်ဆရာတော်ဦးဥတမကို ကျေးဇူးကန်းကာအသိအမှတ်မပြု၊သမိုင်းဖျောက်ထား
သူများမှာလည်း ဗမာများသာဖြစ်သည်။
-ဆရာတော်သည်ရခိုင်လူမျိုးဖြစ်သဖြင်မြန်မာတစ်မျိုးသားလုံး၏့ကျေးဇူးရှင်ပင်ဖြစ်လင့်ကစား
ဆရာတော်ပျံလွန်တော်မူသောနေ့ကို ရုံးပိတ်ရက်လေးတောင်တစ်ရက်မသတ်မှတ်ပေးဘဲ
ချောင်ထိုးထားကြသူများမှာလည်းဗမာလူမျိုးများသာဖြစ်သည်။
-ဆရာတော်ဦးဥတမပန်းခြံကို ကန်တော်မင်္ဂလာပန်းခြံအဖြစ်ပြောင်းလဲပြီး
ဆရာတော်ရုပ်ထုအား မြေတူးစက်နဲ့တူးကာ ခြုံပုတ်ထဲဝေးသတ်ထားသူများမှာလည်း
ဗမာစစ်ဗိုလ်များနဲ့ဗမာများသာဖြစ်သည်။
-ရခိုင်လူမျိုးတို့၏တန်ဖိုးဖြတ်မရသောခေါင်းဆောင်ကြီး
ရခိုင်မြန်မာပန်ဏ္ဍိတ်၊ရခိုင်သမိုင်းပညာရှင် ဦးဦးသာထွန်းအားထောင်ချပြီးထောင်ထဲတွင်ပင်
သတ်ပစ်ခဲ့သူများမှာလည်းဗမာများသာဖြစ်သည်။
-ရခိုင်တပ်မတော်ခေါင်းဆောင်ဗိုလ်ရာဇာအားအိန်ဒိယပြည်တွင်လုပ်ကြံခိုင်းသူများမှာလည်း
ဗမာစစ်အာဏာပိုင်များနဲ့ဗမာလူမျိုးများသာဖြစ်သည်။
-ဆန်ရေစပါးပေါများသောရခိုင်ပြည်တွင် ဆန်စပါးရှားပါးမှုပြသနာဖြစ်အောင်တမင်ဖန်တီးပြီး
ဆန်စပါးရှားပါးမှုကိုဖြေရှုင်းပေးဖို့၊စစ်တွေဆန်ဂိုထောင်မှဆဆန်များကိုထုတ်ရောင်းဖို့
ငြိမ်းချမ်းစွာဆန်ဒပြခဲ့သော ရခိုင်လူမျိုးသုံးရာကျော်အားသွေးချောင်းစီးအောင်
သတ်ဖြတ်ခဲ့သည်မှာလည်းဗမာစစ်သားများသာဖြစ်သည်။
-ရခိုင်ပြည်သို့ ကုလားများကို သွင်းပစ်ခဲ့သူမှာလည်းဦးနုနဲ့ဗမာများသာဖြစ်သည်။
-ရခိုင်လူမျိုးတို့၏အမျိုးသားရေး၊စည်းရုံးညီညွတ်မှု၊မျိုးချစ်စိတ်ဓါတ်ကို ချိုးနှိမ်ဖို့အတွက်
ကုလားနဲ့ရန်တိုက်ပေးထားသည်မှာလည်း ဗမာအာဏာပိုင်များနဲ့ဗမာလူမျိုးများသာဖြစ်သည်။
-ရခိုင်ရှေးဟောင်းလက်ရာများ၊နန်းတော်ကုန်း၊ခံတပ်၊မြို့ရို့၊တံတိုင်းစသည့် ရခိုင့်ရှေးဟောင်း
လက်ရာများကို ရထားလမ်း၊ကားလမ်းအကြောင်းပြ ဖျက်ဆီးနေသူမှာလည်း ဗမာအာဏာပိုင်များနဲ့
ဗမာလူမျိုးများသာဖြစ်သည်။
-ရခိုင့်ယဉ်ကျေးမှုများကို ဖော်ထုတ်ခြင်းအားပိတ်ပင်ထားသည်မှာလည်း ဗမာအာဏာပိုင်များနဲ့
ဗမာလူမျိုးများသာဖြစ်သည်။
-ရခိုင်ပြည်တစ်ဝန်းစာသင်ကျောင်းများတွင် ရခိုင်အချင်းချင်း ရခိုင်စကားပြောကာ စာသင်ကြားခြင်းအားပိတ်ပင်ခြင်း၊ရခိုင်အချင်းချင်းစကားပြောရာတွင်လည်း ဗမာစကားကိုသာ
ပြောခိုင်းခြင်း၊မူလတန်းကလေးများကို မိခင်ရခိုင်ဘာသာစကားမပြောခိုင်းခြင်းစသည်ဖြင့်နည်းစုံသုံးကာ ရခိုင်ဘာစကားပျောက်ကွယ်
သွားအောင်လုပ်နေကြသူများမှာလည်း ဗမာအဏာပိုင်များနဲ့ဗမာလူမျိုးများသာဖြစ်သည်။
-ရခိုင်ဂက်စ်ကို ရခိုင်ပြည်အတွက် ခွဲဝေမပေးချင်သူများမှာလည်း ဗမာများသာဖြစ်သည်။
-ရခိုင်ဂက်စ်ကိုသုံးပြီး ရခိုင်ပြည်ကို မီးလင်းအောင်လုပ်မပေးချင်သူများမှာလည်း ဗမာအာဏာပိုင်
များနဲ့ ဗမာများသာဖြစ်သည်။
-ရခိုင်ပြည်ကထွက်သမျှသယံဇာများ၊အဆီအပျားများကိုရောင်းစားပြီး အရိုးများကို ရခိုင်လူမျိုးများ
အားထိုးကျွေးထားသူများမှာလည်းဗမာလူမျိုးများသာဖြစ်သည်။
-ရသမျှဆင်ဖြူတော်များအားလည်း ဗမာပြည်သို့လုယူသွားသူများမှာလည်း ဗမာများသာဖြစ်သည်။
-ရခိုင်ပြည်တွင်မြစ်ချောင်းပင်လယ်များကိုလေလံပစ်ပြီး ရခိုင်လူမျိုးများလုပ်ကိုင်စားသောက်မရအောင်ဖန်တီးထားသူများမှာလည်း ဗမာများသည်ဖြစ်သည်။
-တစ်နိုင်ငံလုံးမဟာဓါတ်အားလိုင်းသုံးနေပေမယ့်ရခိုင်ပြည်တွင် ယနေ့ထိမဟာဓါတ်အားလိုင်းမပေးဘဲ ရခိုင်ပြည်မတိုးတက်အောင် လုပ်ထားသည်မှာလည်းဗမာများသာဖြစ်သည်။
-ပြည်နယ်တိုင်းတွင်စက်ရုံများထောင်ပေးသော်ငြားလည်းရခိုင်ပြည်တွင်စက်မှုံဇုံတစ်ခုမျှ
ထူထောင်ပေးခြင်းမရှိဘဲ ရခိုင်ပြည်ကို ခြွတ်ခြုံကျအောင်၊မတိုးတက်အောင်၊အလုပ်အကိုင်
နည်းပါးအောင် တမင်ဖန်တီးထားသည်မှာလည်း ဗမာများသာဖြစ်သည်။
-အလုပ်အကိုင်နည်းပါးသဖြင့် ရခိုင်ပြည်မှာ ရခိုင်တွေနေလို့မရအောင်၊ရခိုင်ပြည်မှာ
ရခိုင်လူမျိုးနည်းသွားအောင် တမင်အကွက်ချကြံစည်လုပ်ကိုင်နေသည်မှာလည်းဗမာ
များသာဖြစ်သည်။
-ကြံဖွတ်ပါတီမဲနိုင်ဖို့အတွက် ကုလားများအားအရေးပေးခဲ့သည်မှာလည်း ဗမာများသာဖြစ်သည်။
-ရခိုင်ပြည်ကိုကုလားတွေအား ယနေ့ထိခိုးသွင်းနေသူမှာလည်း ဗမာများသာဖြစ်သည်။
-ကုလားများအားရခိုင်ပြည်တွင်သာတရားဝင်ပြီး ဗမာပြည်လာပါကတရားမ၀င်သတ်မှတ်ထားသည်မှာလည်းဗမာများသာဖြစ်သည်။
-ကုလားများအား ရခိုင်ပြည်တွင်သာနေခိုင်းစေပြီးရခိုင်ပြည်မှာကျန်နေရာများကိုမလာခိုင်းသည်မှာလည်း
ဗမာများသာဖြစ်သည်။
-ကုလားများအားရခိုင်ပြည်တွင်မဖမ်းဘဲ ဗမာပြည်တွင်သာဖမ်းသည်မှာလည်း ဗမာများသာဖြစ်သည်။
-ကုလားများနဲ့အတူမနေချင်သောရခိုင်များကိုကိုယ်ချင်းစာစိတ်မရှိဘဲ အတူနေခိုင်းသူများမှာလည်း
ဇာဂနာနဲ့ဗမာများသာဖြစ်သည်။
-ကုလားများကိုပါတီဝင်ခန့်ထားသူများမှာလည်း ဗမာပါတီများနဲ့ဗမာလူမျိုးများသာဖြစ်သည်။
-ရခိုင်လူမျိုးကိုကုလားတွေဝိုင်းသတ်နေချိန်၊ရခိုင်အိမ်တွေကို ကုလားတွေမီးရှို့နေချိန်မှာတောင်
တကိုယ်ကောင်းဆန်အတ်တကြီးပြီး မဲနိုင်ဖို့လောက်သာအားခဲပြီး၂၀၁၅အတွက်လူမဆန်စွာ
ကြိုတင်မဲဆွယ်နေသည်မှာလည်းဗမာပါတီ(NLD)ပါတီနဲ့ဗမာလူမျိုးများသာဖြစ်သည်။.
-ရခိုင်အမျိုးသားတို့၏အထွတ်အမြတ်ထားသောရခိုင်အလံ၊အမျိုးသားဝတ်စုံတို့ကိုပြောင်းခိုင်းသူများမှာလည်းဗမာလူမျိုးကြံ့ဖွတ်ပါတီနဲ့ဗမာများသာဖြစ်သည်။
-ရခိုင်တို့၏အမျိုးသားရေးနိုးကြားမှု၊မျိုးချစ်စိတ်ဓါတ်နဲ့စည်းရုံးမှုကိုကြောက်ရွံ့ပြီး
ရခိုင်တို့အားကုလားနဲ့လှည့်တိုက်နေကြသူများမှာလည်းဗမာများသာဖြစ်သည်။
-ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပတွင် ရခိုင်ပြည်လွတ်မြောက်ရေးကော်မတီက
ရခိုင်သားများထံမှလက်မှတ်ကောက်ယူနေချိန်၊ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်အား
စစ်တွေတွင် ရခိုင်လူမျိုးသိန်းချိန်ကြိုဆိုခဲ့ပြီးချိန်၊ပြည်တွင်း၊ပြည်ပရခိုင်များကရခိုင်ဂက်စ်အတွက်
လှုပ်ရှားနေချိန်၊ရခိုင်သားများအမျိုးသားရေးနိုးကြားလာချိန်တွင်
ဘင်္ဂလီစစ်ပွဲဖန်တီးပြီးရခိုင့်အမျိုးသားရေးကိုချိုးနှိမ်ခဲ့သူများမှာလည်း ဗမာအာဏာပိုင်မျာနဲ့
ဗမာများသာဖြစ်သည်။
ဆက်ရေးမည်ဆိုပါက တစ်ထောင့်တစ်ညပုံပြင်လိုဆုံးနိုင်မည်မထင်ပါ။အဓိကအရေးကြီးအချက်များ
လောက်သာရေးသားခဲ့ပါသည်။အီသို့ဖြင်ဗမာတို့သည် ရခိုင်များကို ခေတ်အဆက်ဆက်မှသည်
ယနေ့တိုင် ရက်ရက်စက်စက်နှိမ်နှင်းသုတ်သင်နေခဲ့၊ကြဆဲဖြစ်သည်။

ကျွန်တော်တို့ရခိုင်လူမျိုးတို့အနေဖြင့် ရခိုင်ပြည်လွတ်လပ်ရေးအတွက်၊
ရခိုင်လူမျိုးတိုးတက်ဖို့အတွက်ဘာလုပ်ရတော့မည်ဆိုသည်ကိုသိပြီး ကိုယ့်လူမျိုးအချင်းချင်းကလွဲပြီးမည်သူ့ကိုမျှအားကိုးလို့မရတော့သည်ကို ရခိုင်သမိုင်းတွေကိုလှန်ကြည့်လျှင်သိနိုင်ပါမည်။ရခိုင်နိုင်ငံရေးသမားများသည်လည်း
ရခိုင်အမျိုးသားရေးအတွက်သီးခြားရပ်မတည်ဘဲ ဗမာအောက်သားများနဲ့ ပူးပေါင်းပြီးသွားလုပ်သဖြင့်ရခိုင်ပြည်အတွက်ကောင်းကျိုးမရှိခဲ့ပုံကို ရခိုင်သားတိုင်းသိကြပြီးဖြစ်သည်။ယခုတစ်ခါရခိုင်နိုင်ငံရေး၊ရခိုင်အမျိုးသားရေးကို အောက်သားပါတီ(NLD၊ကြံဖွတ်)သွားပေါင်းပါက သည်တစ်ခါဆိုလျှင်တော့
ရခိုင်ပြည်ရော ရခိုင်လူမျိုးပါပြတိုက်မှာသွားကြည့်ရလိမ့်မည်ဆိုသည်ကို ရခိုင်နိုင်ငံရေးသမားများ
သတိမူသင့်သည်။ရခိုင်လူမျိုးတို့တွင် အရှေ့ရန်သူနဲ့အနောက်ရန်သူဝိုင်းနေသည်။အနောက်ရန်သူက အကြမ်းဖက်သလောက်အရှေ့ဖက်မှရန်သူက မြေခွေးလိုသိမ့်မွေ့ကောက်ကျစ်လွန်းသည်။
အနောက်ရန်သူကအကြမ်းဖက်သမားတွေမို့အန်တရယ်ကိုကြိုတင်ခန့်မှန်းလို့ရသော်လည်း
အရှေ့ဖက်မှရန်သူမှာကားအတွင်းစိတ်ကာယုတ်မာတတ်သူများဖြစ်ကာအကြမ်းမဖက်သော
ကောက်ကျစ်နည်းမျိုးစုံကိုအသုံးချတတ်သောကြောင့်ခန့်မှန်းရသိပ်ခက်သည်။ရခိုင်လူမျိုးတို့
အတွက်ပိုပြီးတော့လည်းအန်တရယ်များသဖြင့်ပိုပြီးသတိထားရမည့်ရန်သူဖြစ်သည်။ရခိုင်တို့၏ရန်သူနှစ်ဦးအနက်အဓိကရန်သူမှာ ဘူးသီးဖြစ်ပြီး ကုလားမှာ ဒုတိယရန်သူအဆင့်သာဖြစ်သည်။ဘူးသီးရန်သူကို အောင်မြင်ပါက
ကုလားရန်ကို ရခိုင်သားတို့အတွက်သိပ်မခက်ခဲလှပါ။ထို့ကြောင့် ရန်သူတွေနဲ့ပေါင်းပြီးရခိုင်အမျိုးသားရေးလုပ်ဖို့
ကြိုးစားနေသောရခိုင်လူမျိုးများအနေဖြင့် မိမိလူမျိုး၊မိမိတိုင်းပြည်ကို အမှန်တကယ်ချစ်မြတ်နိုးပါက
ဘူးသီးနိုင်ငံရေးနဲ့ မပေါင်းဘဲ တစ်ခုတည်းသောရခိုင်ပါတီများနဲ့သာပူးပေါင်းလုပ်ဆောင်သင့်သည်။
ကိုယ်ကကောင်းတယ်ထင်ပြီးလုပ်လိုက်သောအလုပ်တစ်ခုသည် ရခိုင်လူမျိုးပျောက်မည့်အလုပ်လား၊ရခိုင်လူမျိုးကောင်းစားမည့်အလုပ်လားဆိုသည်ကိုကွဲပြားစွာသိသင့်သည်။ရခိုင်ပြည်၊ရခိုင်လူမျိုးလွတ်မြောက်ချင်ပါက ရခိုင်ပြည်အတွက်၊ရခိုင်လူမျိုးအတွက် တစ်ခုတည်းသောရခိုင်ပါတီ၊ရခိုင်တည်းသောရခိုင်တပ်မတော်ကသာစွမ်းဆောင်နိုင်လိမ့်မည်။
ရခိုင်ပြည်လွတ်မြောက်ရေး၊တိုးတက်ရေးကို ရခိုင်ပါတီ၊ရခိုင်တပ်မတော်ကလွဲပြီး မည်သည့်လူမျိုးပါတီမျှလုပ်ပေးလိမ့်မည်မဟုတ်။ထို့ကြောင့်ရခိုင်လူမျိုးအတွက် တစ်ခုတည်းသောရခိုင်ပါတီ၊ရခိုင်တပ်မတော်ကိုသာ ရခိုင်လူမျိုးအားလုံး
အလိုရှိသည်။

No comments:

Post a Comment