Saturday, December 15, 2012

မြန်မာ့အရေးမှာ နောက်ကျမနေနိုင်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဆို



ရခိုင်ဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပြီး နှစ်နိုင်ငံအကြား အရေးပါသော စာချုပ်များ ချုပ်ဆိုလိုက်ခြင်းမှာမန်မာ့ အရေးတွင်အိန္ဒိယအနေနှင့် နောက်ကျမခံနိုင်ကြောင်း ပြသလိုက်ခြင်းဖြစ်သည် ဟု နေပြည်တော်သို့ ရောက်ရှိနေသာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့တွင် ပြောဆိုလိုက်သည်။

“အိမ်နီးချင်းနိုင်ငံ တခုအနေနဲ့ ကျနော်တို့ရဲ့ ဘုံအလေးထားစရာတွေမှာ ထူးခြားစွာ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံကို ကမ္ဘာကြီးက ဆက်ဆံဆောင်ရွက်မှုတွေ ပြုနေစဉ်မှာ ကျနော်တို့အနေနဲ့ နောက်တန်းက မနေနိုင်ပါဘူး” ဟု ဆာလ်မန်း ခူရှီးဒ် Salman Khurshid က ပြောဆိုလိုက်ကြောင်း Radiff သတင်းတရပ်တွင် ရေးသားထားသည်။

လုံခြုံရေးနှင့် စီးပွားရေး ပူးတွဲဆောင်ရွက်မှုများနှင့် အခြေခံအဆောက်အအုံများ မြှင့်တင်ရေး အပါအဝင် အကြောင်းအရာ အများအပြားပါဝင်သည့် မြန်မာ သမ္မတနှင့် ဆွေးနွေးပွဲမှာ “လှိုက်လှဲမှုနှင့် နားလည်မှု အပြည့်” ရှိသည်ဟုလည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပြုထားသည်။

အိန္ဒိယ၏ အာသံ သူပုန်ခေါင်းဆောင် ဘရူးဝါး မြန်မာ့မြေတွင် ခိုလှုံနေထိုင်နေသည် ဟူသောကိစ္စနှင့် ပတ်သက်၍ မေးမြန်းချက်ကို မြန်မာဘက်မှ “ကျွန်ုပ်တို့မှာ သတင်း သိုးသိုးသန့်သန့် ရှိရင် မျှဝေမှာပါ” ဟု ပြန်ကြားခဲ့ကြောင်း မစ္စတာ ခူရှီးဒ် က ပြောဆိုသည်။

No comments:

Post a Comment