Saturday, December 15, 2012

အာရှ ချဲလင်းကပ် ခြေစစ်ပွဲ မြန်မာအသင်း အိမ်ရှင် အဖြစ်လက်ခံ ကစားမည်


ရန်ကုန်၊ ဒီဇင်ဘာ ၁၄

အာရှတိုက်၏ အဆင့်မြင့်ဆုံး ဘောလုံး ပြိုင်ပွဲ တစ်ခုဖြစ်သော ၂၀၁၄ အာရှ ချဲယ်လင်းကပ် အုပ်စု(က) ပြိုင်ပွဲကို မြန်မာနိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ပြန်ကြားရေး အရာရှိ ဦး ဇော်မင်းထိုက်က ပြောကြာသည်။

အိမ်ရှင် အဖြစ် ကစားခွင့် ရမည့် မြန်မာ အသင်း ပါဝင်သည့် အုပ်စု (က) တွင် အိန္ဒိယ၊ တရုတ် (တိုင်ပေ)၊ ဂူအမ် အသင်းတို့ ပါဝင်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။ အုပ်စု ပွဲစဉ်များကို ၂၀၁၄ခုနှစ် မတ်လ အတွင်း ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း အာရှ ဘောလုံး အဖွဲ့ချုပ် ၏သတင်း ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။

အာရှ ဘောလုံး အဖွဲ့ချုပ်၏ သတင်း ထုတ်ပြန်ချက် အရ အုပ်စု(ခ) ပွဲစဉ် များကို တာဂျကစ္စတန်မှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ပြီး ယင်းအုပ်စုတွင် တာဂျကစ္စတန်၊ ပါကစ္စတန် နှင့် မကာအို အသင်းတို့ ပါဝင် ကြမည်ဖြစ်ပြီး အုပ်စု(ဂ) ပွဲစဉ်များကို လာအိုနိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ရာ ယင်း အုပ်စုတွင် အာဖဂန်နစ္စတန်၊ သီရိလင်္ကာ နှင့် မွန်ဂိုလီးယား အသင်းတို့ ပါဝင်မည် ဖြစ်ကြောင်း၊ အုပ်စု(ဃ) ပွဲစဉ် များကို နီပေါနိုင်ငံ က အိမ်ရှင် အဖြစ် ကျင်းပမည် ဖြစ်ကာ ပါလက်စတိုင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် မြောက် မောရစ်သျှ ကျွန်းစုများ အသင်းတို့ ပါဝင်ကြမည် ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံး အုပ်စုဖြစ်သော အုပ်စု(င) ပွဲစဉ်များ ကို ဖိလစ်ပိုင် နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ပြီး တာခ်မစ်နစ္စတန်၊ ကမ္ဘောဒီးယား နှင့် ဘရူနိုင်း အသင်းတို့ ပါဝင် မည်ဖြစ်သည်။ လက်ရှိ ချန်ပီယံ မြောက်ကိုရီးယား အသင်းမှာ ယခု ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိကြောင်း သိရ သည်။

No comments:

Post a Comment