Wednesday, December 5, 2012

ဒေါ်စုဖြေပါ- အပိုင်း(၃)၊ရခိုင်လူမျိုးများ၏ စိုးရိမ်ပူ ပန်ကြောင့် ကြမှု များ ကို အသိအမှတ် ပြုရမည်”ဟု ခွဲခြားဆက်ဆံမှုကိုကန်ကွက်ခြင်း …

ဒေါ်စုဖြေပါ- အပိုင်း(၃)၊ရခိုင်လူမျိုးများ၏ စိုးရိမ်ပူ ပန်ကြောင့် ကြမှု များ ကိုအသိအမှတ် ပြုရမည်”  ခွဲခြားဆက်ဆံမှုကိုကန်ကွက်ခြင်း …
ရခိုင်ပြည်နယ်ပဋိပက္ခနှင့်သပ်လျဉ်း၍ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားများ ကျေညာချက်တွင် “ပဋိပက္ခနှင့် စပ်လျဉ်း၍ ပြည် ထောင်စု ဖွား ဌာနေ တိုင်းရင်းသား ရခိုင်လူမျိုးများ၏ စိုးရိမ်ပူ ပန်ကြောင့် ကြ မှု များ ကို အသိအမှတ် ပြုရမည်”  ဖော်ပြထားသည်။
သို့ဖြင့်ဒေါ်စုသည် သမိုင်းကိုမျက်ကွယ်ပြုပြီးဗုဒ္ဒဘာသာ အချင်းချင်း လက်ဝါးရိုက်ကာ ကျေညာချက် ထုတ် ပြန် ခြင်း သည် ဒီမိုကရေစီလမ်းကိုကို သွေဖီနေကြောင်း၊ ရခိုင်းအမျိုးသားခေါင်းဆောင်များ ၏ ဖြားယောင်းသွေး ဆောင်မှု၊မိမိတို့ပါတီအနာဂါတ် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးကို ရည်ရွယ် ကာ ဘာသာခြားဖြစ်သည့် ရိုဟင်ဂျာမွတ်ဆလင်များခွဲခြားဆက်ဆံခြင်း၊ မီးလောင်ရာတွင် လေပင့် ပေးခြင်း များ ဒေါ်စုကိုယ်တိုင်ပြုလုပ်သည် အလွန်တရာအံ့သြခဲ့ပါကြောင်း၊ထိုကဲ့သို့ရိုဟင်ဂျာ လူမျိုးစုများကို အစွန်းရောက်ရခိုင်းသားများ နစ်နာစေလို သကဲ့ သို့ ဒေါ်စုကိုယ်လည်း အားပေးသည့် အတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါသည်။
     ဒေါ်စု၏တစ်ဖက်သတ် ဘက်လိုက်ကျေညာချက် ကိုလယ်ပြင်မှာဆင်သွားသလိုပေါ်လွင်ထင်ရှားနေ သည်။ ရခိုင်ပြည်နယ် ပဋိပက္ခကြောင်းရိုဟင်ဂျာမွတ်ဆလင်တစ်စု ဖက်သတ် အိမ်များမီးရှို့ခံရခြင်း၊ ရိုဟင်ဂျာကို မ တ ရား သတ် ဖြတ် ခြင်း၊လက်ရှိနေရာမှ ဖယ်ရှားပေးရန်အကြမ်ဖက်ခြင်းပြောင်ပြောင်တင်းတင်းပြုလုပ်နေသည် အကောင်းအဆိုး တစ်လုံးတစ်ပါဒ မျှ မပြောဘဲ အမေရိကန် က အမြင့်ဆုံး လူအခွင့်အရေးဆု ရယူခဲ့တယ်။
       ဒေါ်စု၏ သုံနုန်း အရ ပြည်ထောင်စုဖွါး ဌာနေတိုင်းရင်းသားတို့၏ စိုးရိမ်ပူပန်ကြောင်းကြားမှုအသိအမှတ် ပြုလျှင် ပြည်ထောင်စုဖွါး အခြားတိုင်းရင်းသားတို့၏ စိုးရိမ်ပူပန်မှု အရေးမစိုက် လျစ်လျှူရှုထား ကြောင်း ကျေညာ ထား သည်ဟု မြုပ်ထားသော အဓိပါယ်သက်ရောက်နေသည်။ အစ္စလာမ်ဘာသာ ကမနတိုင်းရင်းသားတို့သည် လည်း ပြည်ထောင်စုဖွါးဌာနေတိုင်းရင်းဖြစ်သည်။ရခိုင်လူမျိုးများ၏ အကြမ်း ဖက်မှု ကြောင်း ကမန်တိုင်းရင်းသား ရော ရိုဟင်ဂျာမွတ်ဆလင်များပါ မီးရှို့ခံရခြင်း၊အသက်ဆုံးရှုံးရခြင်း၊အိမ်မီးရှို့ခံရခြင်း၊အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
       ရခိုင်ပြည်နယ်တွင်အမှုထမ်း အရာထမ်း၊လုံထိန်း၊အုပ်ချုပ်ရေးစသော နေရာအားလုံးတွင် ရခိုင်လူမျိုးများ သာဖြစ်ပြီး မွတ်ဆလင်များ မည်သည့်နေရာဌာနတွင် မရှိ။ရခိုင်လူမျိုးတို့၏ ချယ်လှယ်မှုနေ့စဉ်ခံခဲ့ ရသည်။
ရခိုင်ပြည်ဖွားဌာနေတိုင်းရင်သား ရခိုင်လူမျိုးများ ဟုသုံးထားသဖြင့်အခြားတိုင်းရင်းသားများ ဖယ်ထုတ် ခဲ့သည်ဟု အဓိပါယ်သက်ရောက်သဖြင့် နစ်နာသူအနေနှင့် ပြင်းထန်စွာ ကန့်ကွက်ပါသည်။
ဒေါ်စုအမှန်တရားကို လက်ကိုင်ထားသူ ဒီမိုကရေစီအတွက်တိုက်ပွဲဝင်သူ လူ့အခွင့်အရေးဆုံးရှုံးအားကယ် တင် သူ တစ်ယောက်ဖြစ်လျှင်အောက်မေးခွန်းများကိုဖြေကြားပေးပါ။
၁ ။ – မြန်မာနိုင်ငံတွင် တိုင်းရင်းသားမည်သူ့ကိုခေါ်သလဲ။ဥပဒေအကြောင်းအရရှင်းပြပါ။
၂ ။ – မြန်မာနိုင်ငံသား ဥပဒေတွင် ၁၈၂၃ မတိုင်မီ ကမြန်မာနိုင်ငံတွင်ပင်ရင်းနိုင်အဖြစ်နေထိုင်သူများသည် မြန်မာနိုင်ငံ၏တိုင်းရင်းသားအဖြစ် သတ်မှတ်လျှင် ရခိုင်လူမျိုးများကဲ့သို့ ထိုအချိန်ကပင်မြန်မာတွင် ပင် ပင်ရင်းနိုင်ငံ အဖြစ်နေထိုင်ခဲ့ သော အစ္စလာမ်ဘာသာဝင်များကို  မြန်မာနိုင်ငံ၏တိုင်း ရင်းသားအဖြစ် အဘယ် ကြောင်း လက်မခံကြသနည်း။ သို့မဟုတ် အစ္စလာမ်ဘာသာဝင်ဖြစ် လျှင် မြန်မာနိုင်ငံတွင် တန်းတူအခွင့် မပေးခြင်းလော။ရှင်းပြပေးပါ။
၃ ။ – ဘင်္ဂလားဒေရှ်နိုင်ငံတွင် မိခင်နိုင်ငံအဖြစ်နေထိုင်ခြင်း၊တိုင်းရင်းသားအဖြစ်ခံယူခြင်း၊ နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသည်။မြန်မာနိုင်လွတ်လပ် ရေးရပြီးနောက်ပိုင်းတွင် ဗုဒ္ဒဘာသာတူ ရခိုင်သား များ ရခိုင်ပြည်အတွင်းခိုးဝင်လာသူများကို ဥပဒေကို မျက်ကွယ်ပြုပြီး မှတ်ပုံတင်၊သန်းခေါင်စရင်းပြုလုပ် ပေးထား သော် လည်း ၎င်းတို့၏ နောက်ခံ မျိုးရိုဒစဥဆက်ဇယားများနှင့် အထောက်အထားများကို စစ်ဆေးလျှင် နိုင်ငံခြားသားဖြစ်ကြောင်း အထင်အရှားသိရှိနိုင်ပါသည်။ဒေါ်စုပြောဆိုသကဲ့သို့ ၎င်းတို့သည် ရခိုင်ပြည်ဖွားတိုင်း ရင်းသား ဟု ဆိုနိုင်ပါသလား။ရှင်းပြပေးပါ။
၎ ။ –  ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေအရ တိုင်းရင်းသာ ဟုအဓိပ္ပါယ်ဖွင့်ဆိုရာတွင် ၁၈၂၃ မတိုင်မီ က မြန်မာနိုင်ငံတွင် ပင်ရင်းနိုင်ငံ အဖြစ်နေထိုင်သူများသည် တိုင်းရင်းသားများဖြစ် သည်ဟု ဆိုထား သည်။ ထို့ကြောင်း ရိုဟင်ဂျာ လူမျိုးတစ်စု သည် ၁၈၂၃ မတိုင်မီကတည်းက မြန်မာနိုင်ငံတွင် ပင်ရင်း နိုင်ငံ အဖြစ် နေထိုင်ကြောင်းအထောက်အထားခိုင်လုံစွာတင်ပြလျှင် တိုင်းရင်းသားဖြစ်ခွင့်ရှိမရှိ ဖြေကြားပေးပါ။
၅ ။ – ၁၉၇၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ တိုင်းရင်းသား ( ၁၄၄ ) မျိုးရှိ၍ အစ္စလာမ်ဘာသာ နှင့်ဆိုင်သော လူမျိုး(၅) မျိုးသည်။မြန်မာ မွတ်ဆလင် သည် ဘာသာနှင့်တွဲဘား၍ လူမျိုးမဖြစ်နိုင် ဟု ဖြုတ်ချခဲ့သော်လည်း (မြေဒူး)ကဲ့သို့အစ္စလာမ်ဘာသာမတွဲထားသေအမည်ကိုအဘယ်ကြောင်းဖြုတ် ချ သနည်း။ ဥပဒေအရ ရှင်းပြပေးပါ။
၆ ။ -  ၁၉၇၂ ခုနှစ်ပြည်ထဲရေးဝန်ကြီးဌာန နိုင်ငံခြားသား စာရင်းတွင် ဒိုင်းနက်လူမျိုးကို ထည့်သွင်း ဖေါ်ပြထားသည်။၎င်း ဒိုင်းနက်လူမျိုး ကို တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးထဲတွင်ပါဝင်သည်ဟု ထည့် သွင်း ဖေါ် ရခြင်းမှာ ဗုဒ္ဓဘာ သာ ဖြစ်၍လား (သိုမဟုတ်) အခြား ဥပဒေကြောင်း အရလား ဆို သည်ကို ဥပဒေအကြောင်းအရဖြေကြား ပေးပါ။
၇ ။ – လူမျိုးတစ်မျိုးသည် ကမ္ဘာသမိုင်း မှာရော ၊မြန်မာ့ သမိုင်းမှာ ပါ မရှိသော အမည်နာမ တစ်ခု (ဥပမာ- မြန်မာကြီး သို့မဟုတ် မာရမာကြီး) သည် တိုင်းရင်းသားလူမျိုး(၁၃၅)မျိုးထဲတွင် ထည့်သွင်း ရခြင်းမှာ ဗုဒ္ဓဘာ သာဖြစ်၍လား (သိုမဟုတ်) အခြားဥပဒေကြောင်း အရလားဖြေကြား ပေးပါ။
၈ ။ – လူမျိုးစုတစ်စု၏ အမည်နာမကို ၎င်းလူမျိုးကသာသတ်မှတ်ခွင့် ရှိပါသည်။အခြား တစ်ဖွဲ့က နှိမ့်ချသည် အနေဖြင့် အတင်းအဓမ္မ သတမှတ်၍မရပါ။ ဥပမာ တစ်ချိန်က ရခိုင်ပြည်နယ်တွင်ယခင်က (မောဂ်) ဟုခေါ်ဆိုသောအမည် ကို ယခု( ရခိုင်) လူမျိုးဟု ၎င်းတို့သဘော ဆန္ဒအလျှောက် သတ်မှတ် ခဲ့ခြင်းဖြစ်သည်။ ဟုတ်မဟုတ်ဒေါ်စုဖြေကြားပေးပါး။
၉ ။ – မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးစုတစ်ရှိခဲ့ကြောင်း ၁၇၉၉  ခုထုတ် (   )စာအုပ်တွင် လည်းကောင်း၊အခြားအထောက်အထားများအရလည်းကောင်းခိုင်လုံစွာတင်ပြခဲ့သော်လည်း ရခိုင်ပြည် ရှိ – ရိုဟင်ဂျာမွတ်ဆလင်များကို ဘင်္ဂါလီ ဟု အဓမ္မ သတ်မှတ်ခြင်းမှာ အစ္စလာမ် ဘာသာ ကိုးကွယ် သူများကို တန်းတူ အခွင့်အရေးပေးချင်လို့ တိုင်းတစ်ပါးသားအဖြစ်သတ်မှတ်ကာ ဒုတိယအဆင့် နိုင်ငံသား အဖြစ်ဖန်တီးယူနေခြင်းဖြစ်သည်။သို့ဖြစ်ရာ ဤကဲ့သို့ပြုလုပ်သည် တရားမျှတမှုရှိပါသလား။ ဥပဒေကြောင်းအရ ရှင်းပြပါ။
၁၀ ။ – ရခိုင်ပြည်ရှိမွတ်ဆလင်များသည် ရခိုင်ဘုရင်လက်ထက်ကတည်းက ရှိခဲ့သည်ကို သမိုင်း အထောက် အထားအရ ခိုင်လုံနေပါသည်။( စာတမ်းကိုဖတ်ပါ)
ထိုလူများသည် ဘင်္ဂါလီမဟုတ်ဘဲ နိုင်ငံတော် အစိုးရက ဘင်္ဂလီ ဟု အဒမ္မ သတ်မှတ်ရန်ကြိုးစားလျက် ရှိသည်။ကာယကံရှင်က ရိုဟင်ဂျာ ဆိုလျှင် လ၀က က ဘင်္ဂလီဟုအဓမ္မရေးသားခြင်းမှာ လူ့အခွင့်ရေး ချှိုးဖေါကင်ခြင်းဖြစ်သည်။တနည်းအားဖြင့် ဘင်္ဂလီ သတ်မှတ်ခြင်းသည် နိုင်ငံခြားသား လူမျိုး ဟုရေး သားခြင်းနှင့် အတူတူပင်ဖြစ်သည်။ဤကဲ့သို့ လူမျိုးတစ်မျိုးကို အဓမ္မသတ်မှတ်ခြင်းမှာ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီလား။သို့မဟုတ် ညဗုဒ္ဒဘာသာ မဟုတ်သူများကို လူမျိုးတုန်းသွား လုပ်ဆောင် တားလား ဖြေကြားပေးပါ။
၁၁ ။ -  ၁၉၄၇ ခု ဖွဲ့စည်းပုံ ဥပဒေ အရသော်လည်းကောင်း၊၁၉၇၄ ခု ဖွဲ့စည်းပုံ ဥပဒေအရ သော်လည်း ကောင်း ၁၉၄၈  Citizenship law နိုင်ငံသားဥပဒေ အရသော်လည်းကောင်း၊ ၁၉၄၇ ခု Residence and Registration Act  အရသော်လည်းကောင်းရိုဟင်ဂျာလူမျိုးစုများသည် နိုင်ငံသား ဖြစ်ပြီးသော လူမျိုးစုများဖြစ်သည်။ထို့ကြောင်း  ၁၉၈၂ မြန်မာနိုင်ငံသား က ဥပဒေကို အသစ်ပြဌာန်းပြီး ရိုဟင်ဂျာ လူမျိုးစု၏ အခွင့်အရေးကိုအာဏာ နောက်ကြောင်းပြန်သက် ရောက်စေကာ အခွင့်အရေး ရုပ်သိမ်းခွင့် ရှိပါ သလား။
၁၂ ။ – ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေသည် နိုင်ငံတကာ စံချိန်စံညွန်း နှင့်လုံဝမညီကြောင်း ပြည် တွင်း၊ ပြည်ပ ပညာရှင်များက ကန့်ကွက်တင်ပြထားသည်။ ၎င်းနိုင်ငံသားဥပဒေ ကိုပြင်ဆင်ရေး သား ခြင်း မပြုဘဲ ဆက်လက်ဆောင်ရွက်လျှင် ရိုဟင်ဂျာမွတ်ဆလင်အားလုံးတရား မျှတသောအခွင့် အရေးကို မရ ရှိနိုင်။ အပြည်ပြည်ဆိုင် ရာ လူ့အခွင့်အရေးကျေညာ စာတမ်းနှင့်လည်း ဆန့်ကျင် နေသည်။ ထို့ကြောင်းမြန်မာနိုင်ငံသား ဥပဒေအရဆက်လက်ဆောင်ရွက်လျှင်တရားမှတာမှုရှိနိုင် ပါသလား။
၁၃ ။ – ဦးနုအစိုးရကကက်ဘိနက်ဝန်ကြီးအစည်းအဝေးအဆုံးအဖြတ်ဖြင့်အသိအမှတ်ပြုထားသော (ရိုဟင်ဂျာ) လူမျိုးစုနာမည် တစ်ခုကိုအတင်းအကျပ်ပယ် ဖျက်ပြီး ၎င်းလူ မျိုးစုနှင့်မသက် ဆိုင်၊ ၎င်းလူမျိုးစုက လက်မခံသော အခြားနိုင်ငံခြား အမည်(ဘင်္ဂလီ) ဟုအမည်တစ်ခုကို အတင်း အကျပ်ပြုလုပ် ၍ မည်ခေါ်ခွင့်ရှိပါသလား။

 ရိုဟင်ဂျာ လုမျိုးစုနှင့်ပါတ်သက်၍ အကိုအကားအကျဉ်းချုပ် တင်ပြရလျှင် -

(၁၄) ၁၉၅၄ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့ ည ၈ နာရီအချိန် – နိုင်ငံတော်ဝန်ကြီး ချုပ်ဦးနု ၏ အသံ လွှင့်မိန့်ခွန်း တွင်မောင်တောနှင့်ဘူးသီး တောင်မြို့နယ်များတွင်နေထိုင် လျက် ရှိသောပြည် ထောင်စု သား များ သည်များသောအားဖြင့် ရိုဟင်ဂျာအမျိုး သားဖြစ်ကြ သည်ဟုအသိအမှတ်ပြု ခဲ့သည်။
(၁၅) နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဦးဗဆွေမှ ၁၉၅၉ ခုနှစ် နိုဝင်ဘာလ (၃) ရက်နှင့် (၄) ရက်နေ့များတွင် ဘူးသီးတောင်နှင့် မောင်းတောမြို့ လူထုအစည်း အဝေး များတွင်ရိုဟင်ဂျာများ သည် ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်းတိုင်းရင်း သား ကဲ့သို့ တိုင်းရင်းသား လူမျိုး စု တ စု ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့ သည်။
(၁၆) နိုင်ငံတော်ဝန်ကြီးချုပ်ရုံးလက်အောက်နယ်ခြားဒေသအုပ်ချုပ်ရေးရုံး ကြေငြာချက် (ရက်စွဲ – ၂၀. ၁၁. ၆၁) တွင်မေယုဒေသအတွင်းနေ ထိုင်ကြသူများ ခဲ့သည်တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုး များဖြစ် ကြောင်း ပါ ရှိ သည်။ (မေယုဒေသ = ယခုမောင်းတောခရိုင်)
(၁၇) ၁၉၆၁ မေလ (၁၅) ရက်နေ့မှစ၍ ၁၉၆၅ မတ်လအထိ မြန်မာ့အသံတိုင်း ရင်းသား လူမျိုးများ ဘာသာ စကားအစီ အစဉ်တွင် တပတ်လျှင် (၁၀) မိနစ်ကျစီ (၃) ကြိမ်၊ ညနေ ၅း၃၀ နာရီတွင် ရိုဟင်ဂျာ ဘာသာစကားဖြင့် အသံလွှင့်ပေး ခဲ့ပါသည်။ (နှစ်သုံးဆယ် မြန်မာ့  အသံ – ဦးကျော်ငြိမ်း မာတလိ)
(၁၈) စာပေဗိမာန်ထုတ် မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၉) စာမျက်နှာ ၈၉-၉၀ တွင် ၁၉၆၄ ခုနှစ်တွင် ရခိုင်တိုင်းမြောက်ပိုင်း   မေယုခရိုင်တွင် လူဦးရေ (၅၀၀၀၀၀) ငါးသိန်းခန့်ရှိပြီး ၇၅%သည် ရိုဟင်ဂျာ လူမျိုးများဖြစ်သည် ဟူ၍ အကျယ် တ၀န်းရေးသားဖော်ပြထားသည်။
(၁၉) ကာကွယ်ရေးဌာနမှထုတ်ဝေသော တပ်မတော်ခေတ်ရေးစာစောင် အတွဲ (၁၂) အမှတ် (၆) (၁၈.၇.၆၁) နှင့် (၈.၈.၆၁) နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) တို့တွင်မေယု ခရိုင်၊ မောင်းတော၊ ဘူးသီး တောင်၊ ရသေ့တောင် အနောက်မြောက်မြို့ နယ်များ တွင် အများစုအားဖြင့် ရိုဟင်ဂျာလူမျိုးများ နေ ထိုင် ကြပြီး၊ လူနည်းစုမှာ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမီ စသောလူနည်းစုများ စွာပါဝင်နေထိုင် သည့်ခရိုင် ဒေသ တခုဖြစ်ပါသည် ဟူ၍ဖော်ပြပါ ရှိပါသည်။
(၂၀) ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်မှူးချုပ်အောင်ကြီး၏ (၈.၇.၆၁)   ပြောကြားသော မိန့်ခွန်း တွင် “ကျွန်ုပ်တို့ ဒီခရိုင်မှာနေထိုင်တဲ့လူတွေကို ရိုဟင်ဂျာ လို့ခေါ်ပါ တယ်။ မေယုခရိုင်၏ အနောက် ဘက် တွင် ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်) ရှိပြီး မွတ်ဆလင် များနေကြပါတယ်။ အနောက်ဘက် မှာနေ သူများ ကို ပါကစ္စတန်ဟုခေါ်ပြီး၊   မြန်မာပြည် မှာရှိသူများကို ရိုဟင်ဂျာလို့ခေါ်တယ်။ မြန်မာ၊ ပါကစ္စတန် နယ်စပ် တခုတည်း မှာ သာ လူမျိုးတမျိုး တိုင်းပြည်ခြား၍ နေကြသည်မဟုတ်၊ တရုတ်နှင့် ဆက်စပ် နေသော နယ်စပ်တွင်လည်း ဤသို့လူမျိုးချင်း ဆက်စပ်နေကြသည်။ ဥပမာ – ကချင်မှာ လီဆူး၊ အီကော၊ လ၀ စသည့်လူမျိုးများရှိသလို တရုတ်ပြည်တွင်လည်း ၄င်းလူမျိုးများ ရှိသည်။ ထို  နည်းတူ မြန်မာပြည်တွင်းရှိ ရှမ်းလူမျိုးများရှိသလို တရုတ်ပြည်တွင်လည်း တိုင် ဆိုသော ရှမ်းလူမျိုး များရှိကြပါသည်။ မြန်မာပြည်တွင် မွန်၊ ကရင်၊ မလေးရှိသလို ယိုးဒယား ဘက်တွင်လည်း ထိုလူမျိုးများ ရှိကြပါ သည်။ အိန္ဒိယ-မြန်မာ နယ်စပ် တွင်လည်း ချင်း၊ လီရှော၊ နာဂလူမျိုးများ မြန်မာနိုင်ငံထဲမှာရှိသကဲ့သို့ အိန္ဒိယနိုင်ငံ မှာ လည်း ရှိကြ သည်။ အဲဒီ တော့ ဒီနေ့ဒီအချိန်ကစပြီး ကျွန်တော်ပွင့်ပွင့် လင်းလင်းပြောချင် တယ်။မေယုခရိုင်ကို ပြည်ထောင်စုထဲမှာရှိတဲ့ လူနည်းစုတစု လို့သ ဘော  ထားမယ်။ အဲဒီတော့အရင်တုန်းက ကျွန်တော် တို့မှားခဲ့တာတွေရှိရင် ခင်ဗျားတို့အားလုံးမေ့ကြ၊ ဒီအချိန်ကစပြီး ခင်ဗျားတို့ မေယု ခရိုင်က လူတွေဟာ တို့ဗမာပြည်ထောင် စုသား၊ တို့ဗမာပြည်ထောင်စု ထဲက လူမျိုးစုတစုလို့ သဘော ထားကြပါ။ “ စသည်ဖြင့် အကျယ် တ၀န့်ပြောကြားခဲ့သည်။
(၂၁) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာနမှ ၁၉၇၈ ခုနှစ် ထုတ်မြန် မာနိုင်ငံ အထက်တန်း ပထ၀ီဝင်ဖတ်စာအုပ်၊ စာမျက်နှာ ၈၆ တွင်တိုင်း ရင်း သား လူမျိုး များပြန့် နှံ့ နေ ထိုင်ကြပုံပြရာမှာ ရခိုင်မြောက်ပိုင်းဒေသကို ရိုဟင်ဂျာ များနေ ထိုင် ရာဒေသ အဖြစ်ပြ သထား ပါသည်။
(၂၂) ရန်ကုန်တက္ကသိုလ်တွင် ရိုဟင်ဂျာကျောင်းသား၊ ကျောင်းသူအသင်း အဖွဲ့လည်း ထူထောင် ခွင့်လျှောက် ထားခဲ့ရာ ၃.၁၂.၅၉ ရက်စွဲပါ မှတ်ပုံတင်အမှတ် ၁၁၂/၅၉ ဖြင့် “This is to certify that Rangoon University Rohingya Student Association is one of the Registered Associations of the University of Rangoon for the academic year 1959-1960” ဟူ၍မှတ်ပုံတင် ခွင့်ရ ရှိခဲ့သည်။
(၂၃) ၁၉၆၀ ပြည့်နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ရိုဟင်ဂျာရိုးရာ ယဥ် ကျေး မှုပြပွဲကို သိမ်ဖြူအားကစားပြိုင်ဝင်းအတွင်းကျင်းပပေးခဲ့ရာ ရိုဟင်ဂျာ ယဉ်ကျေး မှုပြပွဲ တခုဖြစ်သော ကျင် ပွဲကိုပြ သခွင့်ရရှိခဲ့ပါသည်။
(၂၄) မြန်မာအသံ (၂၅) နှစ်မြောက်ငွေရတုသဘင်အဖြစ် ၁၉၇၁ ဖေဖော်ဝါရီလတွင် သော တ ရှင်မဂ္ဂဇင်းကို ထုတ်ဝေခဲ့ရာ စာမျက်နှာ ၅၅ တွင် ၁၉၄၇ ခုနှစ်မှစ၍ တိုင်းရင်း သား ဘာသာစကား အဖြစ်စတင်အသံလွှင့်ခွင့်ပြုသည့်ရက်စွဲများကိုဖော်ပြရာတွင်၁၉၄၇တင် ရှမ်း နှင့်ကချင်ဘာသာ၊ ၁၉၄၉ တွင်စကောကရင်နှင့် ပိုးကရင်ဘာသာ၊ ၁၉၅၉ ခုနှစ် တွင် ချင်း ဘာသာ၊ ၁၉၆၁ တွင် မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာနှင့်ကယား ဘာသာတို့ အသံ လွှင့်ခဲ့ကြောင်းဖော်ပြထားသည်။ မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာ ဘာသာတို့ဖြင့် အသံ လွှင့်ခွင့်ကို ၁၅.၅.၆၁ နေ့မှစ၍ခွင့်ပြုခဲ့ပြီး ၁.၁၀.၆၅ နေ့တွင် ရပ်ဆိုင်း ခဲ့သည်။
(၂၅) ၁၉၆၀ ခုနှစ် ပြည်ထောင်စုနေ့တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြပွဲကို အောင်ဆန်း အားကစား ကွင်းတွင် နိုင်ငံတော်မှကျင်းပခဲ့ရာ ရိုဟင်ဂျာရိုးရာကျင်ပွဲခေါင်းစဉ်ဖြင့် တခမ်း တနား ကျင်းပခွင့်ပြု ခဲ့သည်။
(၂၆) ၂၀.၁၁.၆၀ နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် နယ်ခြားဒေသအုပ်ချုပ်ရေးရုံးမှ နယ်ခြား ဒေ သအုပ်ချုပ်ရေးအရာရှိ ရခိုင်တိုင်းမင်းကြီးနှင့်အဖွဲ့ဝင်များ မေယုနယ်ခြား ခရိုင် သို့ ရောက်ရှိခဲ့ကြရာ ရိုဟင်ဂျာ များမှလှိုက်လှဲစွာ ကြိုဆိုကြကြောင်း၊ သူရသတ္တိရှိ သူများဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကို မြတ်နိုးလိုလားပြီး သစ္စာရှိသောစိတ်ဝင် စားဖွယ် ပြည်ထောင်စု ၏လူမျိုး တမျိုးဖြစ်ကြောင်းဖော်ပြခဲ့ သည့်အပြင်မြန်မာ့အသံ(ရေဒီယို  အစအ စဉ်) မှလည်း ထိုအကြောင်းအရာကိုထုတ်လွှင့်ခဲ့သည်။
(၂၇) ၁၈.၇.၆၁ ရက်နေ့ထုတ် တပ်မတော်ခေတ်ရေးစာစောင် အတွဲ (၁၂) အမှတ် (၆) စာစောင်တွင် “မေယုနယ်မှလေ ဘယ်လိုအခြေရှိပါလိမ့်” ခေါင်းစဉ်ဖြင့်ရေးသားခဲ့သည်။ ထိုဒေသ၏ လူအများစုသည် ရိုဟင်ဂျာဖြစ်ကြောင်းရေးသားခဲ့သော ဆောင်းပါးဖြစ်သည်။
(၂၈) ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးနှင့်စိတ်ဓါတ်ရေးရာညွှန်ကြားရေးမှူးရုံး ၁၉၆၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော တပ်မတော်ခေတ်ရေးစာစောင် (၂) စောင်အနက် ၈.၈.၆၁ နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) တွင် “ပျောက် ဆုံးနေသော ညီအစ်ကိုတစ်ဦးကို ရှာတွေ့သည့်ပမာနှယ်” ခေါင်းစဉ်ဖြင့် ဘူး သီးတောင်၊ မောင်းတော တွင် ရိုဟင်ဂျာလူမျိုး ၉၇% ရှိကြောင်းရေးသားခဲ့သည်။
    နိုင်ငံတော်သမ္မတက နိုင်ငံစံချိန်စံညွန့်ကိုက်ညီအောင်ဆောင်ရွက်ပေးပါမည်ဟုဆိုထားသော်လည်း ရခိုင်ပြည်ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာ များကို အတင်းအဓမ္မ ဘင်္ဂဂါလီ ရေးသားသည် တရား
သလော၊လူ့အခွင့်ချိုးဖေါက်သလော။ယခုအချိန်တွင် ဒုက္ခသည်များကို စားနပ်ရိက္ခာများ ဖြည့်ဆည်းမပေး ဒုက္ခ ရောက်ရောက်ချိန်တွင် ဘင်္ဂါလီ အဖြစ် သွတ်သွင်းနေသည်မှာ တရာသလောာ။
ဆက်နွယ်သည့်ဆောင်းပါးများ
၁ ။ – ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေအရ တိုင်းရင်းသာ ဟုအဓိပ္ပါယ်ဖွင့်ဆိုရာတွင် ၁၈၂၃ မတိုင်မီ က မြန်မာနိုင်ငံတွင် ပင်ရင်းနိုင်ငံ အဖြစ်နေထိုင်သူများသည် တိုင်းရင်းသားဖြစ် သည်ဟု ဆိုထား သည်။ ထို့ကြောင်း ရိုဟင်ဂျာ လူမျိုးတစ်စု သည် ၁၈၂၃ မတိုင်မီကတည်းက မြန်မာနိုင်ငံတွင် ပင်ရင်းနိုင်ငံအဖြစ် နေထိုင်ကြောင်းအထောက်အထားခိုင်လုံစွာတင်ပြလျှင် တိုင်းရင်းသားဖြစ်ခွင့်ရှိမရှိ ဖြေကြားပေးပါ။ ?
၂ ။ – ၁၉၇၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ တိုင်းရင်းသား ( ၁၄၄ ) မျိုးရှိ၍ အစ္စလာမ်ဘာသာ နှင့်ဆိုင်သော လူမျိုး(၅) မျိုးသည်။မြန်မာ မွတ်ဆလင် သည် ဘာသာနှင့်တွဲဘား၍ လူမျိုးမဖြစ်နိုင် ဟုဖြုတ်ချခဲ့သော်လည်း (မြေဒူး)ကဲ့သို့အစ္စလာမ်ဘာသာမတွဲထားသေအမည်ကို အဘယ် ကြောင်း
ဖြု တ်ချသနည်း။
နိုင်ငံသားဥပဒေကိစ္စနှင်ဆွေးနွေးသူ Dr. ရင်ရင်နွယ် က ကျွန်မ မသိ ပါ ဟုဖြေကြားသည့်အတွက်ဒေါ်စု တရားဥပဒေ စိုးမိုးရေးနျင့်တည်ငြိမ်အေးချမ်းရေး ဥက္ကဌ အနေဖြင့်ဖြေကြားပေးပါ။
၃ ။ -  ၁၉၇၂ ခုနှစ်ပြည်ထဲရေးဝန်ကြီးဌာန နိုင်ငံခြားသား စာရင်းတွင်ဖေါ်ပြထားသော ဒိုင်းနက်လူမျိုး ကို တိုင်းရင်းသားလူမျိုး(၁၃၅)မျိုးထဲတွင်ထည့်သွင်းရခြင်းမှာဗုဒ္ဓဘာသာဖြစ်၍လား (သိုမဟုတ်) အခြားဥပဒေကြောင်းအရလားဖြေကြားပေးပါ။
၎ ။ – ကမ္ဘာသမိုင်း မှာရော ၊မြန်မာ့ သမိုင်မှာ ပါ မရှိသော အမည်နာမ တစ်ခု (မြန်မာကြီး သို့မဟုတ် မာရမာကြီး) သည် တိုင်းရင်းသားလူမျိုး(၁၃၅)မျိုးထဲတွင် ထည့်သွင်းရခြင်းမှာ ဗုဒ္ဓဘာ သာဖြစ်၍လား (သိုမဟုတ်) အခြားဥပဒေကြောင်းအရလားဖြေကြားပေးပါ။
၅ ။ – ၁၉၄၇ ခု ဖွဲ့စည်းပုံ ဥပဒေ အရသော်လည်းကောင်း၊၁၉၇၄ ခု ဖွဲ့စည်းပုံ ဥပဒေအရ သော်လည်း ကောင်း ၁၉၄၈  Citizenship law နိုင်ငံသားဥပဒေ အရသော်လည်းကောင်း၊ ၁၉၄၇ ခု Residence and Registration Act  အရသော်လည်းကောင်းရိုဟင်ဂျာလူမျိုးစုများသည် နိုင်ငံသား ဖြစ်ပြီးသော လူမျိုးစုများဖြစ်သည်။ထို့ကြောင်း  ၁၉၈၂ မြန်မာနိုင်ငံသား က ဥပဒေကိုအသစ်ပြဌာန်းပြီးရိုဟင်ဂျာ လူမျိုးစ၏အခွင့်အရေးကိုအာဏာနောက်ကြောင်းပြန်သက်ရောက်စေကာ အခွင့်အရေး ရုပ်သိမ်းခွင့်ရှိပါ သလား။
၆ ။ – ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေအရ တိုင်းရင်းသာ ဟုအဓိပ္ပါယ်ဖွင့်ဆိုရာတွင် ၁၈၂၃ မတိုင်မီ က မြန်မာနိုင်ငံတွင် ပင်ရင်းနိုင်ငံ အဖြစ်နေထိုင်သူများသည် တိုင်းရင်းသားဖြစ် သည်ဟု ဆိုထား သည်။သို့သော် မြန်မာနိုင်ငံလွတ်လပ် ရေးရပြီးအချိန်မှ ယနေ့အချိန်ထိ ဘင်္ဂလားဒေရှ် မှ ခိုးဝင် လာသော ဗုဒ္ဓဘာ သာ ရခိုင်ဘင်္ဂလီ များကို မှတ်ပုံတင်ထုတ် ပေးခြင်း၊သန်းခေါင် စာရင်းသွင်းပေးခြင်း မှာ ဥပဒေကြောင်းအရလား။(သို့မဟုတ်) ဗုဒ္ဓ ဘာသာဖြစ်၍လား။
မှတ်ချက်။  ။ ရခိုင်ဘင်္ဂလီများ ခိုးဝင်လာသူများလက္ခဏာအချို့မှာ-
၁ ။ -ဘင်္ဂလားဒေရှ်မှ ခိုးဝင်လာသူများ၏ ညာဖက်မောင်းတွင် ကျောက်ဆေးထိုးထားသော အမာရွတ်ရှိနေခြင်း။
၂  ။  – ခိုးဝင်လာသူအသက် ၇၀ ၊၈၀ လူကြီးများ ကိုင်ဆောင်ထားသော မှတ်ပုံတင်အမှတ်မှာ ၁၉၅၇ ခုနှစ်က ထုတ်ပေးခဲ့သော အင်္ဂလိပ်အက္ခရာ ၂ လုံး(ဥပမာ စစ်တွေဆိုလျှင်မူလအင်္ဂလိပ်အက္ခရာ AH ဖြစ်ကြောင်း၊နောက်မှ ထုတ်ပေးအင်္ဂလိပ်အက္ခရာ AKB ဖြစ်သည်။) သင်္ကေတမဟုတ်ဘဲ နောက်ပိုင်းမြို့နယ်အလိုက် အမည် ထုတ်ပေးသောအက္ခရာ(၃) လုံး သင်္ကေတ(ဥပမာ -  စစ်တွေဆိုလျှင် AkB ) ဖြင့် ကိုင်ဆောင်ခြင်း။
၎င်း Dr. ရင်ရင်နွယ် က ကျွန်မ ရွေးကောက်ပွဲ ဥပဒေမလေ့လာဘူး။ ဧည့်နိုင်ငံသား၊  ပြုနိုင်ငံသား လုပ် ပေ နိုင် ကို ကျွန်မ မသိပါ ဟုဖြေသွာသည်။

ရခိုင်ပြည်နယ်အရေး ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားများ ကြေညာချက်ထုတ်

 9-11-2012
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တချို့က ရခိုင်ပြည်နယ် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အစိုးရအနေဖြင့် လက် တွေ့ ကျသည့် ဖြေရှင်းမှု အမြန်ဆုံး အကောင်အထည်ဖော်ရန် ကြေညာချက် ထုတ်ပြန် တိုက်တွန်း လိုက် သည်။
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အမြန်ဆုံး ပြန်လည်ရရှိရန် အစိုးရအနေဖြင့် “ပဋိပက္ခများ ဖြစ် ပွားနေသော၊ ပဋိပက္ခများ ဖြစ်နိုင်ခြေရှိသော ဒေသများတွင် လုံခြုံရေး လိုအပ်ချက်အရ တပ်ဖွဲ့ဝင်များ အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေး အစီအစဉ်များ အဆင့်တိုးမြှင့်ခြင်းတို့ကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ရန် လိုအပ် ပါသည်” ဟု ယမန်နေ့ နေ့စွဲဖြင့် ကြေညာချက်တွင် ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များသည် နေပြည်တော်တွင် နိုဝင်ဘာလ ၅ ရက် နေ့ က ရခိုင်ပဋိပက္ခကိစ္စ အပြန်အလှန် အကြိတ်အနယ် ဆွေးနွေးပြီးနောက် ဤသဘောထား ကြေညာချက် ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အရေးသည် ပြည်ထောင်စု အရေးဖြစ်၍ လွန်ခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ပြည် သူ့ လွှတ်တော်၌ အရေးအကြီး အဆိုအဖြစ် တင်ပြဆွေးနွေးခဲ့ကြောင်း၊ ပဋိပက္ခနှင့် စပ်လျဉ်း၍ ပြည် ထောင်စု ဖွား ဌာနေ တိုင်းရင်းသား ရခိုင်လူမျိုးများ၏ စိုးရိမ်ပူပန်ကြောင့်ကြမှုများကို အသိအမှတ် ပြုရမည်ဖြစ် ကြောင်း လည်း ဖော်ပြထားသည်။
“သာမန် ဆူပူလှုပ်ရှားမှုဖြစ်စဉ်များမှ လက်နက်ကိုင် အကြမ်းဖက်မှုအခြေအနေသို့ ကူးပြောင်းတော့မည်တို့ကို နိုင်ငံပိုင် သတင်းစာများမှတဆင့် သိရှိရ” ကြောင်း၊ “လူများစုနှင့် လူနည်းစု ဟူ၍လည်းကောင်း၊ လူမျိုးရေးနှင့် ဘာ သာရေးကို အခြေခံ၍လည်းကောင်း၊ ခွဲခြားဆက်ဆံခြင်း မပြုဘဲ လူသားအားလုံးက လူ့အခွင့်အရေးများကို လေးစားလိုက်နာကြရန် တာဝန်ရှိကြောင်း” လည်း ကြေညာချက်က တိုက်တွန်းထားသည်။
နော်ဝေနိုင်ငံနှင့် ဥရောပ ခရီးစဉ်တလျှောက် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ ဆန္ဒပြ ကန့် ကွက်မှုတချို့နှင့် ပြင်းထန်သော မေးခွန်းများစွာကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ယင်းခရီးစဉ်အတွင်း ဒေါ်အောင် ဆန်း စုကြည်က ရခိုင်ပဋိပက္ခအပေါ် တရားဥပဒေစိုးမိုးရေး မရှိ၍ ယခုကဲ့သို့ ဖြစ်ရကြောင်းသာ ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ကချင်စစ်ပွဲများကိစ္စအပေါ် သဘောထားတရပ် ရှင်းလင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုခြင်း မလုပ်ဆောင်ခဲ့ဟု ထောက်ပြဝေဖန်နေချိန်တွင် ပထမဆုံးအနေဖြင့် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တိုင်ရင်းသား အမတ်တချို့၏ သဘောထား ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဏာရှိသူလည်း မဟုတ်ပဲ အလွန်ခက်ခဲသိမ်မွေ့သည့် နေရာတွင် ရှိ နေခြင်းဖြစ်ပြီး အရာရာကို ထိမ်းထိမ်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းနေရသည်ကို နားလည်စေလိုကြောင်း NLD ပါတီ နာယကတဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က အစိုးရလည်း မဟုတ်ဘူး။ နောက်ပြီး ဒေါ်စုက တဖက်ဖက်က ရပ်ပြီး ပြောတာ မျိုးလည်း လုပ်မှာ မဟုတ်ဘူး။ သူ့နေရာက အလွန်သိမ်မွေ့တယ်” ဟု သူက ဆိုသည်။
ယခုကြေညာချက် ထွက်ပေါ်ရေး ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရခိုင်ပြည်နယ် ပဋိပက္ခ ပြဿနာ ချုပ်ငြိမ်းရေးနှင့် ဖြေရှင်းရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဆိုင်ရာ ကိစ္စများ စသည်ဖြင့် အကြိတ်အနယ် ဆွေးနွေးခဲ့ရကြောင်း သိရသည်။
“ရခိုင်ကိစ္စ ဆွေးနွေးပွဲမှာ ရခိုင်လွှတ်တော်အမတ်တွေက အတူယှဉ်တွဲနေထိုင်ဖို့ကိစ္စ ပြင်းပြင်းထန်ထန် ကန့် ကွက်မှု တွေကို တော်တော်ပြေလည်အောင် ဒေါ်အောင်ဆန်းစုကြည်က ညှိနှိုင်းဆွေးနွေးခဲ့ရတယ်လို့ သိရ တယ်” ဟု အမည်မဖော်လိုသူ လွှတ်တော်အမတ်တဦးက ဧရာဝတီကို ပြောသည်။
အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပဋိပက္ခများထပ်မံ မဖြစ်ပေါ်ရေး၊ ဒုက္ခသည်အရေးတို့ အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သိမ်မွေ့စွာ ညှိနှိုင်းခဲ့ရသည်ဟုလည်း သူကဆက်ပြော သည်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ ပြည်သူအား အသိပေးချပြရန်နှင့် ရခိုင်ပဋိပက္ခကို အစိုးရက မည်သည့်မူဝါဒနှင့် ကိုင်တွယ်ဖြေရှင်းမည် ဆိုသည်ကိုလည်း ပြည်သူအား အသိပေးရန် လိုအပ် သည်ဟုလည်း ကြေညာချက်တွင် ထောက်ပြထားသည်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် ဘင်္ဂါလီပေါင်း ၈ သိန်းဝန်းကျင်ခန့်နှင့် ပတ်သက်ပြီး အလွန်တင်းကျပ်မှုများ ရှိကြောင်းနှင့် တခြား အငြင်းပွားမှုများ ယနေ့အထိရှိနေပြီး နိုင်ငံမဲ့ဖြစ်နေသည့် ၄င်းတို့အား မြန်မာနိုင်ငံသား သတ်မှတ်ရေး၊ မသတ်မှတ်ရေး၊ အဆိုပါ ဥပဒေနှင့် ငြိစွန်းပါက မည်သို့ အရေးယူ ဆောင်ရွက်မည်တို့နှင့် ပတ်သက်၍ ရှင်းလင်းသဲကွဲမှု မရှိကြောင်း ထောက်ပြဝေဖန်နေကြသူများ ရှိသည်။
မကြာသေးမီကပင် အဆိုပါ နိုင်ငံသား ဥပဒေအား အသစ်ပြင်ဆင်ရေးဆွဲရေးကို အမျိုးသားလွှတ်တော်တွင် အဆိုတင်ခဲ့သော်လည်း ကန့်ကွက်ခံခဲ့ရပြီး လွှတ်တော်တွင် မှတ်တမ်းတင်ခြင်းသာ အဆုံးသတ်ခဲ့သည်။
နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော၊ အားပေးကူညီနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၊ အကြမ်းဖက် သူများ၊ ဥပဒေ ချိုးဖောက်သူများ၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများနှင့် စပ်လျဉ်း၍လည်း ဥပဒေ အရ ထ ရောက် စွာ စစ်ဆေး အရေးယူမှု၊ စီရင်ဆုံးဖြတ်မှုတို့ကို ပွင့်လင်းမြင်သာစွာ ပြည်သူအား အသိပေးရ မည်ဖြစ်ကြောင်း၊ လူသားချင်း စာနာထောက်ထားသော အကူအညီများနှင့် ပတ်သက်၍ အကူ အညီလိုအပ် နေသူ အားလုံးအတွက် ၂ ဦး ၂ ဖက် လက်ခံနိုင်သော နည်းလမ်းနှင့် အမြန်ဆောင်ရွက်ပေးရန် လိုကြောင်း၊ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်၍လည်း နယ်မြေ ထိစပ်နေသည့် ၂ နိုင်ငံ အစိုးရ များက တာဝန်ရှိကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထပ်မံဖြစ်ပွားခဲ့ရသည့် ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် အိုးအိမ်မဲ့ ဖြစ်ရသည့် လူပေါင်း ၃ သောင်းကျော်နှင့် လူပေါင်း ၈၉ ဦး သေဆုံးခဲ့ရသည့်အပေါ် အစိုးရ၏ ကိုင်တွယ်မှု မူဝါဒများကို ပွင့်လင်းမြင်သာမှုရှိရေး အစိုးရက ရှင်းလင်းပြောကြားရန် လိုအပ်ကြောင်းကြေညာချက်တွင် တောင်းဆိုထားသည်။
ယခင် မေလနှင့် ဇွန်လပိုင်းက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် လူ ၈၀ ခန့် သေဆုံးခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သူပေါင်း ၇၅၀၀၀ ခန့် ရှိခဲ့သည်။
မြန်မာနိုင်ငံသားဥပဒေလုပ်ထုံးလုပ်နည်းကို (၂၀-၉-၈၃)နေ့တွင် ထုတ်ပြန်ခဲ့ရာ ရခိုင်လူမျိုးပင်ဖြစ်လင့် ကစား အခြားနိုင်ငံအတွင်း ပင်ရင်းနိုင်ငံအဖြစ်အမြဲ နေထိုင်ကြသူများသည် တိုင်းရင်းသား မဟုတ် ကြောင်း၊ AD ၁၈၂၃ခုနှစ်နောက် ပိုင်းနိုင်ငံတော်အတွင်းသို့ ၀င်ရောက်နေထိုင်ကြသော အမည် တူ မျိုးနွယ်တူများသည်လည်း တိုင်းရင်းသား (မွေးရာပါနိုင်ငံသား)များ မဟုတ်ကြကြောင်း ပြဋ္ဌာန်းပါရှိ သည်။
သို့ရာတွင် ၁၉၇၅ခုနှစ် ပတ်ဝန်းကျင်က ဘင်္ဂလားဒေ့ခ်ျနေ လူ(၅၀၀၀၀၀)ခန့်မှာ ရခိုင်ပြည်တွင်းသို့ ၀င် ရောက်ပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးမှ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးထံသို့ ပေးပို့သည့်စာတွင် ၀န်ခံထားသည်။ ဘူးသီးတောင်မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ အသိအမြင်ရှိ နယ်စပ်ဒေသနေ ရခိုင်တိုင်းရင်းသားများ အမည်ခံ ဦးမြစိန် ထွန်းပါ (၅)ဦးတို့ ရန်ကုန်မြို့၊ ရခိုင်သဟာယအသင်းဥက္ကဋ္ဌနှင့် ရခိုင်သဟာယသတင်း စာစောင် စာ တမ်း အဖွဲ့ထံသို့ (၁၀-၁-၉၇)ရက်စွဲဖြင့် ပေးပို့သည့်စာတမ်းတွင်လည်း လွန်ခဲ့သော နှစ်-၂၀/၂၅နှစ် ခန့် က ဘင်္ဂလီများပြည်တွင်းသို့ ခိုးဝင်လာခြင်းမရှိဘဲ ခိုးထွက်သူများသာရှိကြောင်း၊ ၀င်လာသူများ မှာ ရခိုင်များသာဖြစ်ကြောင်း၊ ရခိုင်(၅)သိန်းခန့်ဝင်လာပြီး၊ ပြည်နယ်အနှံ့တွင်နေထိုင် ကြောင်း၊ အချို့ ရခိုင်ပညာတတ်များမှ တဖက်မှတတ်မြောက်လာသော ပညာရပ်ဖြင့် အစိုးရအဖွဲ့အစည်းများ၌ အမှုထမ်းနေကြဆဲဖြစ်ကြောင်း ထည့်သွင်းဖော်ပြပါရှိသည်။
 ဆက်လက်ဖေါ်ပြမည်။

No comments:

Post a Comment